နွားနို့ဟာ ကလေးလူကြီးကျားမ မရွေးသောက်သုံးနိုင်ပြီး ကျန်းမာရေးအကျိုးကျေးဇူးတွေများစွာပါဝင်တဲ့ သဘာဝဓာတ်စာ တစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ့်အတွက်မရှိမဖြစ်လိုအပ်တဲ့ အဟာရဓာတ်တော်တော်များများကို ထောက်ပံ့ပေးတာကြောင့် နေ့စဉ်ပုံမှန်သောက်သုံးမယ်ဆိုရင်အောက်ပါ အကျိုးကျေးဇူးတွေရရှိခံစားနိုင်မှာဖြစ်ပါတယ်။

(၁) နှလုံးကျန်းမာရေးကောင်းစေတယ်

Source : Shutterstock

နွားနို့မှာပိုတက်ဆီယမ်ဓာတ်ကြွယ်ဝစွာပါတာကြောင့် သွေးဖိအားကိုလျော့နည်းစေပြီး သွေးလည်ပတ်မှုကောင်းမွန်စေရန် အထောက်အပံ့ပေးပါတယ်။ပိုတက်ဆီယမ်ဓာတ်က နှလုံးသွေးကြောဆိုင်ရာရောဂါများကို ကာကွယ်ပေးတာကြောင့် နှလုံးသွေးကြောကျဉ်းခြင်း နှလုံးဖောက်ခြင်းစတဲ့ရောဂါများဖြစ်ပွားခြင်းမှလည်းကာကွယ်ပေးမှာဖြစ်ပါတယ်။ငှက်ပျောသီး ခရမ်းချဉ်သီး ဆီးသီးခြောက်နဲ့ ဟင်းနုနွယ်တွေမှာလည်း နွားနို့ကဲ့သို့ ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် နှလုံးကျန်းမာရေးအတွက်စားသုံးသင့်တဲ့အစားအစာတွေဖြစ်ပါတယ်။

(၂) ကင်ဆာရောဂါကိုကာကွယ်ပေးတယ်

Source : Shutterstock

အူမကြီးကင်ဆာဟာ ကမ္ဘာပေါ်မှာအဖြစ်များဆုံး ကင်ဆာရောဂါတွေထဲကတစ်ခု အပါအဝင်ဖြစ်ပါတယ်။နွားနို့နဲ့တခြားသော နို့ထွက်ပစ္စည်းများတွင်ပါဝင်တဲ့ ကယ်လ်စီယမ်ဓာတ် ဗီတာမင်ဒီ နဲ့ Lactic Acid ဓာတ်တွေဟာ အူလမ်းကြောင်းဆိုင်ရာကင်ဆာရောဂါများနဲ့ အူမကြီးကင်ဆာဖြစ်ပွားမှုကိုလျော့ချပေးနိုင်ပါတယ်။လေ့လာတွေ့ရှိချက်တွေအရ အစာအိမ်ကင်ဆာနဲ့ ဆီးကြိတ်ကင်ဆာကဲ့သို့ ကင်ဆာရောဂါများကိုလည်း နွားနို့နဲ့ နို့ထွက်ပစ္စည်းများက ကာကွယ်နိုင်တာကြောင့် နေ့စဉ်ပုံမှန်စားသုံးသင့်တဲ့အစားအစာတွေဖြစ်ပါတယ်။

(၃) အရေပြားကျန်းမာရေးကိုအထောက်အပံ့ဖြစ်စေတယ်

Source : Shutterstock

နွားနို့ဟာ အရေးပြားကျန်းမာရေးကိုကောင်းမွန်စေပြီး အသားအရေကြည်လင်ဝင်းမွတ်စေကာ အစိုဓာတ်ကိုကြာရှည်စွာထိန်းထားပေးနိုင်စွမ်းရှိပါတယ်။ဒါကြောင့်အလှအပဆိုင်ရာပစ္စည်းအများစုဟာ နွားနို့ကိုအခြေခံပြီးထုတ်လုပ်ထားကြတာဖြစ်ပါတယ်။နွားနို့ဟာ အသားအရေးမွဲခြောက်ခြင်း အမဲစက်ထွက်ခြင်းနဲ့ နေလောင်ဓာတ်တွေကိုလည်းထိရောက်စွာကုသပေးနိုင်ပြီး အရေးပြားကျန်းမာရေးကိုကောင်းမွန်စေမှာဖြစ်ပါတယ်။သို့သော်လည်းနွားနို့ အလွန်အကျွံသောက်သုံးခြင်းက ဝက်ခြံပြဿနာကိုဖြစ်ပေါ်စေနိုင်တာကြောင့်တစ်နေ့ကိုတစ်ခွက် ပုံမှန်သောက်သုံးပေးရင်လုံလောက်ပါတယ်။

(၄) သွားနှင့်ခံတွင်းကျန်းမာရေးကိုကောင်းစေတယ်

Source : Shutterstock

နွားနို့ နှင့် တခြားသောနို့ထွက်ပစ္စည်းတွေမှာ သွားနှင်ခံတွင်းကျန်းမာရေးအတွက်များစွာသော အာဟာရဓာတ်တွေပါဝင်ပါတယ်။နွားနို့မှာပါဝင်တဲ့ ကယ်လ်ဆီယမ်ဓာတ် ပရိုတင်းဓာတ်ဟာသွားတွေကိုခိုင်မာစေပြီး သွားဖုံးကျန်းမာရေးကိုအထောက်အပံ့ဖြစ်စေတဲ့ ကာဇိုင်းပရိုတင်းဓာတ်များလည်းပါဝင်ပါတယ်။အဆိုပါ ကာဇိုင်းပရိုတင်းဓာတ်ဟာ ဘက်တီးရီးယားပိုးမွှားတွေမှတစ်ဆင့် ဖြစ်ပေါ်လာတဲ့ အက်စစ်ဓာတ်တွေကြောင့် သွားဖုံးနဲ့ သွားများယို့ယွင်းပျက်စီးခြင်းမှလည်းကာကွယ်ပေးပါတယ်။

(၅) အရိုးအဆစ်တွေကို သန်မာစေတယ်

Source : Shutterstock

အရိုးကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ် ဗီတာမင်ဓာတ်နဲ့ သတ္တုဓာတ်တွေကို နွားနို့သောက်သုံးခြင်းဖြင့် ရရှိနိုင်ပါတယ်။ နွားနို့မှာပါဝင်တဲ့ ဗီတာမင်ဒီနဲ့ ကယ်လ်ဆီယမ်ဓာတ်တွေဟာ အရိုးအဆစ်တွေကိုသန်မာစေပြီး အရိုးပွခြင်း အရိုးများကြွပ်ဆပ်ပြီးကျိုးလွယ်ခြင်း အဆစ်အမြစ်များနာကျင်ကိုက်ခဲခြင်းစတဲ့ဝေဒနာတို့မှ ကာကွယ်ပေးပါတယ်။နွားနို့ဟာ ကလေးတွေသာမက သက်ကြီးပိုင်းလူကြီးတွေအတွက်လည်း အထူးသင့်တော်တာကြောင့် အရိုးအဆစ်ကျန်းမာရေးအတွက် နေ့စဉ်နွားနို့တစ်ခွက်ပုံမှန်သောက်သုံးပေးသင့်ပါတယ်။