[Unicode]

ကြာပန်းပွင့်လို့ ကြာသီးသီးရင် ခူးစားဖြစ်ကြလားရှင့်။ ကြာသီး/ ကြာစေ့ပေါ်ချိန်ဆိုရင် ခူးပြီးရောက်တာတွေ့ရပါတယ်။ အဲလိုရောင်းရင်ကော ဝယ်စားဖြစ်ရဲ့လား။ ကြာသီးကို အပေါ်ကအခွံခွာပြီး အထဲကအစေ့ကိုစားရတာဟာ ချိုစိမ့်လေးနဲ့ တမျိုးလေးအရသာရှိပါတယ်။

1cdc05590817d72c609b3afb9ead6416

ကြာသီးမှာ Antioxidant တွေကြွယ်ဝစွာပါဝင်ပြီး ရောင်ရမ်းမှုကိုသက်သာစေသလို အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်ပါတယ်။ သွေးတိုးရှိသူတွေလည်း သွေးကျစေဖို့ စားသုံးပေးနိုင်တဲ့အသီးပါ။ ကြာသီး/ကြာစေ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ကြည့်လိုက်ရအောင်နော်။

အိပ်မပျော်ခြင်းကို ကုသပေးတယ်

အိပ်မပျော်တာ မကြာခဏဆိုသလိုနိုးတာဟာ အသက်ကြီးတဲ့သူတွေ၊ အလုပ်များ စိတ်ဖိစီးမှုများသူတွေမှာဖြစ်လေ့ရှိပြီး ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေ များစွာရှိစေပါတယ်။ ကြာသီးကိုစားပေးတာဟာ အိပ်မပျော်တာကိုကုသပေးပြီး ကောင်းမွန်စွာအိပ်စက်အနားယူစေပါတယ်။

ဆီးချိုလူနာတွေအတွက်

you-may-avoid-diabetes

ကယ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓါတ်ပါဝင်မှုများတာကြောင့် သွေးတွင်းသကြားဓါတ်ပါဝင်မှုကို လျှော့ကျစေပါတယ်။ အရသာရှိတဲ့သရေစာအဖြစ်စားသုံးပေးနိုင်ပါတယ်။

အိုမင်းရင့်ရောက်မှုကိုတားဆီးပေးခြင်း

ကြာစေ့/ကြာသီးဟာ အိုမင်းရင့်ရော်မှုကိုတားဆီးပေးနိုင်တဲ့အင်ဇိုင်းဓါတ်တစ်မျိုးပါဝင်ပြီး ပျက်ဆီးသွားတဲ့ ပရိုတင်းဓါတ်တွေကို ပြန်လည်ပြုပြင်ပေးပါတယ်။

ဝမ်းပျက်ခြင်းကိုကုသပေးခြင်း

A-sensitive-stomach-make-you-disturbed-600x300

အရသာရှိတဲ့ ကြာသီးဟာ ဝမ်းလျှောဝမ်းပျက်တာကို သက်သာစေပါတယ်။

သွေးဖိအားကျစေခြင်း

သွေးတိုးရှိတဲ့သူတွေ စားပေးလို့ရပါတယ်။

ဆီးဆိုင်ရာပြဿနာတွေကို ကုသပေးခြင်း

img_9521

ဆီးလမ်းကြောင်းဆိုင်ရာပြဿနာတွေကို ကုသပေးနိုင်တဲ့အတွက် ကြာစေ့/ကြာသီးကိုစားပေးနိုင်ပါတယ်။

သွားဖုံးရောဂါ

သွားဖုံးဆိုင်ရာ ပြဿနာတွေအတွက် ကြာစေ့/ကြာသီးကိုစားပေးနိုင်ပါတယ်။ ပုံမှန်စားပေးမယ်ဆိုရင် သွားဖုံးနဲ့ဆိုင်ရာ တခြားပြဿနာတွေကို ကုသပေးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်

ပရိုတင်းဓါတ်ကြွယ်ဝစွာပါဝင်လို့ အာရုံကြောစနစ်နဲ့ ဦးနှောက်ဖွံ့ဖြိုးစေပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ သရေစားအဖြစ်စားပေးနိုင်ပါတယ်။

အသည်းကိုကျန်းမာစေခြင်း

အသည်းအဆီဖုံးတာတို့လိုအသည်းနဲ့ဆိုင်တဲ့ ပြဿနာတွေကို တားဆီးပေးနိုင်ပါတယ်။

[Zawgyi]

ၾကာပန္းပြင့္လို႔ ၾကာသီးသီးရင္ ခူးစားျဖစ္ၾကလားရွင့္။ ၾကာသီး/ ၾကာေစ့ေပၚခ်ိန္ဆိုရင္ ခူးၿပီးေရာက္တာေတြ႔ရပါတယ္။ အဲလိုေရာင္းရင္ေကာ ၀ယ္စားျဖစ္ရဲ့လား။ ၾကာသီးကုိ အေပၚကအခြံခြာၿပီး အထဲကအေစ့ကိုစားရတာဟာ ခ်ိဳစိမ့္ေလးနဲ႔ တမ်ိဳးေလးအရသာရွိပါတယ္။

