[Unicode]

ဘဝအတွက် ရင်ခုန်စရာနေ့ရက်တွေ များစွာရှိတဲ့အထဲမှာ First Date ဟာလည်း ရင်ခုန်ရ ဆုံးနေ့တစ်နေ့ ထဲမှာပါဝင်ပါတယ်။ကိုယ်ရင်ခုန်ရတဲ့ သူတစ်ယောက်နဲ့ ပထမဆုံးဒိတ်ရမှာ ဖြစ်တာကြောင့် အားလုံးကတော့ အဆင်ပြေပြေ ချောချောမွေ့မွေ့ပဲဖြစ်ချင်ကြမှာပါ။ ဒါကြောင့်ကိုယ့်ရဲ့ပထမဆုံးသော First Date လေးမှာ ရှိုးပဲ့ပြီး မဂွမ်းရလေအောင် ဒိတ်မ လုပ်ခင် မတိုင်မီနာရီပိုင်းအလိုမှာ လုံးဝရှောင်ရမယ့် အစားအစာတွေအကြောင်းပြောပြ ပေးချင်ပါတယ်။

(၁) အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာများ

Source : Shutterstock

ရက်စ်ဘယ်ရီသီး ဘလက်ဘယ်ရီသီး သစ်တော်သီး ဆီးသီးနဲ့ လိမ္မော်သီးစတဲ့ အစား အစာတွေဟာ အမျှင်ဓာတ် ပမာဏကြွယ်ဝစွာပါဝင်တဲ့အစားအစာတွေဖြစ်ပါတယ်။ အမျှင်ဓာတ်ဟာခန္ဓာကိုယ်အတွက် လိုအပ်တဲ့ဓာတ်တစ် မျိုးဖြစ်ပြီး ဝမ်းကိုပျော့စေကာ ဝမ်းချုပ်ခြင်းဝေဒနာကိုလည်း သက်သာစေပါတယ်။သို့သော်လည်း First Date မတိုင်ခင်မှာ ဒီအစားအစာတွေကို စားထားမိမယ်ဆိုရင်တော့ ဒိတ်လုပ်နေစဉ်အချိန်အတွင်း ဝမ်းဗိုက်အတွင်းက ဆန္ဒပြမှုတွေကြောင့် သင့်ကိုစိတ်မသက်မသာဖြစ်စေမှာဖြစ်ပါတယ်။

(၂) ကြက်သွန်ဖြူ

Source : Shutterstock

ကြက်သွန်ဖြူဟာလည်း ကျန်းမာရေးအတွက်ကောင်းကျိုးတွေများစွာရှိပေမယ့် First Date မတိုင်ခင်မှာတော့ လုံးဝမစားသင့်တဲ့ အစားအစာတစ်ခုပါ။အားလုံးသိတဲ့အတိုင်း ကြက်သွန်ဖြူမှာ ခပ်ပြင်းပြင်းအနံ့ရှိပြီး စကားပြော လိုက်တိုင်းမှာ ကြက်သွန်ဖြူအနံ့တွေ ထွက်ပေါ်လာစေတာဖြစ်ပါတယ်။ဒါ့အပြင်ချွေးပေါက်တွေမှ တဆင့်လည်း ဆိုးရွှားတဲ့ ကြက်သွန်ဖြူအနံ့တွေထွက်ပေါ်လာစေတာကြောင့် First Date မှာကြက်သွန်ဖြူ (သို့မဟုတ်) ကြက် သွန်ဖြူပါဝင်တဲ့ အစားအစာတွေကို ရှောင်ကျဉ်ဖို့အကြံပြုချင်ပါတယ်။

(၃) အသား

Source : Shutterstock

အနီရောင်ရှိတဲ့အသားတွေမှာ အဆီဓာတ်များစွာပါဝင်ပြီး ခန္ဓာကိုယ်မှာရှိတဲ့ စွမ်းအင်တွေကို ချေဖျက်ကာ ပင်ပန်းနွမ်းနယ်ခြင်း ကောင်းစွာအာရုံမစိုက်နိုင်ခြင်း အိပ်ငိုက်ခြင်းတို့ကိုဖြစ်စေပါတယ်။ First Date ဆိုတာ တစ်ယောက်ကိုတစ်ယောက် အာရုံစူးစိုက်မှုအပြည့် တက်တက်ကြွကြွနဲ့ စကားတွေအပြန်အလှန်ပြောပြီး ဖြတ် သန်းရမှာဖြစ်တာကြောင့် First Date မှာကိုယ်ချစ်ရတဲ့သူအပေါ်အပြည့်အဝအာရုံစိုက်နိုင်ဖို့ အနီရောင်ရှိတဲ့ အသားတွေကလည်း ရှောင်ရမယ့်အစားအစာစာရင်းထဲမှာပါဝင်ပါတယ်။

