အစားအစာများက သဘာဝဆေးစွမ်းကောင်းတွေပဲဖြစ်ပါတယ်။ အနာသိရင် ဆေးရှိတယ်ဆိုတဲ့စကားအတိုင်းပဲ မှန်ကန်တဲ့အစားအစာတွေက မူမှန်တဲ့ ဆဲလ်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။

ကမ္ဘာတစ်ဝှမ်းရှိ သိပ္ပံပညာရှင်များက ကင်ဆာရောဂါတွေကို ကုသနိုင်ဖို့အတွက် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားနေကြပါတယ်။ ကင်ဆာရောဂါကို ကုသဖို့အတွက် Antioxidants များ ကြွယ်ဝစွာပါဝင်တဲ့ အစားအစာများကို စားသုံးခြင်းက အကောင်းဆုံးနည်းလမ်းတစ်ခုပဲဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေအားလုံးက တစ်ညီတစ်ညွှတ်တည်း သဘောတူထားကြပါတယ်။

ဘယ်လိုအစားအစာများက ကင်ဆာရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်သလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူထဲမှာ ပါဝင်တဲ့ Diallyl Disulfide ပျော်ဝင်ဆီတစ်မျိုးက ရင်သားကင်ဆာဖြစ်ပွားနှုန်းကို တားဆီးပေးနိုင်ပါတယ်။

ပန်းဂေါ်ဖီစိမ်း

သုတေသနပညာရှင်များရဲ့လေ့လာချက်များအရ ပန်းဂေါ်ဖီစိမ်းထဲမှာ သုတ်ရည်ကလင်း ကင်ဆာဖြစ်ပွားနှုန်းကို တားဆီပေးနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ ပန်းဂေါ်ဖီစိမ်းကို တစ်ပတ် ငါးကြိမ်ခန့် စားသုံးပေးရပါမယ်။

မုန်လာဥနီ

မုန်လာဥနီမှာ ပါဝင်တဲ့ Beta-Carotene နဲ့ Antioxidant များက ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး ကင်ဆာရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်တယ်လို့ သိပ္ပံပညာရှင်များက လေ့လာတွေ့ရှိထားပါတယ်။

နနွင်းမှုန့်

နနွင်းမှုန့်မှာ ပါဝင်တဲ့ Curcumin ဓာတ်က ရောင်ရမ်းခြင်းမှ ကာကွယ်ပေးပြီး ဆဲလ်များ အထိန်းအကွပ်မဲ့၍ ပျက်စီးသွားခြင်းမှ တားဆီးပေးပြီး ကင်ဆာရောဂါမဖြစ်ပွားအောင် ကူညီပေးပါတယ်။

သင်္ဘောသီးနှင့် သင်္ဘောရွက်

သင်္ဘောသီးနှင့် သင်္ဘောရွက်များက သုတ်ရည်ကလင်း ကင်ဆာဖြစ်ပွားမှုကို လျော့ချပေးနိုင်ပါတယ်။ ကင်ဆာရောဂါကို ကာကွယ်ပေးဖို့အတွက် သင်္ဘောသီးကို တစ်ရက်ခြားတစ်ခါ စားသုံးပေးလိုက်ပါ။

မှို

မှိုကို တစ်ရက်ခြားတစ်ခါ စားသုံးပေးမယ်ဆိုရင်တော့ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ သွေးကင်ဆာနဲ့ သုတ်ရည်ကလင်း ကင်ဆာ စတဲ့ရောဂါများမှ ကာကွယ်ပေးပါလိမ့်မယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကို တစ်နေ့တစ်လုံး (သို့မဟုတ်) နှစ်လုံး စားသုံးပေးမယ်ဆိုရင်တော့ အဆုတ်ကင်ဆာ၊ လည်ချောင်းရင်ဆာ၊ ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ စတဲ့ရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

ကြက်သွန်မြိတ်

ဟင်းချက်တဲ့အခါတိုင်း အသုံးပြုလေ့ရှိတဲ့ ကြက်သွန်မြိတ်ကို တစ်ရက်ခြားတစ်ခါ စားသုံးပေးမယ်ဆိုရင်တော့ အူမကြီးကင်ဆာ ခံစားရနိုင်ချေကို လျော့ချပေးနိုင်ပါတယ်။

Source: Stylecraze.com