ကင်ဆာဟာ ကျွန်မတို့ လူသားတွေရဲ့ အသက်ကို ခြိမ်းခြောက်တဲ့ ကြောက်စရာအကောင်းဆုံး ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒါ့ကြောင့် ကျန်းမာတဲ့ လူနေမှုပုံစံဟာ သိပ်ကိုအရေးကြီးသလို ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတွေ စားသုံးပေးဖို့ကလည်း တကယ်ကိုအရေးကြီးပါတယ်။ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်ကို သောက်သုံးပေးနိုင်တာကလည်း ကင်ဆာရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်သလို ကင်ဆာ တိုက်ဖျက်နိုင်ပါတယ်။

မုန်လာဥနီဖျော်ရည်

Carrot-Juice

မုန်လာဥနီဖျော်ရည်ဟာ ကင်ဆာတိုက်ဖျက်နိုင်သလို ကင်ဆာကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံးဖျော်ရည်တစ်ခုဖြစ်ပါတယ်။ မှုန်လာဥဖျော်ရည်ကို ခန္တာကိုယ်အတွင်း အဟာရဓါတ်တွေ မြင့်တင်ပေးဖို့ သောက်သုံးနိုင်ပါတယ်။

Grapefruit ဖျော်ရည်

Grapefruit-Juice

ဂရိတ်ဖရုဟာ အူမကြီးကင်ဆာဖြစ်ပွားမှုကို လျှော့ချပေးပါတယ်။ ဂရိတ်ဖရုမှာပါဝင်တဲ့ အဟာရဓါတ်တွေဟာ ကင်ဆာဖြစ်ပွားမှုကို လျှော့ချပေးနိုင်သလို ကင်ဆာကာကွယ်ပေးနိုင်ပါတယ်။

သလဲသီးဖျော်ရည်

Pomegranate-Juice

သလဲသီးဖျော်ရည်မှာ Antioxidant တွေကြွယ်ဝစွာပါဝင်ပြီး ကင်ဆာတိုက်ဖျက်နိုင်တဲ့အကောင်းဆုံး လက်နက်တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် အဆုတ်ကင်ဆာဆဲလ်ပျံ့နှံ့မှုနဲ့ ကင်ဆာဆဲလ်ကြီးထွားမှုကို လျှော့ချပေးနိုင်ပါတယ်။

စပျစ်သီးဖျော်ရည်

Red-Grapes-Juice

စပျစ်သီးမှာမှ စပျစ်သီးအနီမှာ Antioxidant တွေကြွယ်ဝစွာပါဝင်ပြီး ကင်ဆာတိုက်ဖျက်နိုင်ဖို့ ကူညီပေးပါတယ်။ သုတေသနပြုချက်အရ စပျစ်သီးနီမှာ ပါဝင်တဲ့ Flavonoid အက်ဆစ်ဟာ ကင်ဆာဆဲလ်ကြီးထွားမှုကို ထိန်းချုပ်ပေးနိုင်ပါတယ်။

နိုကိုဥဖျော်ရည်

Beet-Juice

နိုကိုဥဖျော်ရည်ကို ဥရောပနိုင်ငံတွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကင်ဆာကုသနိုင်တဲ့ ဆေးအဖြစ် အသုံးပြုခဲ့ကြတာပါ။

မင်းကွတ်သီးဖျော်ရည်

မင်းကွတ်သီးဖျော်ရည်မှာ Antioxidant တွေပါဝင်ပြီး ကင်ဆာရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်သလို ကင်ဆာတိုက်ဖျက်နိုင်ပါတယ်။ဒါ့အပြင် ကင်ဆာဆဲလ်ကြီးထွားမှုကို နှောင့်နှေးစေပါတယ်။

Blueberry ဖျော်ရည်

Blue-Berry-Juice

Blueberry ဖျော်ရည်မှာလည်း ကင်ဆာကိုတိုက်ဖျက်နိုင်တဲ့ ဓါတုပစ္စည်းတွေပါဝင်ပါတယ်။ ဒါ့ကြောင့် ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။