ပျဉ်းတော်သိမ်ရွက်၌ ဗီတာမင် အေ၊ စီ၊ B1၊ B2၊ ထုံးဓာတ်၊ သံဓာတ်၊ ကစီဓာတ်၊ အမျှင်ဓာတ်၊ အသားဓာတ်များ ပါဝင်ဧ။်။ ထို့ပြင် (အမိုင်နိုအက်ဆစ်)များစွာ ပါဝင်ပြီး ထိုအက်စစ်များကြောင့် အစားအသောက်များအား   မွှေးကြိုင်သောရနံ့ ဖြစ်စေပြီး ရောဂါအမျိုးမျိုး ကာကွယ်ပေးပါသည်။

ပျဉ်းတော်သိမ်ရွက်တွင် ပါဝင်သော ဓာတ်တိုးတားဆီးမှုသတ္တိ (Antioxidant) ဖြင့် (ကင်ဆာရောဂါ နှင့် နှလုံးရောဂါ) ကို တားဆီးနိုင်သည့်အပြင် မှတ်ဉာဏ်ကိုပါ ကောင်းမွန်စေကြောင်း  သြစတြေးလျနိုင်ငံရှိ အစားအသောက် သုတေသနပညာရှင်များဧ။် ခေါင်းဆောင်Dr.လိုင်းကိုဘီယာ့ခ် ကပြောကြားပါသည်။

– ပျဉ်းတော်သိမ်ရွက်မှ အဆီထုတ်ပြီး ထိုအဆီကို ဦးခေါင်း၌ လိမ်းခြင်းဖြင့် အဆုတ်၊ နှလုံး နှင့် မျက်စေ့အမြင် ချို့ယွင်းချက်များကို ကာကွယ်နိုင်ကြောင်း အိုင်ယာလန်နိုင်ငံရှိ ဆေးဝါးဘက်ဆိုင်ရာ စိုက်ပျိုးရေး သုတေသနဋ္ဌာနမှ တွေ့ရှိထားပြီး ထိုအရွက်ကို ကြိတ်၍ရသောအနှစ် (Paste) ကိုစားသုံးခြင်းဖြင့် အဆုတ် ၊ နှလုံးနှင့် သွေးနှင့် ပတ်သက်သော ရောဂါများကို ထိန်းချုပ်နိုင်သည်ဟု ဆိုပါဧ။်

( ဆေးဖက်အသုံးဝင်ပုံ )

(ဆီးချိုရောဂါ)

ဆီးချို၊ သွေးချို ရောဂါအတွက် နေ့စဉ် နံနက် အိပ်ရာထပြီး အစာမစားမီ လက်ဆတ်သော ပျဉ်းတော်သိမ် (၁၀) ရွက် စားပါ ။(၃) လတိတိစားလျှင် ထိုရောဂါကို ထိန်းချုပ်နိုင်ပြီး နေ့စဉ်မှီဝဲနေရသည့် ဆေးပမာဏကိုလည်း ထက်ဝက်ကျော် လျော့ချနိုင်ပါသည် ။ဆီးချိုကြောင့် ဖြစ်ပေါ်လာသည့် ခန္ဓာကိုယ်ဝဖြိုးခြင်း၊ သွေးထဲတွင် လွန်ကဲစွာရှိနေသော ကိုလက်စထရောကို လျှော့ချပေးပြီး၊ ဆက်လက်သုံးစွဲပါက ဆီးတွင် သကြားဓာတ်ထွက်ရှိခြင်းကို လုံးဝရပ်ဆိုင်းအောင် ထိန်းချုပ်နိုင်ပါသည် ။ ဝေဒနာရှင်များ ကျန်းမာရေးနှင့် ညီညွတ်သော အစားကို စားသုံးရန်လိုအပ်ပြီး ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ရန် လိုအပ်ပါသည် ။ (တစ်ဦးအတွက်ဆေး ဖြစ်သော်လည်း တစ်ဦးအတွက် ဘေးဖြစ်တတ်ပါ၍ သုံးစွဲလိုပါက ချင့်ချိန်၍ သုံးစွဲပါရန်။)

