ပင်စိမ်းက ဟင်းလျာတွေချက်ပြုတ်ရာမှာလည်း ထည့်ကြတာများပါတယ်။ ပင်စိမ်းက ပူစီနံမျိုးနွယ်ဝင်ထဲက တစ်ခုဖြစ်ပြီး Oregano တို့ Rosemary တို့လည်း ပူစီနံမျိုးနွယ်ဝင်ထဲမှာပါဝင်နေပါတယ်။

ပင်စိမ်းမှာ အမျိုးခွဲပေါင်း ၃၅ မျိုးလောက်ရှိတာကြောင့် မြန်မာနိုင်ငံမှာ စားတဲ့ ပင်စိမ်းမျိုးနဲ့ တခြားနိုင်ငံက ပင်စိမ်းနဲ့ တူဖို့တော့ မလွယ်ပါဘူး။ ဒါပေမယ့် ပင်စိမ်း ၃၅ မျိုးလုံးမှာ ပါဝင်တဲ့ အာဟာရဓာတ်ကတော့ သိပ်မကွဲပါဘူး။

ပင်စိမ်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

ပင်စိမ်းက ရောဂါတွေကို တိုက်ဖျက်နိုင်

ပင်စိမ်းမှာ စွမ်းအားမြင့် Antioxidants တွေပါဝင်တာကြောင့် Free Radical တွေကို တိုက်ဖျက်နိုင်ပြီး DNA ဆဲလ်တွေကို ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်ခံအားစနစ်ကောင်းဖို့ရာမှာ အဓိကကျတဲ့ သွေးဖြူဥတွေကိုလည်း အဓိကကာကွယ်ပေးပါတယ်။ စိတ်ဖိစီးမှုတွေကို လျော့နည်းစေပြီး အိုမင်းရင့်ရော်တဲ့ နှုန်းကိုလည်း လျော့ကျစေပါတယ်။

ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်

ပင်စိမ်းက ခန္ဓာကိုယ်ထဲမှာ ဘက်တီးရီးယားတွေ ကြီးထွားမှုကို တိုက်ဖျက် ကာကွယ်ပေးနိုင်ပါတယ်။ သာမန် ဖျားနာတတ်တဲ့ ဘက်တီးရီးယားတွေသာမက ပိုလန်နိုင်ငံ၊ Lodz ဆေးပညာတက္ကသိုလ်ကပြုလုပ်ခဲ့တဲ့ သုတေသနအရ ပင်စိမ်းက Ecoli လို စွမ်းအားမြင့် ဘက်တီးရီးယားတွေကိုပါ တိုက်ဖျက်နိုင်ကြောင်းတွေ့ရှိခဲ့ရပါတယ်။

ရောင်ရမ်းမှုကို လျော့ချပေး

ပင်စိမ်းမှာ ခန္ဓာကိုယ်အတွင်းမှာ ရောင်ရမ်းမှုတွေကို လျော့ချပေးပါတယ်။ ပင်စိမ်းမှာပါဝင်တဲ့ အင်ဇိုင်းတွေက ရောင်ရမ်းမှုတွေကို လျော့ချပေးပါတယ်။

ကင်ဆာရောဂါကို ကာကွယ်

ကင်ဆာဆဲလ်တွေကို သေစေနိုင်မယ့် အစားအစာများ

ပင်စိမ်းမှာ Phytochemicals တွေပါဝင်တာကြောင့် ဒီဓာတ်တွေက ကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်ပါတယ်။ အဓိက အရေပြား၊ အသည်း၊ ခံတွင်းနဲ့ အဆုတ်ကင်ဆာတွေ အတွက်ကောင်းပါတယ်။

နှလုံးကျန်းမာရေးအတွက် ကောင်းမွန်

နှလုံးကြွက်သားတွေကို သက်တောင့်သက်သာဖြစ်စေပြီး သွေးဖိအားမြင့်တာတွေကိုလည်း လျော့ချပေးပါတယ်။ သွေးအတွင်း မကောင်းတဲ့ကိုလက်စထရောတွေကိုလည်း လျော့ချပေးပါတယ်။

အသည်းကျန်းမာရေးအတွက် ကောင်းမွန်

အသည်းရဲ့လုပ်ငန်းဆောင်တာတွေကို မြှင့်တင်ပေးနိုင်ပြီး အစာခြေစနစ်ကို အားကောင်းစေပါတယ်။ ပင်စိမ်းက အသည်းထဲမှာရှိတဲ့ အဆီတွေကို လျော့ချပေးတဲ့ အင်ဇိုင်းဓာတ်တွေလည်းပါဝင်နေပါတယ်။

Featured Image Source: bustle.com