ကိုဗစ်လှိုင်းတွေကို ကြံ့ကြံ့ခံရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံသားများအနေနဲ့ ကိုယ်ခံအားကောင်းဖို့ အရင်ကထက် ပိုဂရုစိုက်ပေးဖို့ လိုအပ်လာပါပြီ။ ကိုယ်ခံအား မြှင့်တင်ပေးဖို့အတွက် အရင်လို အစားအစာ ကြေး(ချေး)များနေလို့မရတော့ပါဘူး။ အာဟာရပြည့်ဝပြီး အားပြည့်စေတဲ့ အစားအစာများကို များများစားသုံးပေးခြင်း၊ အိပ်ရေးဝဝ အိပ်စက်အနားယူခြင်း၊ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပေးခြင်းတို့ဖြင့် မိမိကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးလိုက်ပါ။

ဒီ့ထက်ကိုယ်ခံအား ပိုကောင်းစေချင်တယ်ဆိုရင်တော့ ဂျင်းဖျော်ရည် သောက်သုံးပေးလိုက်ပါ။ အခုဖော်ပြပေးမယ့် ဂျင်း နနွင်းဖျော်ရည်ကို သောက်သုံးပေးခြင်းအားဖြင့် ရာသီတုပ်ကွေး ဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း၊ အအေးမိ ဖျားနာခြင်းမှ ကာကွယ်ပေးခြင်းတို့အပြင် နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။

ဒါတင်မကသေးပါဘူး။ သွေးလှည့်ပတ်မှု ကောင်းမွန်စေခြင်း၊ သွေးခဲခြင်းမှ ကာကွယ်ပေးခြင်း၊ ကင်ဆာဆဲလ်များကို ချေမှုန်းပေးခြင်း၊ ရောင်ရမ်းခြင်းကို လျော့ချပေးခြင်း၊ ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းမွန်စေခြင်း၊ အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းကို သက်သာစေခြင်း၊ ပြွတ်ကြပ်ကာ အသက်ရှုရခက်ခဲခြင်းမှ ကာကွယ်ပေးခြင်း စတဲ့ အကျိုးကျေးဇူးများကိုလည်း ခံစားရရှိနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂျင်း ၂၅၀ ဂရမ်
  • နနွင်းတုံး၂၅၀ ဂရမ်
  • သံပုယိုသီး ၃ လုံး
  • မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဂျင်းတုံးနှင့် နနွင်းတုံးကို ရေဖြင့် စင်ကြယ်အောင် ဆေးပါ။

၂။ ထို့နောက် ဂျင်းတုံးနှင့် နနွင်းတုံးများကို ငရုတ်ဆုံထဲ ညှက်နေအောင် ထောင်းပါ။ (အခွံမခွာပေးလည်း ရပါတယ်။)

ရရှိလာတဲ့ ဂျင်း၊ နနွင်းများကို အဝတ်စသန့်သန့်ထဲထည့်ပြီးနောက် အရည်ရအောင် ညှစ်ပါ။

၃။ သံပုယိုသီးများကိုလည်း အစေ့များ ဖယ်ထုတ်ပြီးနောက် အရည်ညှစ်ထည့်ပါ။

၄။ ထို့နောက် ပန်းကန်လုံးတစ်လုံးထဲတွင် နနွင်း ဂျင်းရည်၊ သံပုယိုရည်နှင့် ငရုတ်ကောင်းမှုန့်တို့ ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

ရရှိလာတဲ့ဖျော်ရည်ကို ဖန်ခွက် (သို့) ဖန်ပုလင်းထဲထည့်ထားလိုက်ပါ။

ဒါဆိုရင်တော့ ကိုယ်ခံအားကို မြှင့်တင်ပေးမယ့် ဂျင်းဖျော်ရည်တစ်ခွက် ရရှိသွားပါပြီ။

ဖျော်ပြီးပြီးချင်းမှာပဲ သောက်သုံးနိုင်သလို ရေခဲသေတ္တာထဲ ထည့်ပြီးအအေးခံကာ သောက်သုံးနိုင်ပါသေးတယ်။

ဒီဖျော်ရည်လေးကို မနက်နိုးချိန်မှာ သောက်သုံးပေးသင့်ပြီး အရသာရှိရှိ သောက်သုံးချင်ပါက လိမ္မော်ရည်အနည်းငယ် ထပ်ထည့်နိုင်ပါတယ်။ နေ့စဉ်အချိန်မှန်မှန် သောက်သုံးပေးပါက အအေးမိ တုပ်ကွေးဖျားနာတို့ကို ကြိုတင်ကာကွယ်ပေးရာရောက်ပါတယ်။

Source: Alphafoodie.com