(၄) အစပ်အရသာရှိတဲ့အစားအစာများ

Source : Shutterstock

အမျိုးသမီးအများစု အစပ်အရသာရှိတဲ့အစားအစာတွေကြိုက်နှစ်သက်ကြပါတယ်။ ကိုယ်ဟာအစပ်ကြိုက်တဲ့သူ တစ်ယောက်ဖြစ်တယ်ဆိုရင် First Date မတိုင်ခင်မှာတော့ စပ်တဲ့အစားအစာတွေကို လုံးဝမစားသင့်ပါဘူး။ ဘာကြောင့်လဲဆိုရင် ငရုပ်သီးစိမ်း နဲ့ အစပ်အရသာရှိတဲ့အစားအစာတွေဟာ ဗိုက်အောင့်ခြင်း ဝမ်းလျောခြင်း တို့ကိုဖြစ်စေနိုင်တာကြောင့် မဖြစ်မနေရှောင်ရမယ့် အစားအစာတွေဖြစ်ပါတယ်။

(၅) ပဲအမျိုးမျိုး

Source : Shutterstock

ပဲဟာ ပြုတ်ပြီးစားရင်ဖြစ်စေ ကြော်ပြီးစားရင်ဖြစ်စေ လက်ဖက်လေးနဲ့တွဲစားရင်ဖြစ်စေ အရမ်းကိုစားလို့ကောင်း တဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ခန္ဓာကိုယ်အတွက် အဟာရ ဓာတ်များစွာကိုပေးစွမ်းနိုင်တဲ့ ကျန်းမာရေးဓာတ် စာတစ်ခုဆိုလည်းမမှားပါဘူး။ ဒါပေမယ့် ပဲကိုတော့ First Date မတိုင်ခင်မှာလုံးဝ စားမသွားသင့်ပါဘူး။ပဲတွေက လေပွ စေတာကြောင့် ဗိုက်နာခြင်း လေလည်ခြင်းတွေကိုဖြစ်ပေါ်စေနိုင်လို့ပဲ ဖြစ်ပါတယ်။

[Zawgyi]

ဘဝအတြက္ ရင္ခုန္စရာေန႔ရက္ေတြ မ်ားစြာရွိတဲ့အထဲမွာ First Date ဟာလည္း ရင္ခုန္ရ ဆံုးေန႔တစ္ေန႔ ထဲမွာပါဝင္ပါတယ္။ကိုယ္ရင္ခုန္ရတဲ့ သူတစ္ေယာက္နဲ႔ ပထမဆံုးဒိတ္ရမွာ ျဖစ္တာေၾကာင့္ အားလံုးကေတာ့ အဆင္ေျပေျပ ေခ်ာေခ်ာေမြ႕ေမြ႕ပဲျဖစ္ခ်င္ၾကမွာပါ။ ဒါေၾကာင့္ကိုယ့္ရဲ႕ပထမဆံုးေသာ First Date ေလးမွာ ရိႈးပဲ့ၿပီး မဂြမ္းရေလေအာင္ ဒိတ္မ လုပ္ခင္ မတိုင္မီနာရီပိုင္းအလိုမွာ လံုးဝေရွာင္ရမယ့္ အစားအစာေတြအေၾကာင္းေျပာျပ ေပးခ်င္ပါတယ္။

(၁) အမွ်င္ဓာတ္ၾကြယ္ဝတဲ့အစားအစာမ်ား

Source : Shutterstock

ရက္စ္ဘယ္ရီသီး ဘလက္ဘယ္ရီသီး သစ္ေတာ္သီး ဆီးသီးနဲ႔ လိေမၼာ္သီးစတဲ့ အစား အစာေတြဟာ အမွ်င္ဓာတ္ ပမာဏၾကြယ္ဝစြာပါဝင္တဲ့အစားအစာေတြျဖစ္ပါတယ္။ အမွ်င္ဓာတ္ဟာခႏၶာကိုယ္အတြက္ လုိအပ္တဲ့ဓာတ္တစ္ မ်ဳိးျဖစ္ၿပီး ဝမ္းကိုေပ်ာ့ေစကာ ဝမ္းခ်ဳပ္ျခင္းေဝဒနာကိုလည္း သက္သာေစပါတယ္။သို႔ေသာ္လည္း First Date မတိုင္ခင္မွာ ဒီအစားအစာေတြကို စားထားမိမယ္ဆိုရင္ေတာ့ ဒိတ္လုပ္ေနစဥ္အခ်ိန္အတြင္း ဝမ္းဗိုက္အတြင္းက ဆႏၵျပမႈေတြေၾကာင့္ သင့္ကိုစိတ္မသက္မသာျဖစ္ေစမွာျဖစ္ပါတယ္။

