အားကစားလုပ်ပြီးလို့ ကိုယ်စားမဲ့အစားအစာက ရေဓါတ်ပြန်မဖြည့်တဲ့အစားအစာမျိုး၊ အဟာရချို့တဲ့တဲ့အစားအစာမျိုး မစားသင့်ပါဘူး။
အများအားဖြင့်တော့ Gym ပဲဖြစ်ဖြစ် အားကစားလုပ်တာဖြစ်ဖြစ် ဝိတ်ကျချင်လို့ပါ။ အခုဖော်ပြပေးမဲ့အစားအစာတွေကလည်း ဝိတ်မတက်စေတာမို့ ဝမှာ စိုးရိမ်စရာမလိုပါဘူး။
ကြက်ဥ
ကြက်ဥဟာ ပရိုတင်းဓါတ်တွေကြွယ်ဝတဲ့အစားအစာပါ။ အားကစားလုပ်ပြီးလို့ ကုန်ခမ်းသွားတဲ့အားအင်တွေကို ပြန်လည်ဖြည့်ဆည်းစေနိုင်ပါတယ်။ ကြက်ဥမှာ ကယ်လိုရီနည်းရုံသာမက ကျန်းမာရေးအတွက်လည်းအထူးသင့်တော်ပါတယ်။ ကြက်ဥစားတဲ့အခါမှာ အနှစ်ကိုပါတွဲစားပေးသင့်ပါတယ်။
အာလူး
အာလူးကိုလည်း စားပေးသင့်ပါတယ်။ အာလူးမှာပါတဲ့ ကဆီဓါတ်က အားတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်မှာပါ။
ဒိန်ချဉ်
ဒိန်ချဉ်ကို သကြားနည်းနည်းနဲ့ စားပေးသင့်ပါတယ်။ ဒိန်ချဉ်မှာ နွားနို့ထက် ပရိုတင်းဓါတ်ပိုမိုပါဝင်ပါတယ်။ ဒါ့အပြင် ကယ်လ်ဆီယမ် ၊ ပိုတက်ဆီယမ်၊ ဗီတာမင် B 12 စတဲ့ဓါတ်တွေအပြင် အမျှင်ဓါတ်တွေလည်းပါဝင်ပါတယ်။
ကန်ဇွန်းဥ
ကန်ဇွန်းဥစာအရသာရှိရုံသာမက ပိုတက်ဆီယမ်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့ ကြွက်သားကို ပြန်လည်အားဖြည့်ပေးပါ။
ထောပတ်သီး
ထောပတ်သီးမှာ ပါအဝင်တဲ့အဆီဓါတ်က ကိုလက်စထရောကိုကျစေပါတယ်။ ဒါ့အပြင် ကြွက်သားတွေကိုလည်း ပြန်လည်အားဖြည့်ပေးနိုင်ပါတယ်။
နောက်ထပ် စားပေးနိုင်တာတွေကတော့
Blueberry
နာနတ်သီး
ငါး
ပရိုတင်းဓါတ်များများပါတဲ့ အစားအစာများ။