( အစာမကြေခြင်း )

အစာစားချင်စိတ်မရှိခြင်း၊ အစာမကြေခြင်း၊ ဝမ်းချုပ်ခြင်း၊  ဝမ်းသွားခြင်း၊ အော့အန်ခြင်း၊ ပျို့အန်ခြင်း ၊ ကလေးများ ဆာလောင်မှုမရှိပါက ခံတွင်းကောင်းအောင် လှုံ့ဆော်သည့် အစာအဖြစ် အရွက်သတ္တုရည် ထမင်းစားဇွန်း(၂) ဇွန်းတွင် သံပုရာရည်(သို့) ပျားရည် အနည်းငယ်ရောပြီး တိုက်ပါက ပျောက်ကင်းနိုင်ဧ။်။ အစာမကြေခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်းကို ပျောက်ကင်းစေပါဧ။်

(ဆံပင်ဖြူခြင်း )

အရွက်ကို ကြိတ်၍ ထွက်သောအရည်ကို အုန်းဆီဖြင့်ရော၍ မီးမျှင်းမျှင်းတွင် ရေဓာတ်ကုန်သည်အထိ ကျိုချက် အအေးခံပါ ။ ထိုဆီကို နေ့စဉ်လိမ်းပါက ကာကွယ်ပါဧ။် ။

(မျက်စေ့ရောဂါ)

ဗီတာမင်အေ များစွာပါဝင်၍ ကြိတ်သောအရည်ကို သောက်ပေးခြင်းဖြင့် (သို့) အစိမ်းလိုက် တို့စရာအဖြစ်စားပါက မျက်စေ့အမြင် ကြည်လင်စေဧ။် ။

(ကိုယ်ဝန်ဆောင် ပျို့အန်ခြင်း)

ကိုယ်ဝန်ရှိခါစ အမျိုးသမီးများတွင် ပျို့အန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ အစားအသောက် အနံ့မခံနိုင်ခြင်း ၊ ဆာလောင်မှုမရှိခြင်း၊ ဆာလောင်သော်လည်း အစာစား၍ မရခြင်း တို့ဖြစ်တတ်ပါသည် ။ ပျဉ်းတော်သိမ် သတ္တုရည် ဟင်းစားဇွန်း (၁) ဇွန်း၊ သံပုရာရည်(၂)ဇွန်း၊ သကြား(၁)ဇွန်းရောစပ်၍ နေ့စဉ် နံနက်တိုင်းသောက်ပါက အထက်ပါ ရာဂါများ သက်သာပျောက်ကင်းနိုင်ပါသည် ။

(ခွဲစိတ်လူနာများ)

ခွဲစိတ်ကုသမှု ခံယူ၍ ဆုံးရံှုးခံရသည့် သွေးအားကိုပြန်လည်ဖြည့်တင်းနိုင်ရန် (သံဓာတ်) ကြွယ်ဝသည့် ပျဉ်းတော်သိမ်ရွက်ကို ကြိတ်၍ ဟင်းခါး(သို့) သီးစုံဟင်းနှင့် ရောနှော ချက်ပြုတ် စားပါက အမြန်ကျန်းမာလာနိုင်သည် ။

(ဝမ်းချုပ်ခြင်း)

ဆူပွက်နေသော ရေနွေးတစ်ခွက်တွင် ပျဉ်းတော်သိမ်ရွက်အနည်းငယ်ကို လက်ဘက်ခြောက်ကဲ့သို့နှပ်ပြီး ပျားရည်တစ်ဇွန်းနှင့် ရော၍ သောက်ပါက ဝမ်းမှန်စေပါသည် ။

(ခံတွင်းပျက်ခြင်း)

