အသားအရေ ကျန်းမာရေးအတွက်

အမျိုးသမီးတိုင်းက အသားအရေ စိုစိုပြေပြေလေးနဲ့ လှလှပပ ဖြစ်ချင်ကြပါတယ်။ ဒါကြောင့် Antioxidants ကြွယ်ဝစွာရရှိတဲ့ ဗီတာမင် စီ၊ ဗီတာမင် အေ၊ ဗီတာမင် အီးတို့က ပျက်စီးနေတဲ့ အသားအရေတွေကို ပြန်လည်ပြုပြင်နိုင်စွမ်းရှိပြီး နေရောင်ခြည်ကြောင့် ပျက်စီးနေတာတွေကိုလည်း ကာကွယ်နိုင်စွမ်းရှိပါတယ်။

အသားအရေ မညီတာ၊ အစက်အပြောက်တွေဖြစ်တာတွေကိုလည်း Alpha Lipoic အက်ဆစ် နဲ့ Coenzyme Q 10 တို့ကလည်း ကာကွယ်ပေးပါတယ်။

ဒါကြောင့် ဒီဓာတ်တွေရရှိဖို့ နံနံပင်၊ ငရုတ်ပွသီးနဲ့ ချောကလက် (အမည်း)တို့ကို စားပေးသင့်ပါတယ်။

15593160-6032060-2-0-1503062012-1503062014-650-1-1503062014-650-04f9ebaa03-1503066535

ရင်သား ကျန်းမာရေးအတွက်

တချို့ အစားအစာတွေက ရင်သား ကင်ဆာ ဖြစ်ပွားမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီမှာ Indole-3-Carbinol လို့ခေါ်တဲ့ Antioxidant ဓာတ်တွေပါဝင်တာကြောင့် ကျန်းမာရေးအတွက် အကျိုးများပြီး ကင်ဆာဖြစ်ပွားမှုကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

ဒါကြောင့် ပန်းဂေါ်ဖီ၊ မှို နဲ့ Green Tea တို့ကို သောက်သုံးသင့်ပါတယ်။

15593210-6033260-3-0-1503062090-1503062093-650-1-1503062093-650-04f9ebaa03-1503066535

အရိုးနဲ့ သွားတွေ ကျန်းမာ ခိုင်မာဖို့

ကယ်ဆီယံဓာတ်တွေက အရိုးနဲ့ သွားတွေ ကျန်းမာ ခိုင်မာဖို့ အရေးကြီးပါတယ်။ ဗီတာမင် ဒီဓာတ်ကလည်း ခန္ဓာကိုယ်က ကယ်ဆီယံဓာတ်တွေ အလွယ်တကူ စုပ်ယူနိုင်အောင်ကူညီပေးပါတယ်။

ဒါကြောင့် ချီစ်၊ လိမ္မော်ဖျော်ရည်တို့ သောက်သုံးသင့်ပါတယ်။

15593260-6033810-4-0-1503062398-1503062403-650-1-1503062403-650-04f9ebaa03-1503066535

ဟော်မှုန်းတွေကို ထိန်းညှိနိုင်ဖို့

ကိုယ်ဝန်ရရှိဖို့နဲ့ ဟော်မှုန်းတွေထိန်းညှိနိုင်ဖို့က ဆက်စပ်နေတာကြောင့် ဟော်မှုန်းတွေ ထိန်းညှိပေးနိုင်တဲ့ Omega -3 Fatty အက်ဆစ်၊ ဗီတာမင် အီး၊ သံဓာတ် နဲ့ဗီတာမင် စီ ပါဝင်တဲ့ အစားအစာတွေစားပေးသင့်ပါတယ်။

အဲ့ဒီဓာတ်တွေပါဝင်တဲ့ အစားအစာများမှာ ဆယ်မွန်ငါး၊ အခွံမာအသီးများနဲ့ အစေ့အနှံတွေကနေ ပြုလုပ်ထားတဲ့ ဆီတို့ ဖြစ်ပါတယ်။

15593310-6034560-5-0-1503062521-1503062526-650-1-1503062526-650-04f9ebaa03-1503066535

ကြွက်သားတွေ တည်ဆောက်နိုင်ဖို့

ခန္ဓာကိုယ်ထဲမှာ အဆီနဲ့ ကြွက်သားတွေက တစ်လှည့်စီနေရာယူနေတာဖြစ်ပါတယ်။ ကြွက်သားမရှိရင် အဆီတွေ ဝင်လာပြီး ခန္ဓာကိုယ်လှပမှုကို အန္တရာယ်ဖြစ်စေပါတယ်။ ဒါကြောင့် ကြွက်သားတည်ဆောက်မှုကို အားကောင်းစေတဲ့ ပရိုတင်းပါဝင်မှုများတဲ့ အစားအစာတွေဖြစ်တဲ့ အနီရောင်အသား၊ ကြက်ဥ တွေနဲ့ ပဲအမျိုးမျိုးကို စားပေးသင့်ပါတယ်။

15593360-6034860-6-0-1503062709-1503062771-650-1-1503062771-650-04f9ebaa03-1503066535

အာရုံကြောစနစ် ကောင်းမွန်ဖို့

အမျိုးသမီးတွေက တစ်နေ့ကို ဖောလစ်အက်ဆစ် (ဗီတာမင် B9) 0.4 mg လိုအပ်ပါတယ်။ ဖော်လစ်အက်ဆစ်က ဆဲလ်အသစ်တွေ ဖန်တီးတာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ကောင်းမွန်ပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။

ထောပတ်သီး နဲ့မုန်လာဥနီတို့က ဖော်လစ်အက်ဆစ် အများကြီးပါဝင်တဲ့ အစားအစာတွေဖြစ်ပါတယ်။