မန်ကျည်းသီးကို စားသုံးနေပေမယ့် သူ့မှာဘယ်လိုအကျိုးကျေးဇူးတွေရှိသလဲဆိုတာ သတိမမူမိပါဘူး။
မြန်မာတို့ရဲ့ အညာဒေသမှာဆို မန်ကျည်းပင်နဲ့ စိမ်းစိုနေလို့ မျက်စိပသာတရှိလှပါတယ်။ မန်ကျည်းသီးကို အမှည့်လည်းစားသုံးနိုင်သလို အစိမ်းလည်းစားသုံးနိုင်ပါတယ်။
ငရုတ်သီးဆားအချိုမုန့်နဲ့ ရောနှယ်ပြီး သူငယ်ချင်းတွေနဲ့အတူတူ စကားစမြည်ပြောရင်း တို့စားတာလည်း ရှုရှဲရှုရှဲနဲ့ အရသာရှိလှတယ်မဟုတ်လား။
ဒါ့အပြင် မန်ကျည်းသီးမှည့်ကို ဖျော်ရည်လုပ်ပြီးသောက်လည်း တမျိုးကောင်းတာပါပဲ။
မန်ကျည်းသီးရဲ့အကျိုးကျေးဇူးတွေ
မန်ကျည်းသီးမှာ ဗီတာမင်ဓါတ်တွေ၊ ကွန်ပေါင်းဓါတ်တွေနဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးအတွက်အထူးကောင်းမွန်ပါတယ်။
အမျှင်ဓါတ်
မန်ကျည်းသီးမှာ အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်တာတော့ပြောစရာလိုမယ်မထင်ပါဘူး။ အစာချေစနစ်ကိုကောင်းမွန်စေပြီး များများစားရင်တော့ ဝမ်းသွားတတ်တယ်နော်။ ဒါပေမဲ့ ဝမ်းချုပ်တတ်တဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။ ဝမ်းပျော့တဲ့သူတွေကတော့ နည်းနည်းပဲစားပေါ့ရှင်။
ကိုလက်စထရော
မန်ကျည်းသီးမှာ ကိုလက်စထရောဓါတ်ကို ကျစေတဲ့ ဂုဏ်သတ္တိတွေအများအပြားပါဝင်ပါတယ်။ အူမကြီးထဲမှာရှိတဲ့ ကိုလက်စထရောတွေကို သန့်စင်ပေးနိုင်သလို ခန္တာကိုယ်အတွင်းက မလိုအပ်တဲ့ ကိုလက်စထရောကိုလည်းဖယ်ရှားပေးနိုင်ပါတယ်။
ဟင်းခတ်အမွှေးအကြိုင်
မန်ကျည်းသီးကို ဟင်းတွေချက်ရာမှာလည်း ထည့်သွင်းအသုံးပြုလို့ရပါတယ်။
လည်ချောင်းနာခြင်း
မန်ကျည်းသီးဟာ လည်ချောင်းနာတာကိုပျောက်ကင်းစေပါတယ်။
နှလုံးကျန်းမာရေး
မန်ကျည်းသီးကိုစားတာနှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
Featured Image Source: happyhomeinc.ca