ကိုယ်အလေးချိန်လည်းတက်မှာစိုးတယ် ဘာစားရမလဲဆိုတဲ့သူတွေအတွက် များများစားလို့ရတဲ့အစားအစာကို မျှဝေပေးချင်ပါတယ်။ အမျှင်ဓါတ်ကြွယ်ဝစွာပဝါင်ပြီး ကယ်လိုရီဝါဝင်မှုနည်းလို့ ကိုယ်အလေးချိန်တက်မှာ စိတ်ပူစရာမလိုပါဘူး။

calories-620_620x350_71477474725

လိမ္မော်သီး၊ Grapefruit

Orange Juice

အသီးတွေထဲမှာ များများစားပြီးဝိတ်မတက်တဲ့အစားအစာတွေကတော့ Citrus Acid ပါဝင်တဲ့အသီးတွေပါပဲ။ သူတို့မှာ အမျှင်ဓါတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ဗီတာမင်Cလည်းကြွယ်ဝပါတယ်။ အစာချေစနစ်ကိုကောင်းမွန်စေပြီး အသည်းနဲ့အရေပြားကိုလည်းကျန်းမာစေပါတယ်။

ဖရဲသီး

watermelon-e1490372001717

ဖရဲသီးကိုလည်း နေ့တိုင်းလိုလိုစားသုံးပေးနိုင်ပါတယ်။ ရေဓါတ်မြင့်မားစွာပါဝင်လို့ ကောင်းမွန်တဲ့အသီးတစ်မျိုးပါ။

ကြက်ဥ

ကြက်ဥကို ဝိတ်တက်မှာမကြောက်ဘဲ ညဖက်ဆိုရင်တောင် စားသုံးနိုင်ပါတယ်။ ကြက်ဥကြော်ထက် ကြက်ဥပြုတ်ကိုစားတာ ပိုညပီး အဟာရဓါတ်ပြည့်ဝမှာဖြစ်ပါတယ်။

နာနတ်သီး

Pineapple1

အရသာရှိတဲ့နာနတ်သီးက ကိုယ်အလေးချိန်လျှော့ချချင်သူတွေအတွက် အကောင်းဆုံး မိတ်ဆွေပါပဲ။ နာနတ်သီးစားမယ်ဆိုရင်လည်း ဝိတ်မတက်ပါဘူး။

ပန်းသီး နဲ့ မက်မန်းသီး

apple-for-kidneys-health

ပန်းသီးစားပေးတာဟာ ဗိုက်ပြည့်ရုံသာမက အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ မက်မန်းသီးမှာဆိုရင်လည်း ဗီတာမင် C နဲ့ ပိုတက်ဆီယမ်ဓါတ်တွေကြွယ်ဝလို့ နှလုံးနဲ့ သွေးကြောကို ကောင်းမွန်စေပါတယ်။

ဆလပ်ရွက်

ဆလပ်ရွက်မှာ ဖောလိတ်အက်ဆစ်ပါဝင်ပြီး ကိုယ်အလေးချိန်လျှော့ချချင်သူအတွက် ကောင်းမွန်ပါတယ်။

ဘယ်ရီသီးများ

14-foods-you-can-eat-as-much-of-as-you-want-and-not-gain-weight.jpg-1024x768

စတော်ဘယ်ရီ၊ ဘလူးဘယ်ရီစတဲ့ ဘယ်ရီနွယ်ဝင်အသီးတွေမှာ ဗီတာမင် C ပါဝင်ပြီး ရေဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်။ အဟာရဓါတ်ကြွယ်ဝတဲ့အပြင် အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။

ဂေါ်ဖီထုပ် ၊ ပန်းမုန်လာပွင့်၊ ပန်းမုန်လာစိမ်း

cabbage-family

စတဲ့အရွက်တွေ အပွင့်တွေဟာဆိုရင် ကိုယ်အလေးချိန်လျှော့ချချင်သူအတွက် ကောင်းမွန်ပါတယ်။ တစ်ပတ်ကို ၂ ကြိမ်လောက် ထည့်သွင်းစားသုံးသင့်ပါတယ်။

သခွားသီး

cucumber

သခွားသီးမှာဆိုရင် ဗီတာမင်ဓါတ်နဲ့ ရေဓါတ်ကြွယ်ဝစွာပါဝင်ပြီး ဆီးရွှင်စေကာ ကိုယ်အလေးချိန်လျှော့ချချင်သူအတွက် အထူးကောင်းမွန်ပါတယ်။

နံနံပင်

bigstock-Fresh-green-celery-isolated-on-52080031-650x424

နံနံပင်ဟာ ရေဓါတ် ၉၅% နဲ့ဖွဲ့စည်းထားပြီး ကိုယ်အတွက်း အဆိပ်အတောက်ဖယ်ရှားဖို့နဲ့ ကိုယ်အလေးချိန် လျှော့ချဖို့ အကူအညီပေးမှာပါ။

ကိုယ်အလေးချိန်လျှော့ချချင်ရင်တော့ ညစာကို ၆ နာရီနဲ့ ၆ နာရီခွဲထက် နောက်မကျဘဲစားသုံးပေးသင့်ပါတယ်။  ထမင်းမစားဘဲ အသီးအရွက် များများစားပေးသင့်ပါတယ်။ ထမင်းစားမယ်ဆိုရင်လည်း ထမင်းနည်းနည်းနဲ့ အသီးအရွက်များများစားပေးပါ။

Featured Image Source: wikihow.com