ဟင်းခတ်အမွှေးအကြိုင် ပျဉ်းတော်သိမ်

အစာမကြေခြင်း နှင့် ပဋ္ဋိဇီဝဆေးများကို ကာလကြာရှည်သုံးစွဲရပါက အရသာကိုသိစေသော လျှာပေါ်ရှိ (အရသာခံအဖု) များကောင်းစွာ အလုပ်မလုပ်ခြင်းကြောင့် ခံတွင်း ပျက်ရဧ။် ။ ပျဉ်းတော်သိမ်ရွက်အနည်းငယ်တွင် ဂျင်း၊ ကြက်သွန်ဖြူ၊ မကျည်းမှည့်၊ ငရုတ်သီးနှင့် ဆားအနည်းငယ် စီ ရောကြိတ်၍ ရလာသော အနှစ်ကို ထမင်းဖြုနှင့် စားသုံးပါက ခံတွင်းပြန်လည် ကောင်းမွန်လာပါမည်။

(စိတ်ပျံ့လွင့်ခြင်း)

အရွက်အား ကြိတ်၍ရသောအနှစ်တွင် သံပုရာရည်၊ ဆမ်းပြီး ထမင်းဖြူ နှင့် နေ့ရော ညပါ စားသုံးပါက သက်သာပျောက်ကင်း၍ ကျန်းမာ လာနိုင်မည် ။

(ဒူလာသွေးဝမ်း)

ဒူလာသွေးဝမ်း နှင့် လိပ်ခေါင်းသွေးကျခြင်းများအတွက် အရွက်ကို စားပေးပါက သက်သာစေပါဧ။် ။

(ဖျဉ်းဝေဒနာ)

ရှေးမြန်မာဘုရင်များ လက်ထက်က မင်းညီမင်းသားများ အရက်သောက်ပြီး အသည်းကျွမ်း၍ ဖျဉ်းဖြစ်ကြဧ။် ။သမားတော်များက ဖျဉ်းတော်သိမ်နှင့် ကုသဧ။် ။ ကုသရင်း ဖျဉ်းတော်သိမ်သွားရာမှ ကာလရွေ့လျော၍ ပျဉ်းတော်သိမ်ဟု နာမည်တွင်ရစ်သည်ဟု ဆိုပါဧ။် ။ ထိုပျဉ်းတော်သိမ်အရွက်ကြမ်းကို ရေနှင့်ပြုတ်ပြီး အသင့်အတင့်သောက်ပေးပါ ။ ချိုးလည်းချိုးပါ ။ အရွက်နုကို အတို့အမြှုပ်လုပ်စားပါ ။ ဟင်းခါးချက်သောက်ပါ ။ နေ့စဉ်ထမင်းစားတိုင်း ကျွေပါက သက်သာပျောက်ကင်းနိုင်ပါသည် ။(လက်တွေ့ပျောက်ကင်းသူဧ။်နည် း။)

(မြန်မာ့ဆေးကျမ်းများအရ)

အရွက်ကို ဟင်းခတ်အမွှေး အကြိုင်အဖြစ် သုံးဧ။်

အရွက်ကို များစွာစားပါက ဝမ်းကိုသက်စေသည်။

နို့ရည်ထဲတွင် ထိုအရွက်ကို ထည့်ကျိုသောက်ပါက အဆိပ်ကိုပျယ်စေသည်။

အရွက်ကို သွေးဆေး၊ လေဆေး ဖော်စပ်ရာတွင်အသုံးပြုဧ။်

( ရည်ညွှန်းစာများ )

အရှင်နာဂသိန်ပုံပြ ဆေးအဘိဓာန်

ဆရာတော်မြင့် (ငှက်ဖျား)

နေပြည်တော်ကျော်ကျာ်စိုး

မြန်မာ့ဆေးဝါးပင်များမှ ကောက်နုတ်ဖော်ပြပါသည်။