အသက် ၁၀၀ နေဖို့ ဆိုတာထက် အသက်ရှည်ရှည် ၊ ကျန်းကျန်းမာမာ နေနိုင်ဖို့ အတွက် ပုံမှန် စားသုံးနေရမယ့် အစား အစာများ ဖြစ်ပြီး အောက်ပါအတိုင်း ဖော်ပြလိုက်ရပါတယ် ။

အသီးအရွက်များ

အသီးအရွက် ပုံမှန် စားသုံးဖို့ ဖြစ်ပါတယ်။ တစ်ရက်ကို အသီးနဲ့ အရွက် ငါးမျိုးလောက် စားသင့်တယ်လို့ တိုက်တွန်း ပါတယ် ။ ငါးမျိုး ဆိုတာထက် အစိမ်းရောင် ဟင်းသီး၊ ဟင်းရွက်ကို များများစားဖို့ ဆိုလိုရင်း ဖြစ်ပြီး အသည်း၊ နှလုံး၊ ကင်ဆာနဲ့ ဆက်စပ်ရောဂါများ မဖြစ်အောင် အဓိက ကာကွယ် တားဆီးပေးတဲ့ အစားအစာ ဖြစ်ပါတယ် ။

ဒိန်ချဉ်

အဆီထုတ်ပြီး ဒိန်ချဉ် ကို နေ့စဉ် သောက်သုံးခြင်းဖြင့် ကိုယ်ခံအား ကောင်း စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အခြား ရောဂါ ဘယများ မဝင်ရောက်နိုင်သလို အဆီချရန် နည်းလမ်း တစ်ခုလည်း ဖြစ်ပါတယ် ။

ညစာအတွက် ငါးဟင်း

တစ်ပတ်ကို ငါးဟင်းလျာ ၂ ကြိမ်မှ ၃ ကြိမ်လောက် ပုံမှန် စားသုံးဖို့ ဖြစ်ပါတယ် ။ ငါးဆီများတဲ့ ဆောလမွန်ငါးတို့လိုက အိုမီဂါ-၃ fatty အက်ဆစ် ပါတဲ့အတွက် ကျန်းမာရေးအတွက် ပိုမို ထိရောက်ပြီး ရောင် ရမ်းခြင်းကို ဖြစ်စေတဲ့ ရောဂါ အားလုံးကို လျော့ချပေးပါတယ် ။

အခွံပါအသီးများ

အခွံမာသီးများ ပုံမှန်စားသုံးရမှာ ဖြစ်ပါတယ်။ အခွံမာသီးဆိုလို့ သစ်ကြားသီး၊ ဆိမ့်သော အစိမ်းရောင် အသီးကို ပုံမှန် စားသုံးခြင်းဖြင့် နှလုံးနဲ့ ဆက်စပ် ရောဂါများကို ပျောက်ကင်းစေတယ်လို့ ဆိုပါတယ် ။

ဖိုက်ဘာပါတာရွေးချယ်ပါ။

ဖိုက်ဘာဓာတ်ပါတဲ့ အစားအစာကို တစ်ရက် ၂၅ ဂရမ်လောက် စားရမယ်လို့ ဆိုပါတယ်။ ယင်းဓာတ်က နေ့စဉ် စားသုံး နေတဲ့ အသီး၊ အရွက်၊ ဆန်၊ ဂျုံ တို့မှာလည်း ပါဝင်နေတဲ့အတွက် တကူးတက ရှာစားနေရန် မလိုအပ်ပါဘူး ။ high -fiber အစားအစာများကို မည်သည့်ရောဂါ အမျိုး မျိုးကြောင့် မဆို သေဆုံး ရမည့် အန္တရာယ်ကို လျော့ချပေး တယ်လို့ဆိုပါတယ်။

တန်ဆေးလွန်ဘေးဆိုသလို အမေရိကန် USDA မှ ပရော်ဖက်ဆာ တစ်ဦးက ‘Eat food, not too much,’ လို့ ဆိုထားပါတယ်။ အစားအသောက်ကို ပုံမှန်စားသောက်ခြင်းကသာ အသက်ရှည်စေတယ်လို့ ဆိုလိုပါတယ် ။ ဒါကြောင့် အသက်ရှည်ရန် ၊ ကျန်းမာစေရန် နေ့စဉ် ပုံမှန်လေး စားသုံး ရမယ့် အစားအစာများကို ယခုလို ဖော်ပြပေးလိုက် ရပါတယ် ။

Ref: foxheaths
Credit: ကျန်းမာရေး အလှအပ