ဒီနေ့မှာတော့ အအေးမိဖျားနာတာအပါအဝင် ဗိုင်းရပ်စ်အမျိုးမျိုးကို ကုသပေးနိုင်တဲ့ သာဘ၀ ဆေးနည်းကို မျှဝေပေးချင်ပါတယ်။ ဘေးထွက်ဆိုးကျိုးလည်းမရှိဘဲ နနွင်းနဲ့ ပျားရည်ကို တွဲပြီးစားပေးရမှာပါ။

ပါဝင်ပစ္စည်း

နနွင်းမုန့် စားပွဲတင်ဇွန်း ၁ ဇွန်း

ပျားရည် ခွက် ၃ ပုံ ၁ ပုံ

Source: Pretti P Apothecary

ပြင်ဆင်ခြင်း

နနွင်းမုန့်နဲ့ ပျားရည်ကို ဖန်ဘူးအလွတ်တစ်ခုထဲရောထည့်လိုက်ပြီး သေချာ လှုပ်ရမ်းလိုက်ပါ။ ပြီးရင် ရေခဲသေတ္တာထဲ တစ်ညထားထားပါ။ ပြီးရင် မနက်ဖက်မှာ သောက်ပေးရမှာပါ။

ဘယ်လိုစားပေးရမလဲ

Turmeric-Golden-Honey-

ပထမရက်မှာတော့ ၁ နာရီခြားတစ်ခါ စားပွဲတင်ဇွန်း တစ်ဝက်ဆီ စားပေးပါ။ ဒုတိယနေ့မှာတော့ ၂ နာရီတစ်ခါ စားပွဲတင်ဇွန်း ၁ ဇွန်းဆီစားပါ။ တတိယနေ့မှာတော့ စားပွဲတင်ဇွန်းတစ်ဝက်ဆီ တစ်နေ့ ၃ ကြိမ်သောက်ပေးပါ။ ပြီးရင် ဒီအတိုင်းဆက်သောက်သွားလို့ရပါပြီ။

သင့်ခန္တာကိုယ်အတွင်း ဘက်တီးရီးယားပိုးတွေ ဝင်ရောက်မလာဖို့နဲ့ ကူးစက်ရောဂါတွေ ဝင်ရောက်မလာစေဖို့အတွက် နေ့စဉ် ပုံမှန်စားသုံးပေးပါ။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေမှာဖြစ်ပြီး  ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ရရှိပိုင်ဆိုင်နိုင်ပါစေ။

Featured Image Source: Happily Unprocessed