[Unicode]

နွားနို့ကို သကြားနဲ့မသောက်ဘဲ ပျားရည်နဲ့သောက်ပေးမယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးရှိသလဲဆိုတာ မျှဝေပေးသွားပါမယ်။ ပျားရည်နဲ့နွားနို့ တွဲသောက်မယ်ဆိုရင်တော့ အရသာကလည်း ကောင်းသလို ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း အနွေးဓာတ်ပေးပါတယ်။ အခုလို သောက်ပေးတာဟာ ကျန်းမာရေးအတွက်များစွာအကျိုးကျေးဇူးရှိနေပါတယ်။ ဘာလို့လဲဆိုတော့ ပျားရည်နဲ့ နွားနို့မှာ ဘက်တီးရီးယားဆန့်ကျင်ပစ္စည်းတွေ၊ မှိုဆန့်ကျင်ပစ္စည်တွေ၊ Antioxidant တွေကြွယ်ဝစွာပါဝင်လို့ပါပဲ။ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေလည်းပါဝင်ပြီး အသက်ရှုလမ်းကြောင်းအတွက်လည်း အကျိုးကျေးဇူးများစွာရှိနေပါတယ်။

mujer-bebiendo-leche-500x334

ဗီတာမင် A, B Complex, D စတဲ့ဓာတ်တွေလည်းပါဝင်ပြီး ကယ်လ်ဆီယမ်လည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် ပရိုတင်းနဲ့ လက်တစ်အက်ဆစ်လည်းပါဝင်ပါတယ်။

၁။ အသားအရေကို ကာကွယ်ပေးတယ်။

ajo-en-leche-piel-500x346

သင်အသားအရေကို ကြည်လင်စေပြီး မမြင်နိုင်တဲ့ ဘက်တီးရီးယားတွေကနေ ကာကွယ်ပေးပါတယ်။ အရေပြားအတွင်းပိုင်းကနေ အားဖြည့်ပေးလို့လည်း အသားအရေအတွက်ကောင်းမွန်ပါတယ်။ ပျားရည်နဲ့ နွားနို့ကိုရောပြီး ရေချိုးပေးချင်လည်းရပါတယ်။

၂။အစာချေစနစ်ကိုကောင်မွန်စေတယ်။

အစာချေစနစ်ကိုကောင်းမွန်စေပြီး အူလမ်းကြောင်းကိုလည်းကျန်းမာစေပါတယ်။ ဒါ့ကြောင့် ဝမ်းချုပ်တာ၊ ဝမ်းကိုက်တာ၊ လေပွတာတွေကို သက်သာစေပါတယ်။

၃။ ခုခံအားတိုးမြင့်စေခြင်း

Ejercicios-para-que-los-hombres-fortalezcan-500x334

နွားနို့နဲ့ ပျားရည်ကို မနက်တိုင်းသောက်ပေးမယ်ဆိုရင် ခံနိုင်ရည်စွမ်းအားတိုးမြင့်ပေးပါတယ်။ ကာဘွန်ဟိုက်ဒရိတ်ပါဝင်လို့လည်း ဇီဝဖြစ်စဉ်ကို မြင့်တင်ပေးနိုင်ပါတယ်။

၄။ အရိုးကျန်းမာရေး

ကယ်လ်ဆီယမ်ပါဝင်လို့ ပျားရည်နဲ့ နွားနို့ကို တွဲပြီးသောက်ပေးရင် အရိုးတွေကို ကျန်းမာသန်စွမ်းစေပါတယ်။ အဟာရဓာတ်တွေကိုလည်း အလွယ်တကူစုပ်ယူမှု အားကောင်းစေပါတယ်။ အဆစ်အမြစ်ရောင်ရမ်းနာကျင်တာမျိုးအပြင် အရိုးပွာရောဂါကိုပါ ကာကွယ်ပေးပါတယ်။

၅။ အိပ်ရေးဝစေခြင်း

5-soy-milk

ပျားရည်နဲ့ နွားနို့ပူပူကို အိပ်ယာမဝင်ခင်သောက်ပေးရင် အိပ်မပျော်တဲ့ဝေဒနာကို သက်သာစေပြီး သင့်ကိုအိပ်ရေးဝါစေမှာပါ။

၆။ အိုမင်းရင့်ရော်မှုကို တားဆီးပေးခြင်း

အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေပြီး သင့်ကို အရွယ်တင်နုပျိုစေပါတယ်။ Antioxidant ပါဝင်လို့လည်း သင့်ကို လှပ ကျန်းမာစေမှာပါ။

Featured Image Source: www.boldsky.com

[Zawgyi]

