[Unicode]

Blackberry သီးကို စားဖူးကြလား။ ဒီအပင်က ငယ်ငယ်တုန်းကတော့ အိမ်မှာပေါက်လို့ အမြဲလိုလို ခူးစားဖြစ်ပါတယ်။ ဒါပေမဲ့ အသီးရဲ့နာမည်ကိုတော့ ကျွန်မတို့ မခေါ်တတ်ပါဘူး။

110424-400x300-Blackberrybush

ဒါအရိုးရှင်းဆုံးပြောတာပါ။ မမှည့်သေးခင်မှာ ချဉ်သလိုလိုရှိပြီး မှည့်သွားရင်လည်းချိုချဉ်အရသာလေးနဲ့ တကယ်ကိုစားလို့ကောင်းတဲ့အသီးပါ။

blackberry_21E8E525F3F06

ဒီ Blackberry သီးက လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက ဆေးဖြစ်ဝါးဖြစ် လူတွေအသုံးပြုစားသုံးလာခဲ့ကြပါတယ်။ Blackberry သီးပဲဖြစ်ဖြစ် အရွက်ပဲဖြစ်ဖြစ် အမြစ်ပဲဖြစ်ဖြစ် ကျန်းမာရေးအတွက်အရမ်းကိုအကျိုးရှိပါတယ်။ ၁၈ ရာစုတုန်းကဆိုရင် ဂရိတွေဟာ Blackberry ကို ဂေါက်ရောဂါကိုကုသဖို့ အသုံးပြုခဲ့ကြလို့ ဥရောပမှာဆိုရင် Gout Berry လို့တောင်လူသိများခဲ့ပါတယ်။

ဆိုတော့ Blackberry သီးရဲ့အကျိုးကျေးဇူးတွေကို ကြည့်လိုက်ရအောင်ပါ။

အမျှင်ဓါတ်

happy-digestive-system

Blackberry သီးတစ်ခွက်မှာ အမျှင်ဓါတ် ၇.၆ ဂရမ်ပါဝင်ပါတယ်။ ဒါ့ကြောင့် သရေစာအဖြစ်စားနိုင်ပြီး ကိုယ်ခံစားစနစ်ကိုကောင်းမွန်စေသလို အစာချေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

Antioxidant

AAEAAQAAAAAAAAfKAAAAJDMxMmI3YzY2LTllYjEtNDNiMC1hMjAwLTAxNWI4M2UwZDE5Nw

Blackberry သီးမှာ Antioxidant တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့ကြောင့်လည်း ခန္ဓာကိုယ်အတွင်းကအဆိပ်အတောက်တွေကို သဘာဝအတိုင်းဖယ်ရှားပေးနိုင်ပါတယ်။

ဦးနှောက်စွမ်းဆောင်ရည်

smart-girl-book-fb

Blackberry သီးမှာ အာဟာရဓါတ်ကြွယ်ဝစွာပါဝင်ပြီး အသက်အရွယ်ကြီးလာတာနဲ့အမျှ မှတ်ဉာဏ်ယိုးယွင်းလာတာတွေကို သက်သာစေပါတယ်။

ခံတွင်းကျန်းမာရေး

Young woman holding blackberry in teeth, close-up of mouth

Blackberry ကိုစားပေးတာဟာ ခံတွင်းမှာ ဘက်တီးရီးယားပိုးမွှားဝင်ရောက်မှုကို တားဆီးကာကွယ်ပေးနိုင်ပါတယ်။ ဗိုင်းရပ်ပိုးမွှားတွေကို ဆန့်ကျင်တဲ့ဂုဏ်သတ္တိတွေပါဝင်လို့လည်း ခံတွင်းကို ကျန်းမာစေပါတယ်။

ကင်ဆာတိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိ

what-is-cancer

Blackberry သီးမှာ Antixidant တွေကြွယ်ဝစွာပါဝင်လို့ အဆုတ်ကင်တာ အူမကြီးကင်ဆာဖြစ်ပွားမှုကိုကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကင်ဆာဆဲလ်ပျံ့နှံ့မှုကိုလည်း ကာကွယ်ပေးပါတယ်။ Blackberry ကိုပုံမှန်စားပေးရင် ကင်ဆာဖြစ်ပွားမှုကို လျှော့ကျစေပါတယ်။

