တရုတ်နံနံပင်ဟာ မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်တဲ့ အပင်ဖြစ်ပြီး ဟင်းခတ်အမွှေးအကြိုင် ဟင်းရွက်အဖြစ် စားသုံးကြပါတယ်။ တရုတ်နံနံပင်ကို ပန်းအိုးတစ်လုံးထဲမှာပဲ စိုက်လို့ ရတဲ့အတွက်  အလွယ်တကူ စိုက်ပျိုးကြပြီး ဟင်းထဲ ထည့်ခါနီးမှ ခူးပြီး လတ်လတ်ဆတ်ဆတ် စားကြပါတယ်။ ဈေးမှာ ဝယ်ရင်လည်း သိပ်မများတဲ့ နှုန်းနဲ့ ဝယ်လို့ ရတာမို့ သူ့ရဲ့ အစွမ်းကို သိပ်တော့ သတိမထားမိကြပါဘူး။

တရုတ်နံနံပင်မှာ ပါဝင်တဲ့ဓာတ်တွေကို အတိအကျ သိချင်မှ သိပေမယ့် ကျန်းမာရေးအတွက် ကောင်းကျိုးတွေ များတယ်ဆိုတာကတော့ အသေအချာပါပဲ။ တရုတ်ဆေးပညာမှာ အသက်ရှည်ဆေးအဖြစ် တင်စားကြတဲ့ တရုတ်နံနံပင်မှာ အာဟာရပညာရှင်တွေရဲ့ ထောက်ခံချက် ရထားတဲ့ အပင်ပါ။ ဟင်းခတ်အမွှေးအကြိုင် အရွက်အဖြစ် အသုံးပြုတာမို့ အနံ့မကြိုက်သူတွေလည်း ရှိပါတယ်။ တရုတ်အစားအစာ အများစုမှာ အသုံးပြုတာများပြီး ဟင်းချိုနဲ့ အကြော်အလှော်တွေမှာ ထည့်ပြီး ချက်ပါတယ်။

တရုတ်နံနံပင်ဟာ လူတွေ သတိမထားမိတဲ့ ကျန်းမာရေး ကောင်းကျိုးတွေ ရှိနေပါတယ်။

၁။ မျက်လုံးအတွက် ကောင်းမွန်

တရုတ်နံနံပင်မှာ ဗီတာမင်အေ ကြွယ်ဝစွာ ပါဝင်တာကြောင့် မျက်လုံးကျန်းမာရေးကို ကူညီပေးပါတယ်။ အမြင်အာရုံကြည်လင်စေပြီး ညဘက် မျက်စိဝါးခြင်းကို သက်သာစေပါတယ်။

၂။ သွေးဖိအားကို လျော့ချပေး

တရုတ်နံနံပင်မှာ သဘာ၀ ဆိုဒီယမ်ဓာတ်တွေ ပါဝင်ပြီး သွေးလည်ပတ်မှု ပုံမှန်ဖြစ်အောင် ကူညီပေးပါတယ်။ သွေးတိုးတတ်တဲ့ သူတွေဆိုရင် တရုတ်နံနံရွက်ကို ရေနွေးဖြူမှာ ခတ်ပြီး သောက်လို့ ရပါတယ်။ တရုတ်နံနံရွက်ကို ရေဆေးပြီး စားရင်လည်း သွေးကျစေပါတယ်။

၃။ ကိုယ်အလေးချိန်လျော့ချဖို့ ကူညီ

တရုတ်နံနံပင်မှာ ကယ်လိုရီ မပါသလောက်ကို နည်းတာကြောင့် ကိုယ်အလေးချိန် တက်မှာမပူရသလို ကိုယ်အလေးချိန် လျော့ချချင်သူတွေအတွက်လည်း ပုံမှန် စားပေးလို့ ရပါတယ်။ တစ်နေ့ကို ပုံမှန် ၃-၄ရွက် စားပေးခြင်းနဲ့ ကိုယ်ထဲက မလိုအပ်တဲ့ အဆီပိုတွေကို ချေဖျက်စေနိုင်ပါတယ်။

၄။ အစာချေစနစ်ကို ကောင်းမွန်စေ

indigestion

တရုတ်နံနံ သတ္တုရည်ကို သောက်ပေးခြင်းဖြင့် ကိုယ်ထဲက သွေးလည်ပတ်မှုကို ထိန်းညှိပေးနိုင်ပြီး အူတွေရဲ့ လုပ်ဆောင်ချက်ကို ချောမွေ့စေပါတယ်။

၅။ စိတ်ဖိစီးမှုကို လျော့ချပေးနိုင်

တရုတ်နံနံဟာ စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်စေတဲ့ ဟော်မုန်းဓာတ်တွေကို လျော့ချပေးနိုင်ပါတယ်။ ကိုယ်တွင်း လုပ်ဆောင်ချက်တွေကို ပုံမှန်အတိုင်းဖြစ်စေဖို့ ကူညီပေးပါတယ်။

Credit: zeenews