(၂) ၾကက္သြန္ျဖဴ

Source : Shutterstock

ၾကက္သြန္ျဖဴဟာလည္း က်န္းမာေရးအတြက္ေကာင္းက်ဳိးေတြမ်ားစြာရွိေပမယ့္ First Date မတိုင္ခင္မွာေတာ့ လံုးဝမစားသင့္တဲ့ အစားအစာတစ္ခုပါ။အားလံုးသိတဲ့အတိုင္း ၾကက္သြန္ျဖဴမွာ ခပ္ျပင္းျပင္းအနံ႔ရွိၿပီး စကားေျပာ လိုက္တုိင္းမွာ ၾကက္သြန္ျဖဴအနံ႕ေတြ ထြက္ေပၚလာေစတာျဖစ္ပါတယ္။ဒါ့အျပင္ေခြ်းေပါက္ေတြမွ တဆင့္လည္း ဆိုးရႊားတဲ့ ၾကက္သြန္ျဖဴအနံ႔ေတြထြက္ေပၚလာေစတာေၾကာင့္ First Date မွာၾကက္သြန္ျဖဴ (သို႔မဟုတ္) ၾကက္ သြန္ျဖဴပါဝင္တဲ့ အစားအစာေတြကို ေရွာင္က်ဥ္ဖို႔အႀကံျပဳခ်င္ပါတယ္။

(၃) အသား

Source : Shutterstock

အနီေရာင္ရွိတဲ့အသားေတြမွာ အဆီဓာတ္မ်ားစြာပါဝင္ၿပီး ခႏၶာကိုယ္မွာရွိတဲ့ စြမ္းအင္ေတြကို ေခ်ဖ်က္ကာ ပင္ပန္းႏြမ္းနယ္ျခင္း ေကာင္းစြာအာရံုမစိုက္ႏိုင္ျခင္း အိပ္ငိုက္ျခင္းတို႔ကိုျဖစ္ေစပါတယ္။ First Date ဆိုတာ တစ္ေယာက္ကိုတစ္ေယာက္ အာရံုစူးစိုက္မႈအျပည့္ တက္တက္ၾကြၾကြနဲ႔ စကားေတြအျပန္အလွန္ေျပာၿပီး ျဖတ္ သန္းရမွာျဖစ္တာေၾကာင့္ First Date မွာကိုယ္ခ်စ္ရတဲ့သူအေပၚအျပည့္အဝအာရံုစိုက္ႏိုင္ဖို႔ အနီေရာင္ရွိတဲ့ အသားေတြကလည္း ေရွာင္ရမယ့္အစားအစာစာရင္းထဲမွာပါဝင္ပါတယ္။

(၄) အစပ္အရသာရွိတဲ့အစားအစာမ်ား

Source : Shutterstock

အမ်ဳိးသမီးအမ်ားစု အစပ္အရသာရွိတဲ့အစားအစာေတြႀကိဳက္ႏွစ္သက္ၾကပါတယ္။ ကိုယ္ဟာအစပ္ႀကိဳက္တဲ့သူ တစ္ေယာက္ျဖစ္တယ္ဆိုရင္ First Date မတိုင္ခင္မွာေတာ့ စပ္တဲ့အစားအစာေတြကို လံုးဝမစားသင့္ပါဘူး။ ဘာေၾကာင့္လဲဆိုရင္ ငရုပ္သီးစိမ္း နဲ႔ အစပ္အရသာရွိတဲ့အစားအစာေတြဟာ ဗိုက္ေအာင့္ျခင္း ဝမ္းေလ်ာျခင္း တို႔ကိုျဖစ္ေစႏိုင္တာေၾကာင့္ မျဖစ္မေနေရွာင္ရမယ့္ အစားအစာေတြျဖစ္ပါတယ္။

(၅) ပဲအမ်ဳိးမ်ဳိး

Source : Shutterstock

ပဲဟာ ျပဳတ္ၿပီးစားရင္ျဖစ္ေစ ေၾကာ္ၿပီးစားရင္ျဖစ္ေစ လက္ဖက္ေလးနဲ႔တြဲစားရင္ျဖစ္ေစ အရမ္းကိုစားလို႔ေကာင္း တဲ့အစားအစာတစ္ခုျဖစ္ပါတယ္။ခႏၶာကိုယ္အတြက္ အဟာရ ဓာတ္မ်ားစြာကိုေပးစြမ္းႏိုင္တဲ့ က်န္းမာေရးဓာတ္ စာတစ္ခုဆိုလည္းမမွားပါဘူး။ ဒါေပမယ့္ ပဲကိုေတာ့ First Date မတိုင္ခင္မွာလံုးဝ စားမသြားသင့္ပါဘူး။ပဲေတြက ေလပြ ေစတာေၾကာင့္ ဗိုက္နာျခင္း ေလလည္ျခင္းေတြကိုျဖစ္ေပၚေစႏိုင္လို႔ပဲ ျဖစ္ပါတယ္။

Reference Source : https://www.lunchactually.com/sg/2016/11/19/10-foods-must-avoid-first-date/