အစားအစာ စားသုံးမှုနည်းစနစ်များ မှားယွင်းမှုကြောင့် ဆီးချိုရောဂါ ခံစားရခြင်းဖြစ်တယ်လို့ သုတေသနပညာရှင်များရဲ့ပြောကြားချက်အရ သိရှိနိုင်ပါတယ်။

ဆီးချိုရောဂါ ခံစားရသူများအနေနဲ့ မိမိနေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ လတ်ဆတ်တဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်သစ်သီးဝလံများကို များများစားသုံးပေးခြင်းအားဖြင့် ဆီးချိုရောဂါလက္ခဏာများ ပိုမိုဆိုးရွားမလာအောင် ထိန်းချုပ်ပေးနိုင်ပါတယ်။

ဆီးချိုသမားများ ရှောင်ကြဉ်သင့်တဲ့အစားအစာတွေကတော့ အချိုလွန်ကဲတဲ့အစားအစာများ၊ တာရှည်ခံအစားအစာများ၊ နို့ထွက်ပစ္စည်းများ (ဒိန်ချဉ်မှလွဲ၍)၊ အရက်ဘီယာနှင့် ကွမ်းစားခြင်းတို့ပဲဖြစ်ပါတယ်။

သွေးတွင်းသကြားဓာတ်ကို လျော့ချရာမှာ ကူညီပေးနိုင်တဲ့အစားအစာများကတော့ ပန်းသီးစိမ်း၊ ကြက်ဟင်းခါးသီးနှင့် သခွားသီးတို့ပဲဖြစ်ပါတယ်။ ထိုဟင်းသီးဟင်းရွက် သစ်သီးဝလံ သုံးမျိုးကို အသုံးပြုပြီး ဆီးချိုရောဂါပျောက်ကင်းစေဖို့အတွက် ကူညီပေးနိုင်တဲ့ အစိမ်းရောင်ဖျော်ရည်တစ်မျိုး ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သခွားသီး တစ်ဝက်
  • ပန်းသီးစိမ်း ၁ လုံး
  • ကြက်ဟင်းခါးသီး တစ်ဝက်
  • တရုတ်နံနံ ၂ ချောင်း
  • သံပုယိုသီး လေးပုံပုံ တစ်ပုံ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများအားလုံးကို ရေစင်အောင် ဆေးကြောသန့်စင်ထားပါ။

၂။ သခွားသီးနှင့် ပန်းသီးစိမ်းကို အခွံခွာပြီးနောက် အနေတော်အတုံး တုံးထားပါ။ တရုတ်နံနံ၊ ကြက်ဟင်းခါးသီးတို့ကိုလည်း အနေတော် အတုံး တုံးထားပါ။

၃။ ထို့နောက် သခွားသီး၊ ပန်းသီးစိမ်း၊ တရုတ်နံနံ၊ ကြက်ဟင်းခါးသီးတို့ကို သစ်သီးဖျော်စက်ထဲ ထည့်လိုက်ပါ။ ထို့နောက် သံပုယိုရည် ညှစ်ထည့်ကာ သမအောင် ဖျော်ပေးလိုက်ပါ။

၄။ ရရှိလာတဲ့အရည်ကို ဖန်ခွက်ထဲ ပြောင်းထည့်ပြီးနောက် တစ်ရက် တစ်ကြိမ်စီ မှန်မှန်သောက်ပေးရပါမယ်။

ထိုကဲ့သို့ မှန်မှန်သောက်သုံးပေးခြင်းအားဖြင့် သွေးတွင်းသကြားဓာတ်များ လျော့နည်းသွားပြီး ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲရောဂါလက္ခဏာများ ခံစားရနိုင်ချေ သိသိသာသာလျော့ကျသွားပါလိမ့်မယ်။

Source: Learningpetals