ညှင်းဟာ နွေရာသီတွင်း အရေပြးပေါ်မှာ ဖြစ်ပေါ်တတ်တဲ့ မှိုစိုစိုကြောင့် ဖြစ်ပေါ်ရတာပါ။ အဖြူရောင် အစက်အပျောက်ပုံဖြစ်ပြီးတော့ လည်ပင်နားတစ်ဝိုက်နဲ့ ခန္တာကိုယ်တွေမှာ ပျံ့နှံ့တတ်တဲ့ ရောဂါတစ်မျိုးပါ။ ခန္တာကိုယ်အပေါ်ပိုင်းမှာ အဖြစ်များပါတယ်။
အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိပေမဲ့ စာဖတ်သူတွေအတွက် သဘာဝနည်းလမ်းကောင်းကိုမျှဝေလိုက်ပါတယ်။
ဘာလို့ ပွေးဖြစ်ရတာလဲ
ကိုယ်ခံအားစနစ်မကောင်းလို့
ချွေးထွက်များလို့
အသားနေလှန်းလို့ နဲ့ ပူနွေးတဲ့နေရာတွေမှာ အနားယူ အိပ်စက်လို့
အဆီ ပြန်တဲ့အသားအရေကြောင့်
ဒိန်ချဉ်
ဒိန်ချဉ်ဟာ အန္တရာယ်ရှိတဲ့ ဇီဝသက်ရှိအကောင်သေးသေးလေးတွေကို တိုက်ဖျက်ရာမှာ သိပ်ကိုအသုံးဝင်ပါတယ်။ ဒိန်ချဉ် (သို့) ပရိုဘိုင်အိုးတစ် (Probiotic Sugar) သကြား ကို ညှင်းဖြစ်နေတဲ့နေရာတွေမှာ လိမ်းပေးပြီး အခြောက်ထားပါ။ ပြီးရင် ရေဆေးချပါ။ တစ်နေ့ကို အကြိမ်ပေါင်းများစွာလုပ်နိုင်ပါတယ်။
ရှလကာရည်
ရှလကာရည်ဟာလည်း မှိုရောဂါတွေကို ပျောက်ကင်းစေပါတယ်။ ရှလကာရည်ကို ရေနဲ့ ဆတူရောပြီး ဝါဂွမ်းနဲ့စွတ်လိုကာ ညှင်းရှိတဲ့နေရာတွေမှာ လိမ်းပေးပြီး ခြောက်အောင်ထားပါ။ ပြီးရင်ရေဆေးချပါ။ မိမိကြိုက်သလောက်လုပ်နိုပါတယ်။
လက်ဖက်ဆီ
လက်ဖက်ကရတဲ့ဆီကလည်း မှိုရောဂါအတွက် အထူးကောင်းမွန်ပါတယ်။ သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း နဲ့ လကဖက်ဆီ ၅ စက်ကနေ ၇ စက်လောက်ထည့်ပြီး ဝါဂွမ်းနဲ့တို့ကာ ညှင်းရှိတဲ့နေရာတွေမှာ လိမ်းပေးပါ။ မိမိကြိုက်သလောက်လိမ်းပေးနိုင်ပါတယ်။