နှလုံးကျန်းမာရေး

heart-disease-03

Blackberry သီးမှာ Anthocyanin လို နှလုံးကိုကာကွယ်ပေးတဲ့ အာဟာရဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် မဂ္ဂနီဆီယမ်နဲ့ အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့ သွေးလွှတ်ကြောမကြီးမှာ သွေးကြောပိတ်တာကို ကာကွယ်ပေးပြီး သွေးစီးဆင်းမှုကို ကောင်းမွန်စေပါတယ်။ ဒါ့ကြောင့်လည်း နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်ခံအားစနစ်

blackberry_21E8E525F3F06

ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစွာပါဝင်လို့ ကူးစက်ရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။

ကိုယ်အလေးချိန်

weight-control-07

Blackberry သီးမှာ သကြားဓါတ်နည်းနည်းပဲပါပြီး အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့ ကျန်းကျန်းမာမာနဲ့ ဝိတ်ချနိုင်ပါတယ်။

အရိုးကျန်းမာရေး

4480-1_0_1

Blackberry သီးမှာတွေ့ရတဲ့ မဂ္ဂနီဆီယမ်နဲ့ ကယ်ဆီယမ်ဓါတ်တွေဟာ အရိုးကိုကျန်းမာပေါတယ်။

Source: healthfitnessrevolution

[Zawgyi]

Blackberry သီးကို စားဖူးၾကလား။ ဒီအပင္က ငယ္ငယ္တုန္းကေတာ့ အိမ္မွာေပါက္လို႔ အၿမဲလိုလို ခူးစားျဖစ္ပါတယ္။ ဒါေပမဲ့ အသီးရဲ႕နာမည္ကိုေတာ့ ကၽြန္မတို႔ မေခၚတတ္ပါဘူး။

110424-400x300-Blackberrybush

ဒါအရိုးရွင္းဆံုးေျပာတာပါ။ မမွည့္ေသးခင္မွာ ခ်ဥ္သလိုလိုရွိၿပီး မွည့္သြားရင္လည္းခ်ိဳခ်ဥ္အရသာေလးနဲ႔ တကယ္ကိုစားလို႔ေကာင္းတဲ့အသီးပါ။

blackberry_21E8E525F3F06

ဒီ Blackberry သီးက လြန္ခဲ့တဲ့ႏွစ္ေပါင္း ၂၀၀၀ ေက်ာ္ကတည္းက ေဆးျဖစ္၀ါးျဖစ္ လူေတြအသံုးျပဳစားသံုးလာခဲ့ၾကပါတယ္။ Blackberry သီးပဲျဖစ္ျဖစ္ အရြက္ပဲျဖစ္ျဖစ္ အျမစ္ပဲျဖစ္ျဖစ္ က်န္းမာေရးအတြက္အရမ္းကိုအက်ိဳးရွိပါတယ္။ ၁၈ ရာစုတုန္းကဆိုရင္ ဂရိေတြဟာ Blackberry ကို ေဂါက္ေရာဂါကိုကုသဖို႔ အသံုးျပဳခဲ့ၾကလို႔ ဥေရာပမွာဆိုရင္ Gout Berry လို႔ေတာင္လူသိမ်ားခဲ့ပါတယ္။

ဆိုေတာ့ Blackberry သီးရဲ႕အက်ိဳးေက်းဇူးေတြကို ၾကည့္လိုက္ရေအာင္ပါ။

အမွ်င္ဓါတ္

happy-digestive-system

Blackberry သီးတစ္ခြက္မွာ အမွ်င္ဓါတ္ ၇.၆ ဂရမ္ပါ၀င္ပါတယ္။ ဒါ့ေၾကာင့္ သေရစာအျဖစ္စားႏိုင္ၿပီး ကိုယ္ခံစားစနစ္ကိုေကာင္းမြန္ေစသလို အစာေခ်စနစ္ကိုလည္း ေကာင္းမြန္ေစပါတယ္။

