ထမင်းပူပူ ဟင်းပူပူလေးမှ ထမင်းစားလို့ကောင်းတာပါ။ ဒါကြောင့် ထမင်းစားခါနီးမှာ အလွယ်တကူဘဲ မိုက်ခရိုဝေ့လေးနဲ့ နွေးတတ်ကြပါတယ်။ တချို့ အစားအစာတွေကတော့ အဆင်ပြေမယ့် တချို့ အစားအစာတွေက မိုက်ခရိုဝေ့နဲ့ နွေးရင် အဆိပ်ဖြစ်သွားတတ်ပါတယ်။

တရုတ်နံနံ

8901860-ad1-1479283266-650-71890fd175-1484212728

တရုတ်နံနံက ဟင်းရည်ချက်တဲ့နေရာမှာ အဓိက ထားချက်ပြုတ်ကြပြီး ကျန်းမာရေးအတွက်အထူးကောင်းမွန်ပါတယ်။ သူ့မှာ နိုက်ထရိတ်ဓာတ် ပါဝင်တာကြောင့် မိုက်ခရိုဝေ့နဲ့ နွေးလိုက်ရင် အဆိပ်ဖြစ်တဲ့ နိုက်ထရိုက် နဲ့ Carcinogenic Nitrosamines အဖြစ် ပြောင်းလဲသွားပါတယ်။

ကြက်ဥ

8901810-ad2-1479283310-650-2745ba8486-1484212728

ကြက်ဥ Omelet ကြော်ဖြစ်ဖြစ် ကြက်ဥပြုတ်ဖြစ်ဖြစ် ကို Microwave နဲ့ ပြန်နွေး အဆိပ်ဖြစ်စေပါတယ်။ ဒါကြောင့် မိုက်ခရိုဝေ့နဲ့ မနွေးသင့်ပါဘူး။

ဟင်းနုနွယ်ရွက်

8901760-ad3-1479284303-650-864cec7364-1484212728

ဟင်းနုနွယ်ရွက်မှာ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ အများကြီးပါဝင်တာကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ဒါပေမယ့် တရုတ်နံနံတို့လိုဘဲသူ့မှာ နိုက်ထရိတ်ဓာတ်ပါတာကြောင့် မိုက်ခရိုဝေ့နဲ့ နွေးလိုက်ရင် နိုက်ထရိုက်နဲ့ Nitrosamines အဖြစ် ပြောင်းလဲသွားပါတယ်။

မှို

8901910-ad4-1479283365-650-ec9899b0eb-1484212728

မှိုမှာ ပရိုတင်းဓာတ်တွေ၊ ဗီတာမင်ဓာတ်၊ အမိုင်နိုအက်ဆစ် တို့ ပါဝင်ပေမယ့် အစာခြေဖို့ ခက်ခဲပါတယ်။ မိုက်ခရိုဝေ့နဲ့ ပြန်နွေးလိုက်ရင် ပရိုတင်းဓာတ်တွေက ပြောင်းလဲသွာပြီး အစာအိမ်က အစာခြေဖို့ ခက်ခဲကာ ရင်ပြည့်၊ ရင်ကယ် လေပွတာတွေ ဖြစ်တတ်ပါတယ်။

အာလူး

8901710-ad5-1479283499-650-d1042536dd-1484212728

အာလူးကို မိုက်ခရိုဝေ့နဲ့ ပြန်နွေးလိုက်ရင် သူ့မှာရှိနေတဲ့ အရသာတွေ ပြောင်းလဲသွားပြီး ကျန်းမာရေးအတွက် အကျိုးရှိတဲ့ ဓာတ်တွေလည်း ပျက်စီးသွားတတ်ပါတယ်။

Featured Image Source: Home and Garden Green