အသားအရေလှပဖို့အတွက် ဝယ်သုံးရတဲ့ အလှကုန်ပစ္စည်းတွေက ဈေးကြီးလွန်းလို့ စိတ်ညစ်နေပြီလား။ သင့်အနေနဲ့ သဘာဝအတိုင်း အသားအရေလှပ ချင်တယ်၊ ဘယ်အလှကုန်ပစ္စည်းတွေကိုမှ အသုံးမပြုချင်ဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် အစားအစာတွေကို နေ့စဉ်စားသုံးပေးလိုက်ပါ။

ငရုတ်ပွအနီ

ငရုတ်ပွအနီ တစ်လုံးမှာ သင့်တစ်နေ့တာလုံးအတွက် လိုအပ်တဲ့ ဗီတာမင်စီဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ဗီတာမင်စီတစ်ခုတည်းမကပါဘူး။ အမျှင်ဓာတ်နဲ့ ဗီတာမင် B6 တို့လည်း ပါဝင်တာကြောင့် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ငယ်ရွယ်နုပျိုစေပါတယ်။ ဒါ့အပြင် ဝက်ခြံနဲ့ အမဲစက်များ မဖြစ်ပွားဖို့အတွက် ငရုတ်ပွအနီထဲမှာပါဝင်တဲ့ Carotenoids ဓာတ်က ကူညီပေးပါသေးတယ်။

ဆော်လမွန်ငါး

Salmon

ဆော်လမွန်ငါးက စိတ်ဖိစီးမှု၊ စိတ်လှုပ်ရှားမှုနဲ့ စိတ်ကျရောဂါ ခံစားရခြင်းတို့ကို တိုက်ဖျက်ပေးပါတယ်။ ဆော်လမွန်ငါးထဲမှာ ပါဝင်တဲ့ ဗီတာမင်ဒီဓာတ် က နှလုံးအားကောင်းစေခြင်း၊ အရိုးများကို ကျန်းမာကြံ့ခိုင်စေခြင်း၊ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာကို တိုးမြှင့်ပေးစေခြင်း စတဲ့ ကောင်းကျိုးတွေကိုလည်း ပေးစွမ်းပါတယ်။

အုန်းဆီ

အုန်းဆီထဲမှာ ဖက်တိအက်ဆစ်နဲ့ ဗီတာမင်အီးတို့ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် အသားအရေကို အစိုဓာတ်ဖြည့်ပေးပြီး အရေးအကြောင်းများ မဖြစ်ပေါ်အောင် ကာကွယ်ပေးပါတယ်။ ဟင်းလျာများ ချက်ပြုတ်ပြင်ဆင်တဲ့အခါ အုန်းဆီစစ်စစ်ကို အသုံးပြုနိုင်သလို ဘော်ဒီလိုးရှင်းအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

ဟင်းနုနွယ်

ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အာဟာရဓာတ်ကြွယ်ဝတဲ့ ဟင်းနုနွယ်မှာ သံဓာတ်၊ ဗီတာမင်အီး၊ ဗီတာမင်အေ၊ အမျှင်ဓာတ် မဂ္ဂနီစီယမ်ဓာတ်၊ ကလိုရိုဖီးလ်နဲ့ ဗီတာမင်စီတို့ ပါဝင်တဲ့အတွက်ကြောင့် အသားအရေပြဿနာမှန်သမျှကို ဖြေရှင်းပေးနိုင်ပါတယ်။

သင်္ဘောသီး

သင်္ဘောသီးမှာပါဝင်တဲ့ ဗီတာမင်စီ၊ ဗီတာမင် အီးနဲ့ Beta-Carotene တို့က ရောင်ရမ်းခြင်းနဲ့ ဝက်ခြံ၊ အမဲစက်တို့ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဗီတာမင် စီက နေရောင်ကြောင့် အသားအရေပျက်စီးခြင်းမှလည်း ကာကွယ်ပေးပါတယ်။

မုန်လာဥနီ

မုန်လာဥနီက မျက်စိအားကောင်းဖို့အတွက်တင်မကပါဘူး။ အသားအရေအလှအပအတွက်လည်း အထောက်အကူပြုနိုင်ပါတယ်။ မုန်လာဥနီမှာပါဝင်တဲ့ ဗီတာမင်အေက ဆဲလ်များ ပိုလျှံစွာ ထွက်ပေါ်နေခြင်း၊ အသားအရေတွင် ဆဲလ်သေများ စုပုံနေခြင်းတို့ကို ဖယ်ရှားပေးပြီး အသားအရေကို လှပစေ ပါတယ်။ ဒါ့အပြင် မုန်လာဥနီနေ့တိုင်း စားသုံးမယ်ဆိုရင်တော့ အရေပြားကင်ဆာဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

Source: Kcallife.com