Antioxidant

AAEAAQAAAAAAAAfKAAAAJDMxMmI3YzY2LTllYjEtNDNiMC1hMjAwLTAxNWI4M2UwZDE5Nw

Blackberry သီးမွာ Antioxidant ေတြၾကြယ္၀စြာပါ၀င္ပါတယ္။ ဒါ့ေၾကာင့္လည္း ခႏၶာကိုယ္အတြင္းကအဆိပ္အေတာက္ေတြကို သဘာ၀အတိုင္းဖယ္ရွားေပးႏိုင္ပါတယ္။

ဦးေႏွာက္စြမ္းေဆာင္ရည္

smart-girl-book-fb

Blackberry သီးမွာ အာဟာရဓါတ္ၾကြယ္၀စြာပါ၀င္ၿပီး အသက္အရြယ္ႀကီးလာတာနဲ႔အမွ် မွတ္ဥာဏ္ယိုးယြင္းလာတာေတြကို သက္သာေစပါတယ္။

ခံတြင္းက်န္းမာေရး

Young woman holding blackberry in teeth, close-up of mouth

Blackberry ကိုစားေပးတာဟာ ခံတြင္းမွာ ဘက္တီးရီးယားပိုးမႊား၀င္ေ၇ာက္မႈကို တားဆီးကာကြယ္ေပးႏိုင္ပါတယ္။ ဗိုင္းရပ္ပိုးမႊားေတြကို ဆန္႔က်င္တဲ့ဂုဏ္သတၱိေတြပါ၀င္လို႔လည္း ခံတြင္းကို က်န္းမာေစပါတယ္။

ကင္ဆာတိုက္ဖ်က္ႏိုင္တဲ့ ဂုဏ္သတၱိ

what-is-cancer

Blackberry သီးမွာ Antixidant ေတြၾကြယ္၀စြာပါ၀င္လို႔ အဆုတ္ကင္တာ အူမႀကီးကင္ဆာျဖစ္ပြားမႈကိုကာကြယ္ေပးပါတယ္။ ဒါ့အျပင္ ကင္ဆာဆဲလ္ပ်ံ႔ႏွံ႔မႈကိုလည္း ကာကြယ္ေပးပါတယ္။ Blackberry ကိုပံုမွန္စားေပးရင္ ကင္ဆာျဖစ္ပြားမႈကို ေလွ်ာ့က်ေစပါတယ္။

ႏွလံုးက်န္းမာေရး

heart-disease-03

Blackberry သီးမွာ Anthocyanin လို ႏွလံုးကိုကာကြယ္ေပးတဲ့ အာဟာရဓါတ္ေတြၾကြယ္၀စြာပါ၀င္ပါတယ္။ ဒါ့အျပင္ မဂၢနီဆီယမ္နဲ႔ အမွ်င္ဓါတ္ေတြၾကြယ္၀စြာပါ၀င္လို႔ ေသြးလႊတ္ေၾကာမႀကီးမွာ ေသြးေၾကာပိတ္တာကို ကာကြယ္ေပးၿပီး ေသြးစီးဆင္းမႈကို ေကာင္းမြန္ေစပါတယ္။ ဒါ့ေၾကာင့္လည္း ႏွလံုးေရာဂါျဖစ္ပြားမႈကို ကာကြယ္ေပးႏိုင္ပါတယ္။

ကိုယ္ခံအားစနစ္

blackberry_21E8E525F3F06

ဗီတာမင္နဲ႔ သတၱဳဓါတ္ေတြ ၾကြယ္၀စြာပါ၀င္လို႔ ကူးစက္ေရာဂါျဖစ္ပြားမႈကို ကာကြယ္ေပးပါတယ္။

ကိုယ္အေလးခ်ိန္

weight-control-07

Blackberry သီးမွာ သၾကားဓါတ္နည္းနည္းပဲပါၿပီး အမွ်င္ဓါတ္ေတြၾကြယ္၀စြာပါ၀င္လို႔ က်န္းက်န္းမာမာနဲ႔ ၀ိတ္ခ်ႏိုင္ပါတယ္။

အရိုးက်န္းမာေရး

4480-1_0_1

Blackberry သီးမွာေတြ႔ရတဲ့ မဂၢနီဆီယမ္နဲ႔ ကယ္ဆီယမ္ဓါတ္ေတြဟာ အရိုးကိုက်န္းမာေပါတယ္။

Source: healthfitnessrevolution