[Unicode]

အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်အီ ဒေသမှာရှိတဲ့ မိသားစုတစ်စုစိုက်ပျိုးတဲ့ အလေးချိန် ၅.၆ ပေါင်ရှိတဲ့ ထောပတ်သီးကြီးက ကမ္ဘာ့စံချိန်တင်သွားခဲ့ပါတယ်။

အဲ့ဒီ ထောပတ်သီးကြီးက ကမ္ဘာ့အကြီးဆုံး ဂရင်းနစ်စံချိန်ဝင်သွားတဲ့ အသိအမှတ်ပြု လက်မှတ်ရခဲ့ပါတယ်။

Maui ကျွန်း၊ ဟာဝိုင်အီဒေသရှိ လယ်သမားမိသားစု Mark, Juliana နဲ့ Loihi Pokini တို့က ကမ္ဘာ့စံချိန်ဝင်တဲ့ ထောပတ်သီးကြီးကို ဒီဇင်ဘာလက ခူးဆွတ်ရရှိခဲ့တာဖြစ်ပြီး ကမ္ဘာ့စံချိန်များဝင်နိုင်မလားဆိုပြီး ထင်မြင်ယူဆခဲ့ကြပါတယ်။

ဂရင်းနစ်စံချိန် အဖွဲ့ကို လျှောက်ထားခဲ့ရာမှ ဒီတစ်ပတ်မှာ ဂရင်းနစ်စံချိန်ဝင်တဲ့ စာရွက်စာတမ်းတွေ ပြန်လည် ရရှိခဲ့ကြတာပါ။

Juliane Pokini က “ကျွန်မတို့ အရမ်းကို စိတ်လှုပ်ရှားနေကြပါတယ်။ ဒီလို စံချိန်တင်စာရင်းဝင်ဖို့အတွက်လည်း အများကြီး စောင့်ဆိုင်းခဲ့ရတယ်” လို့ ပြောပါတယ်။

အရင်က ဂရင်းစံချိန် ဝင်ခဲ့တဲ့ ထောပတ်သီးရဲ့ အလေးချိန်က ၅.၅ ပေါင်ဖြစ်ပါတယ်။

အရင်ကလည်း Mark တို့ မိသားစု အလေးချိန် ၅.၇ ပေါင်ရှိတဲ့ ထောပတ်သီး တစ်လုံး ရရှိခဲ့ပေမယ့် ဂရင်းနစ်စံချိန်တော့ မလျှောက်ဖြစ်ခဲ့ပါဘူး။

Source: UPI

[Zawgyi]

အေမရိကန္ျပည္ေထာင္စု၊ ဟာဝိုင္အီ ေဒသမွာရွွိတဲ့ မိသားစုတစ္စုစိုက္ပ်ိဳးတဲ့ အေလးခ်ိန္ ၅.၆ ေပါင္ရွိတဲ့ ေထာပတ္သီးႀကီးက ကမာၻ႔စံခ်ိန္တင္သြားခဲ့ပါတယ္။

အဲ့ဒီ ေထာပတ္သီးႀကီးက ကမာၻ႔အႀကီးဆံုး ဂရင္းနစ္စံခ်ိန္ဝင္သြားတဲ့ အသိအမွတ္ျပဳ လက္မွတ္ရခဲ့ပါတယ္။

Maui ကြ်န္း၊ ဟာဝိုင္အီေဒသရွိ လယ္သမားမိသားစု Mark, Juliana နဲ႔ Loihi Pokini တို႔က ကမာၻ႔စံခ်ိန္ဝင္တဲ့ ေထာပတ္သီးႀကီးကို ဒီဇင္ဘာလက ခူးဆြတ္ရရွိခဲ့တာျဖစ္ျပီး ကမာၻ႔စံခ်ိန္မ်ားဝင္ႏိုင္မလားဆိုျပီး ထင္ျမင္ယူဆခဲ့ၾကပါတယ္။

ဂရင္းနစ္စံခ်ိန္ အဖြဲ႔ကို ေလွ်ာက္ထားခဲ့ရာမွ ဒီတစ္ပတ္မွာ ဂရင္းနစ္စံခ်ိန္ဝင္တဲ့ စာရြက္စာတမ္းေတြ ျပန္လည္ ရရွိခဲ့ၾကတာပါ။

Juliane Pokini က “ကြ်န္မတို႔ အရမ္းကို စိတ္လႈပ္ရွားေနၾကပါတယ္။ ဒီလို စံခ်ိန္တင္စာရင္းဝင္ဖို႔အတြက္လည္း အမ်ားႀကီး ေစာင့္ဆိုင္းခဲ့ရတယ္” လို႔ ေျပာပါတယ္။

အရင္က ဂရင္းစံခ်ိန္ ဝင္ခဲ့တဲ့ ေထာပတ္သီးရဲ႕ အေလးခ်ိန္က ၅.၅ ေပါင္ျဖစ္ပါတယ္။

အရင္ကလည္း Mark တို႔ မိသားစု အေလးခ်ိန္ ၅.၇ ေပါင္ရွိတဲ့ ေထာပတ္သီး တစ္လံုး ရရွိခဲ့ေပမယ့္ ဂရင္းနစ္စံခ်ိန္ေတာ့ မေလွ်ာက္ျဖစ္ခဲ့ပါဘူး။

Source: UPI