ခရီးသွားတာက နှစ်တစ်နှစ်တာရဲ့ အကောင်းဆုံးအချိန်ပါပဲ။ အနားယူမယ်။အမြင်ဖူးတဲ့ အလှအပတွေကို ခစားမယ်။ ဘ၀ရဲ့ သာယာလှပမှုတွေကို အရသာခံမယ်။
မိသားစု သူငယ်ချင်းတွေနဲ့ အတူ ကားနဲ့ ခရီးသွားတဲ့အခါမှာ ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာအပြင် ဘာစားမလဲဆိုတာပါ စဉ်းစားသင့်ပါတယ်။ ဒါ့ကြောင့် ခရီးသွားရင်း ကျန်းမာရေးနဲ့ ညီညွှတ်အောင် ဘယ်လို စားရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။
အသီး
အသီးက အကောင်းဆုံး သရေစာတစ်မျိုးပါပဲ။ အဟာရဓါတ်တွေကြွယ်ဝတယ်။ ချိုချိုလေးဆိုတော့ ကလေးတွေလည်း ကြိုက်ကြတယ်။
အသီးအရွက်
အသီးအရွက်သုတ်စားပါ။ ခရီးတစ်ထောက်နားလို့ အစာအစားတဲ့အခါမှာ အသီးအရွက်သုတ်ကိုမှာစားပါ။ ကားစီးရင် အထိုင်များတယ်ဆိုတော့ ကိုလက်စထရောတက်လာလို့ အသီအရွက်သုတ်စားပေးတာ အကောင်းဆုံးပါ။
ကြက်ဥပြုတ်
ကြက်ဥပြုတ်မှာ ပရိုတင်းဓါတ်တွေပါဝင်ပြီး အားရှိပါတယ်။ တစ်နေ့တာလုံးအတွက် အာအင်းတွေကို ကြက်ဥပြုတ်ကနေရယူလိုက်ပါ။
အသားကင်
အမည်းသား လိုမျိုး ပရိုတင်းဓါတ်ကြွယ်ဝတဲ့အစားအစာကို စားပေးပါ။
ဒိန်ချဉ်
ဒိန်ချဉ်ကလည်း အစာချေစနစ်ကိုကောင်းမွန်စေလို့ ခရီးသွားရင် စားပေးသင့်ပါတယ်။ ခရီးသွားရင် ကိုယ့်နေရပ်ဒေသမဟုတ် ကိုယ်စားနေကျမဟုတ်လို့ ၀မ်းချုပ်မှာစိတ်ပူစာမလိုတော့ပါဘူး။