Ginger Juice ကို အခုဆိုရင် သောက်တဲ့လူတွေ အတော်များလာတာ တွေ့ရပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာတော့ အဓိက အဆီကျဖို့ သောက်ကြတာ များပါတယ်။ သံပုရာသီး၊ ဂျင်း၊ ရေနွေးနဲ့ စပ်ပြီး သောက်ကြသလို စိမ်ပြီး Detox Water အဖြစ်လည်း သောက်ကြပါတယ်။ ဂျင်းဟာ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာ အထူးတလည် ပြောစရာ လိုမယ်မထင်မိပါဘူး။

ဒါကြောင့် ဂျင်းကို ဟင်းချက်ရာမှာတင် မဟုတ်ဘဲ အခုလို စားသုံးတာမျိုးဟာ အန္တရာယ်မဖြစ်စေတဲ့အပြင် တစ်ခြား ကျန်းမာရေး အထောက်အကူပြုတဲ့ အချက်တွေလည်း ရှိနေပါသေးတယ်။ ဒါကြောင့် တစ်ခြား ကျန်းမာရေး အထောက်အကူပြုစေမယ့် အစားအစာတွေ မစားချင်ဘူးဆိုရင်တော့ ဒီ Ginger Juice ကိုတော့ သောက်သင့်ပါတယ်။

ဂျင်းဖျော်ရည်ဆိုလို့ ဂျင်းကို ကြိတ်ပြီး သောက်ရမှာ မဟုတ်ပေမယ့် ဂျင်းကို ရေနွေးစိမ်ပြီး သောက်လို့ ရသလို ဂျင်းကို ကြိတ်ပြီး အရည်ကို ရေနွေးနဲ့ ဖျော်ပြီး သောက်လို့ ရပါတယ်။ သံပုရာသီးလေး ပါရင် အဝင်ကောင်းပြီး သောက်လို့ ပိုအဆင်ပြေစေပါတယ်။

ဆီးချိုကို ထိန်းပေးနိုင်

Ginger Juice တစ်ခွက်ဟာ သွေးထဲက ကလူးကိုစ့်ကို ထိန်းပေးပါတယ်။ ဆီးချိုသမားတွေ အတွက်တော့ ဆီးချို မတက်အောင် ထိန်းပေးနိုင်ပြီး ကာကွယ်လိုသူတွေ အတွက်လည်း အသုံးဝင်ပါတယ်။

အစာကြေစေနိုင်

အစားတွေ များတာကြောင့် မအီမသာ ဖြစ်နေရင် ဖြစ်ဖြစ် ဗိုက်ထဲ နေလို့ မကောင်းတဲ့ အခါမျိုးတွေမှာ Ginger Juice ကို သောက်ပေးရင် ရပါတယ်။ ဂျင်းဟာ အစာချေစနစ်ကို ကောင်းကောင်းထောက်ပံ့ပေးတာမို့ပါ။

ကိုလက်စထရောကို လျှော့ချပေးနိုင်

ဂျင်းဖျော်ရည်ဟာ  သွေးထဲမှာရှိတဲ့ ကိုလက်စထရောတွေကို လျှော့ချစေပြီးတော့ နှလုံးရောဂါ ဖြစ်ပွားစေနိုင်နှုန်းကို ထိန်းပေးနိုင်ပါတယ်။

ဝက်ခြံဖြစ်စေခြင်းကို လျှော့ချနိုင်

ဝက်ခြံတွေ အများကြီး ဖြစ်နေတယ်ဆိုရင် Ginger Juice ကို စပြီး သောက်ဖို့ လိုနေပါပြီ။ အသားအရေ နီမြန်းခြင်းနဲ့ ဝက်ခြံတွေကို လျှော့ချပေးပါလိမ့်မယ်။

ကင်ဆာကို ကာကွယ်နိုင်

ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ စပျစ်သီး၊ ထောပတ်သီး နဲ့ နာနတ်သီးရဲ့ အကျိုးကျေးဇူး

ဂျင်းဟာ ကင်ဆာ ဖြစ်စေမယ့် ဆဲလ်တွေကို သေစေနိုင်တဲ့ အစွမ်းရှိပါတယ်။ အထူးသဖြင့် ရင်သားကင်ဆာဖြစ်စေခြင်းကို တားဆီးပေးပါတယ်။

အအေးမိခြင်းကို သက်သာစေနိုင်

ရာသီဥတုကြောင့် ဖြစ်ပေါ်တတ်တဲ့ နှာစေး အအေးမိခြင်းကို သက်သာစေနိုင်တာမို့ Ginger Juice ကို သောက်သင့်ပါတယ်။

Credit: Zeenews