1cdc05590817d72c609b3afb9ead6416

ၾကာသီးမွာ Antioxidant ေတြၾကြယ္၀စြာပါ၀င္ၿပီး ေရာင္ရမ္းမႈကိုသက္သာေစသလို အိုမင္းရင့္ေရာ္မႈကို တားဆီးေပးႏိုင္ပါတယ္။ ေသြးတိုးရွိသူေတြလည္း ေသြးက်ေစဖို႔ စားသံုးေပးႏိုင္တဲ့အသီးပါ။ ၾကာသီး/ၾကာေစ့ရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးေတြကို ၾကည့္လိုက္ရေအာင္ေနာ္။

အိပ္မေပ်ာ္ျခင္းကို ကုသေပးတယ္

အိပ္မေပ်ာ္တာ မၾကာခဏဆိုသလိုႏိုးတာဟာ အသက္ႀကီးတဲ့သူေတြ၊ အလုပ္မ်ား စိတ္ဖိစီးမႈမ်ားသူေတြမွာျဖစ္ေလ့ရွိၿပီး က်န္းမာေရးဆိုင္ရာ ေဘးထြက္ဆိုးက်ိဳးေတြ မ်ားစြာရွိေစပါတယ္။ ၾကာသီးကိုစားေပးတာဟာ အိပ္မေပ်ာ္တာကိုကုသေပးၿပီး ေကာင္းမြန္စြာအိပ္စက္အနားယူေစပါတယ္။

ဆီးခ်ိဳလူနာေတြအတြက္

you-may-avoid-diabetes

ကယ္လိုရီပါ၀င္မႈနည္းၿပီး အမွ်င္ဓါတ္ပါ၀င္မႈမ်ားတာေၾကာင့္ ေသြးတြင္းသၾကားဓါတ္ပါ၀င္မႈကို ေလွ်ာ့က်ေစပါတယ္။ အရသာရွိတဲ့သေရစာအျဖစ္စားသံုးေပးႏိုင္ပါတယ္။

အိုမင္းရင့္ေရာက္မႈကိုတားဆီးေပးျခင္း

ၾကာေစ့/ၾကာသီးဟာ အိုမင္းရင့္ေရာ္မႈကိုတားဆီးေပးႏိုင္တဲ့အင္ဇိုင္းဓါတ္တစ္မ်ိဳးပါ၀င္ၿပီး ပ်က္ဆီးသြားတဲ့ ပရိုတင္းဓါတ္ေတြကို ျပန္လည္ျပဳျပင္ေပးပါတယ္။

၀မ္းပ်က္ျခင္းကိုကုသေပးျခင္း

A-sensitive-stomach-make-you-disturbed-600x300

အရသာရွိတဲ့ ၾကာသီးဟာ ၀မ္းေလွ်ာ၀မ္းပ်က္တာကို သက္သာေစပါတယ္။

ေသြးဖိအားက်ေစျခင္း

ေသြးတိုးရွိတဲ့သူေတြ စားေပးလို႔ရပါတယ္။

ဆီးဆိုင္ရာျပႆနာေတြကို ကုသေပးျခင္း

img_9521

ဆီးလမ္းေၾကာင္းဆိုင္ရာျပႆနာေတြကို ကုသေပးႏိုင္တဲ့အတြက္ ၾကာေစ့/ၾကာသီးကိုစားေပးႏိုင္ပါတယ္။

သြားဖံုးေရာဂါ

သြားဖံုးဆိုင္ရာ ျပႆနာေတြအတြက္ ၾကာေစ့/ၾကာသီးကိုစားေပးႏိုင္ပါတယ္။ ပံုမွန္စားေပးမယ္ဆိုရင္ သြားဖံုးနဲ႔ဆိုင္ရာ တျခားျပႆနာေတြကို ကုသေပးႏိုင္ပါတယ္။

ကိုယ္၀န္ေဆာင္

ပရိုတင္းဓါတ္ၾကြယ္၀စြာပါ၀င္လို႔ အာရုံေၾကာစနစ္နဲ႔ ဦးေႏွာက္ဖြံ႕ၿဖိဳးေစပါတယ္။ ဒါ့ေၾကာင့္ ကိုယ္၀န္ေဆာင္မိခင္ေလာင္းေတြ သေရစားအျဖစ္စားေပးႏိုင္ပါတယ္။

အသည္းကိုက်န္းမာေစျခင္း

အသည္းအဆီဖံုးတာတို႔လိုအသည္းနဲ႔ဆိုင္တဲ့ ျပႆနာေတြကို တားဆီးေပးႏိုင္ပါတယ္။