ပြောင်းဖူးကို ကြိုက်ကြလားရှင့်။ လမ်းဘေးမှာ ပြောင်းဖူးပြုတ်သည်ရောင်းတာတွေ့တိုင်း ဝယ်စားဖြစ်လား။
ပြောင်းဖူးကို ကင်စားတာထက် ပြုတ်စားတာက ပိုပြီးအာနိသင်ရှိပါတယ်။ ပြောင်းဖူးမှာ ဘယ်လိုအကျိုးကျေးဇူးတွေရှိလဲဆိုတာ ကြည့်ရအောင်နော်။
Antioxidant
မကြာသေးမီက သုတေသနပြုချက်အရ ပြောင်းဖူးမှာ Antioxidant တွေကြွယ်ဝစွာပါဝင်ပြီး နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်စေပါတယ်တဲ့။ အထူးသဖြင့် အဝါရောင် ပြောင်းဖူးတွေမှာ တွေ့ရတဲ့ဓါတ်က နှလုံးရဲ့ လုပ်ဆောင်မှုကို ထောက်ပံ့ပေးပါတယ်။
အစာချေစနစ်
ပြောင်းဖူးမှာ အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့ကြောင့် အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။
အူမကြီးကင်ဆာဖြစ်ပွားမှုကို လျှော့ကျစေခြင်း
ပြောင်းဖူးမှာ အူမကြီးကင်ဆာဖြစ်ပွားမှုကို လျှော့ချပေးတဲ့ ဆဲလ်တွေကို အားဖြည့်ပေးနိုင်ပါတယ်။
စိတ်ခံစားမှုကို ညီမျှစေခြင်း
ပြောင်းဖူးမှာ ဗီတာမင် B6 ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့ကြောင့် ဦးနှောက်ကနေ စိတ်ကိုခံစားမှုကို ကောင်းမွန်စေတဲ့ဓါတ်တွေ ထတ်ပေးပါတယ်။ ဒါ့ကြောင့် အိပ်ရေးဝစေပြီး မနက်ဆိုလည်း ကောင်းကောင်းနိုးပါတယ်။ အိပ်ရေးဝလို့ နောက်နေ့မှာ စိတ်မကြည်တာ စိတ်ဆိုးဒေါသထွက်လွယ်တာတွေ မဖြစ်စေပါဘူး။
သွေးတိုးကျစေခြင်း
ပြောင်းဖူးကိုစားတာဟာ သွေးတိုးကျစေပါတယ်။
ပရိုတင်းဓါတ်
ပြောင်းဖူးမှာ ပရိုတင်းဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ပြောင်းဖူးကိုချွေပြီးထည့်ထားတဲ့ ခွက်တစ်ခွက်စာပါ ပရိုတင်းဓါတ် ၆ ဂရမ်ထိပါဝင်ပါတယ်။ ဒါ့ကြောင့် ကြွက်သားတွေကို သန်မာစေပြီး နေ့စဉ်ခွန်အားပြည့်ဝနေမှာပါ။
သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးခြင်း
ပြောင်းဖူးကိုစားတာဟာ သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်ပါတယ်။
လိပ်ခေါင်းရောဂါဖြစ်ပွားမှုအန္တရာယ်ကိုလျှော့ချပေးခြင်း
အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်တဲ့ ပြောင်းဖူးကိုစားတာဟာ လိပ်ခေါင်းရောဂါဖြစ်ပွားမှုကို လျှော့ကျစေပါတယ်။
သွေးအားနည်းရောဂါကို ကာကွယ်ပေးခြင်း
သွေးအားနည်းတာဟာ သွေးတွင်းမှာ သွေးနီဆဲလ်တွေ နည်းလာတာကြောင့်ဖြစ်ရတာပါ။ ပြောင်းဖူးမှာ သံဓါတ်ပြည့်ဝစွာပါဝင်လို့ သွေးအားနည်း ရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။