ဖရဲသီးက နီနီရဲရဲနဲ့ အရည်ရွှမ်းပြီး အရသာရှိတဲ့ သစ်သီးတစ်မျိုးပဲဖြစ်ပါတယ်။ ဗီတာမင် စီနဲ့ ဗီတာမင် အေဓာတ်တို့ ကြွယ်ဝစွာပါဝင်ပြီး ကယ်လိုရီပမာဏ ၄၆ သာ ပါဝင်တဲ့ အတွက်ကြောင့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ သစ်သီးပဲဖြစ်ပါတယ်။

ယခုလို ပူပြင်းခြောက်သွေ့တဲ့ နွေရာသီမှာ ဖရဲသီးချိုချိုလေး စားသုံးလိုက်မယ်ဆိုရင် အေးမြမှုကို ခံစားရမှာပါ။ ဒါ့အပြင် ဖရဲသီးက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးတွေကလည်း မရေမတွက်နိုင်အောင်ပါပဲ။

ရေဓာတ်ပြည့်ဝစေခြင်း

Source: liveabout.com

ရေသောက်ခြင်းက ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစေတဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ ရေမသောက်ချင်တဲ့အခါမျိုးမှာ ရေဓာတ် ၉၂ ရာခိုင်နှုန်းခန့် ကြွယ်ဝစွာပါဝင်တဲ့ ဖရဲသီးစားသုံးခြင်းက သင့်ခန္ဓာကိုယ်အတွက် ရေဓာတ်ကို ဖြည့်တင်းပေးနိုင်တဲ့အပြင် ဗိုက်လည်းပြည့်စေမှာပါ။

ဗီတာမင်ဓာတ်ကြွယ်ဝခြင်း

Source: ozonesolutions.com

ဖရဲသီးထဲမှ ဗီတာမင် စီ၊ ဗီတာမင် အေ၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ဗီတာမင် ဘီဝမ်း၊ ဗီတာမင် ဘီဖိုက်၊ ဗီတာမင် ဘီစစ် တို့ ကြွယ်ဝစွာပါဝင်တာကြောင့် သင့် ခန္ဓာကိုယ်ကလည်း ကြွယ်ဝတဲ့ ဗီတာမင်ဓာတ်တွေကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။

ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ ဒြပ်ပေါင်းပါရှိခြင်း

ဖရဲသီးထဲမှာပါဝင်တဲ့ Cucurbitacin E နဲ့ Lycopene ဆိုတဲ့ ဒြပ်ပေါင်းများက ကင်ဆာရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တယ်လို့ လေ့လာချက်တွေအရ သိရှိရပါတယ်။

နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ခြင်း

Source: muhealth.org

ကမ္ဘာပေါ်မှာ အဖြစ်အများဆုံးရောဂါကတော့ နှလုံးရောဂါပဲဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်မျှတတဲ့ အစားအစာများ မစားတဲ့အတွက်ကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ ကိုလက်စထရောပမာဏ မြင့်မားခြင်းစတဲ့ ဆိုးကျိုးများကို ခံစားရပါတယ်။ လေ့လာတွေ့ရှိချက်များအရ ဖရဲသီးထဲမှာပါတဲ့ Lycopene ဒြပ်က ကိုလက်စထရောကို လျော့ကျစေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။ ဖရဲသီးရဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တို့ကလည်း နှလုံးအတွက် အထူးကောင်းမွန်ပါတယ်။

ကြွက်သားများ ရောင်ရမ်း နာကျင်ခြင်းကို သက်သာစေခြင်း

Source: spy.com

ကြွက်သားများ နာကျင်ကိုက်ခဲတဲ့အခါ ဖရဲသီးဖျော်ရည်သောက်သုံးပေးလိုက်ပါ။ နာကျင်မှုတွေ လျော့ကျသွားတာကို အံ့သြဖွယ်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

အသားအရေအလှအပနဲ့ ဆံကေသာအလှအပအတွက်လည်း ကောင်းမွန်ခြင်း

Source: freepik.com

ဖရဲသီးရဲ့ ဗီတာမင် အေနဲ့ စီက အသားအရေနဲ့ ဆံကေသာအလှအပအတွက် များစွာအထောက်အကူပြုပါတယ်။ ပျက်စီးသွားတဲ့ ဆဲလ်များကို ပြန်လည်ပြုပြင်ပေးပြီး နေလောင်ဒဏ်ကြောင့် အသားအရေ ပျက်စီးကြမ်းတမ်းခြင်းမှလည်း ကာကွယ်ပေးပါတယ်။ အဖျားနှစ်ခွဖြစ်ပြီး ခြောက်သွေ့ကြမ်းတမ်းနေတဲ့ ဆံကေသာကိုလည်း နူးညံ့ပျော့ပျောင်းလာအောင် ပြုလုပ်ပေးနိုင်တဲ့အစွမ်းသတ္တိ ပိုင်ဆိုင်ထားတဲ့ သစ်သီးတစ်မျိုးပဲ ဖြစ်ပါတယ်။