ႏြားႏို႔ကို သၾကားနဲ႔မေသာက္ဘဲ ပ်ားရည္နဲ႔ေသာက္ေပးမယ္ဆိုရင္ ဘယ္လိုအက်ိဳးေက်းဇူးရွိသလဲဆိုတာ မွ်ေ၀ေပးသြားပါမယ္။ ပ်ားရည္နဲ႔ႏြားႏို႔ တြဲေသာက္မယ္ဆိုရင္ေတာ့ အရသာကလည္း ေကာင္းသလို ခႏၶာကိုယ္တစ္ခုလံုးကိုလည္း အေႏြးဓာတ္ေပးပါတယ္။ အခုလို ေသာက္ေပးတာဟာ က်န္းမာေရးအတြက္မ်ားစြာအက်ိဳးေက်းဇူးရွိေနပါတယ္။ ဘာလို႔လဲဆိုေတာ့ ပ်ားရည္နဲ႔ ႏြားႏို႔မွာ ဘက္တီးရီးယားဆန္႔က်င္ပစၥည္းေတြ၊ မိႈဆန္႔က်င္ပစၥည္ေတြ၊ Antioxidant ေတြၾကြယ္၀စြာပါ၀င္လို႔ပါပဲ။ ေရာင္ရမ္းမႈကို သက္သာေစတဲ့ ဂုဏ္သတၱိေတြလည္းပါ၀င္ၿပီး အသက္ရႈလမ္းေၾကာင္းအတြက္လည္း အက်ိဳးေက်းဇူးမ်ားစြာရွိေနပါတယ္။

mujer-bebiendo-leche-500x334

ဗီတာမင္ A, B Complex, D စတဲ့ဓာတ္ေတြလည္းပါ၀င္ၿပီး ကယ္လ္ဆီယမ္လည္း ၾကြယ္၀စြာပါ၀င္ပါတယ္။ ဒါ့အျပင္ ပရိုတင္းနဲ႔ လက္တစ္အက္ဆစ္လည္းပါ၀င္ပါတယ္။

၁။ အသားအေရကို ကာကြယ္ေပးတယ္။

ajo-en-leche-piel-500x346

သင္အသားအေရကို ၾကည္လင္ေစၿပီး မျမင္ႏိုင္တဲ့ ဘက္တီးရီးယားေတြကေန ကာကြယ္ေပးပါတယ္။ အေရျပားအတြင္းပိုင္းကေန အားျဖည့္ေပးလို႔လည္း အသားအေရအတြက္ေကာင္းမြန္ပါတယ္။ ပ်ားရည္နဲ႔ ႏြားႏို႔ကိုေရာၿပီး ေရခ်ိဳးေပးခ်င္လည္းရပါတယ္။

၂။အစာေခ်စနစ္ကိုေကာင္မြန္ေစတယ္။

အစာေခ်စနစ္ကိုေကာင္းမြန္ေစၿပီး အူလမ္းေၾကာင္းကိုလည္းက်န္းမာေစပါတယ္။ ဒါ့ေၾကာင့္ ၀မ္းခ်ဳပ္တာ၊ ၀မ္းကိုက္တာ၊ ေလပြတာေတြကို သက္သာေစပါတယ္။

၃။ ခုခံအားတိုးျမင့္ေစျခင္း

Ejercicios-para-que-los-hombres-fortalezcan-500x334

ႏြားႏို႔နဲ႔ ပ်ားရည္ကို မနက္တုိင္းေသာက္ေပးမယ္ဆိုရင္ ခံႏိုင္ရည္စြမ္းအားတိုးျမင့္ေပးပါတယ္။ ကာဘြန္ဟိုက္ဒရိတ္ပါ၀င္လို႔လည္း ဇီ၀ျဖစ္စဥ္ကို ျမင့္တင္ေပးႏိုင္ပါတယ္။

၄။ အရိုးက်န္းမာေရး

ကယ္လ္ဆီယမ္ပါ၀င္လို႔ ပ်ားရည္နဲ႔ ႏြားႏို႔ကို တြဲၿပီးေသာက္ေပးရင္ အရိုးေတြကို က်န္းမာသန္စြမ္းေစပါတယ္။ အဟာရဓာတ္ေတြကိုလည္း အလြယ္တကူစုပ္ယူမႈ အားေကာင္းေစပါတယ္။ အဆစ္အျမစ္ေရာင္ရမ္းနာက်င္တာမ်ိဳးအျပင္ အရိုးပြာေရာဂါကိုပါ ကာကြယ္ေပးပါတယ္။

၅။ အိပ္ေရး၀ေစျခင္း

5-soy-milk

ပ်ားရည္နဲ႔ ႏြားႏို႔ပူပူကို အိပ္ယာမ၀င္ခင္ေသာက္ေပးရင္ အိပ္မေပ်ာ္တဲ့ေ၀ဒနာကို သက္သာေစၿပီး သင့္ကိုအိပ္ေရး၀ါေစမွာပါ။

၆။ အိုမင္းရင့္ေရာ္မႈကို တားဆီးေပးျခင္း

အိုမင္းရင့္ေရာ္မႈကို ေနွာင့္ေႏွးေစၿပီး သင့္ကို အရြယ္တင္ႏုပ်ိဳေစပါတယ္။ Antioxidant ပါ၀င္လို႔လည္း သင့္ကို လွပ က်န္းမာေစမွာပါ။

Featured Image Source: www.boldsky.com