အာဟာရပြည့်ဝတဲ့အစားအစာစားခြင်းက အသက်ရှည်ဖို့အတွက် မရှိမဖြစ်လိုအပ်ပေမယ့်လည်း ကျန်းမာရေးနှင့်ညီညွတ်တဲံအစားအစာအများစုက ငွေကုန်ကြေးကျများတာကြောင့် ရေရှည်မှာ ငွေကုန်များလိမ့်မယ်လို့ လူအများကယူဆကြပါတယ်။

ဒါပေမယ့် အခုဖော်ပြမယ့် အစားအစားတွေကတော့ ဈေးသက်သာပြီး ကျန်းမာရေးနဲ့လည်းညီညွတ်တာကြောင့် ကျန်းမာရေးအတွက် ငွေနည်းနည်းနဲ့ အာဟာရပြည့်ဝတဲ့အစားအစာစားချင်သူတွေအတွက် သင့်တော်ပါတယ်နော်။

နနွင်း

နနွင်းက အိန္ဒိယအစားအစာတွေမှာ မရှိမဖြစ်လိုအပ်တဲ့ အမွှေးအကြိုင်တွေထဲက တစ်ခုပါ။ ယောင်ရမ်းမှုကိုလျော့ချပေးနိုင်တဲ့ ဂုဏ်သတ္တိကြောင့် အမေရိကမှာ အတော်လေး ရေပန်းစားလာခဲ့ပါတယ်။

Dark Chocolate

ကိုကိုးပါဝင်မှု 70% ထက်ကျော်လွန်တဲ့ ချောကလက်တွေက ကျန်းမာရေးအတွက်ဆို အချိုပွဲထက် ပိုသင့်တော်ပါတယ်။ ကိုကိုးမှုန့်က Antioxidants အလွန်ကြွယ်ဝပြီး ကျောက်ကပ်လုပ်ငန်းဆောင်တာအတွက်
အရေးကြီးတဲ့ ပိုတက်စီယမ်ဓာတ်ကို ဖြည့်စည်းပေးပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ် မှာ ကောင်းတဲ့ ဘက်တီးရီးယားများ ကြွယ်ဝစွာပါဝင်တာကြောင့် အစာမကြေခြင်းကနေ ဖြစ်ပေါ်လာနိုင်တဲ့ တချို့သောရောဂါများကိုပင် ကာကွယ်နိုင်ပြီး ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ဒိန်ချဉ်မှာ ကယ်လ်စီယမ်နဲ့ တခြားအာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အရိုးတွေကို သန်မာစေပါတယ်။

ထောပတ်သီး

ထောပတ်သီးမှာ သဘာဝ ဓါတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်တွင်းရှိ ဓာတ်တိုးဆန့်ကျင်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့အပြင် နှလုံးသွေးကြောဆိုင်ရာ ရောဂါများကို တက်ကြွစွာ တိုက်ဖျက်ပေးနိုင်ပါတယ်။ ဗီတာမင် E ကြွယ်ဝစွာပါဝင်တာကြောင့် အရေပြားဆဲလ်တွေရဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးပြီး ငယ်ရွယ်နုပျိုပြီး တောက်ပတဲ့ အသားအရေကို ထိန်းသိမ်းပေးနိုင်ပါတယ်။

သလဲသီး

ကျန်းမာရေးအကျိုးကျေးဇူးများစွာပါဝင်တာကြောင့် စူပါအစားအစာအဖြစ် ချီးကျူးခံရတဲ့ သလဲသီက အပြင်ဘက်မှာ ရိုးရှင်းပေမယ့် အထဲမှာတော့ သေးငယ်ပြီး စားသုံးနိုင်တဲ့ အစေ့ပေါင်း ရာနဲ့ချီ ပါဝင်တဲ့ အနီရောင်တောက်တောက် အနီရောင် အသီးတစ်မျိုးပါ။