အရပ်ရှည်ဖို့အတွက် အာဟာရဓာတ်များနဲ့ သတ္တုဓာတ်များက သင့်ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဗီတာမင် ဒီနဲ့ ကယ်လ်စီယမ်ဓာတ်တို့က အရိုးအဆစ်များကို ကြံ့ခိုင်သန်မာစေပြီး အရိုးအဆစ်များကို ရှည်ထွက်လာအောင် ဆွဲဆန့်ပေးနိုင်ပါတယ်။

ဗီတာမင်ဒီဓာတ်ရဲ့ အဓိကအရင်းအမြစ်ကိုတော့ နေရောင်ခြည်မှ ရရှိတာကြောင့် တစ်နေ့ကို အနည်းဆုံး မိနစ် ၂၀ ခန့် နေရောင်ခြည်ရဲ့အလင်းရောင်ဓာတ်ရရှိဖို့ လိုအပ်ပါတယ်။ ဒီလိုလုံလောက်တဲ့နေရောင်ခြည်ဓာတ်ရရှိဖို့ အကောင်းဆုံးအချိန်ကတော့ မနက်ခင်းစောစောအချိန်နဲ့ မွန်းလွဲညနေခင်းအချိန်တွေပဲဖြစ်ပါတယ်။ နေရောင်ခြည်ဒဏ်ပူပြင်းတဲ့ နေခင်းဘက်အချိန်အခါကိုတော့ ရှောင်ကြဉ်ပေးရပါမယ်။

မဂ္ဂနီဆီယမ်ဓာတ်ကတော့ အရိုးပွရောဂါနဲ့ အရိုးနဲ့သက်ဆိုင်တဲ့ရောဂါများ မခံစားရအောင် ကူညီပေးနိုင်ပါတယ်။ ဒါဆိုရင် အရပ်ရှည်ဖို့နဲ့ အရိုးအဆစ်များ သန်မာကြံ့ခိုင်ဖို့အတွက် ဘယ်လိုအစားအစာတွေကို စားသုံးရမလဲဆိုတော့….

ဆော်လမွန်ငါး

ပင်လယ်စာ အစားအစာတစ်ခုဖြစ်တဲ့ ဆော်လမွန်ငါးကတော့ အိုမီဂါသရီး ဖက်တိအက်စစ်ဓာတ်ကြွယ်ဝတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးဖို့အတွက်လည်း ကူညီပေးနိုင်ပြီး နှလုံးရောဂါမဖြစ်ပွားအောင်လည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

ကြက်ဥ

ကြက်ဥ နေ့စဉ်မှန်မှန်စားသုံးခြင်းက ဗီတာမင်အေဓာတ်ရရှိအောင် ကူညီပေးပြီး အရိုးများ သန်မာကြံ့ခိုင်လာဖို့အတွက်လည်း ဗီတာမင်အေက အဓိကအခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဒါတင်မသေးပါဘူး ဗီတာမင်အေက အမြင်အာရုံကောင်းမွန်အောင်လည်း ကူညီပေးပါသေးတယ်။

ဟင်းနုနွယ်

အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်ထဲမှာ အရိုးအဆစ်သန်မာဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ကေဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် အရပ်ရှည်ချင်တယ်ဆိုရင် ဟင်းနုနွယ် များများစားပေးဖို့ လိုအပ်ပါတယ်။

ထောပတ်သီး

ထောပတ်သီးက ကျန်းမာရေးအတွက် ညီညွှတ်တဲ့ သဘာဝအဆီဓာတ်ကို ပေးစွမ်းနိုင်ပြီး ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ကိုလက်စတောများကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် အရိုးပွရောဂါ မဖြစ်ပွားအောင်လည်း ကူညီပေးနိုင်တဲ့ အသီးတစ်မျိုးပဲဖြစ်ပါတယ်။

နာနတ်သီး

နာနတ်သီးကို လှလှပပလေးဖြစ်အောင် ဘယ်လို ခွဲမလဲ

နာနတ်သီးထဲမှာ ပါဝင်တဲ့ Melatonin ဓာတ်က သင့်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။ အရိုးအဆစ်များက သင် အိပ်ပျော်ချိန်မှာ ရှည်ထွက်လာကြတာဖြစ်လို့ သင့်အနေနဲ့ အိပ်ရေးဝဝအိပ်စက်အနားယူဖို့ လိုအပ်ပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးထဲမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်ဓာတ်က သင့်ခန္ဓာကိုယ်ရှိ ကြွက်သားများကို သန်မာစေပြီး နှလုံးရောဂါနဲ့ ကျောက်ကပ်ရောဂါများ မခံစားရအောင်လည်း ကူညီပေးနိုင်ပါတယ်။

လိမ္မော်သီး

လိမ္မော်သီးနဲ့ အခြားရှောက်သီးမျိုးနွယ်ဝင် သစ်သီးများက ဗီတာမင်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့အတွက်ကြောင့် ဆဲလ်များ ကြီးထွားဖို့နဲ့ ဆဲလ်သစ်ပြန်လည်ဖြစ်ပေါ်ဖို့အတွက် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ခံစွမ်းအားကောင်းမွန်ပြီး နာမကျန်းဖြစ်ခြင်းမှ ကင်းဝေးအောင် ကာကွယ်ပေးနိုင်ပါတယ်။

Source: the-health-review.com