တရုတ်နိုင်ငံက နှစ်စဉ် ဆန်တန်ချိန်ပေါင်း ၂၀၀ကျော် ထုတ်လုပ်ပြီး ကမ္ဘာပေါ်မှာ ဆန်ထုတ်လုပ်မှုအများဆုံး နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။

ဒါပေမဲ့ မကြာသေးခင်က Korean Times သတင်းဌာနက တရုတ်နိုင်ငံကနေ အန္တရာယ်များတဲ့ ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ ဆန်ကို ထုတ်လုပ်လာတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီသတင်းမှာ ဆန်လို အနံ့ရှိပြီး ပလတ်စတစ် နဲ့ အာလူးကရတဲ့ ကစီဓါတ်တွေနဲ့ ပြုလုပ်ထားတဲ့ဆန်အတုတွေ ရောင်းချနေတယ်လို့ ဖော်ပြထားပါတယ်။ နောက်ထပ်စုံစမ်းစစ်ဆေးမှုအရ အဲဒီဆန်အတုမှာ ဆန်အစစ်လို ပြုလုပ်ထားတဲ့ ပလတ်စတစ်တွေ အများအပြားပါဝင်နေတာပါပဲ။ အန္တရာယ်များလွန်းတဲ့ ပလတ်စတစ်ဆန်ဟုတ်မဟုတ် သိနိုင်ဖို့ စမ်းသပ်နိုင်တဲ့ နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

ငရုတ်ဆုံနဲ့ စစ်ဆေးမယ်

ဆန်ကို ငရုတ်ဆုံ ငရုတ်ကျည်ပွေ့နဲ့ ထောင်းကြည့်လိုက်ပါ။ ဆန်က အဖြူရောင်အမှုန့်ဖြစ်သွားရင်တော့ ဆန်အစစ်ဖြစ်ပြီး ငရုတ်ဆုံမှာ အဝါရောင် အစွန်းအထင်းကျန်ခဲ့ရင်တော့ ပလတ်စတစ်ဆန်ဖြစ်ပါတယ်။

မီးနဲ့စစ်ဆေးမယ်

9cc5dc23284da657c50738f98c1169203-800x442

ဆန်စေ့ကို မီးရှို့ကြည့်ပါ။ မီးလောင်သွားတယ်ဆိုရင် ပလတ်စတစ်ဆန် (သို့) ဆန်အတု ဖြစ်ပါတယ်။

ရေနဲ့ စစ်ဆေးမယ်

maxresdefault

ရေထည့်ထားတဲ့ခွက်ထဲကို ဆန်စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ သဘာဝဆန်အစစ်ဆိုရင် ရေထဲကို မြုပ်ဝင်သွားမှာဖြစ်ပါတယ်။

မှို တက်မတက် စစ်ဆေးမယ်

moldy_rice_in_fridge

ဆန်လက်တစ်ဆုပ်စာကို ချက်လိုက်ပါ။ အဲဒီနောက် ပလတ်စတစ်ခွက်ထဲထည့်ပြီး ရက်အနည်းငယ်ထားပါ။ ဆန်အစစ်ဆိုရင် ၂ ရက်အကြာမှာ မှိုတက်နေတာကို တွေ့ရမှာဖြစ်ပြီး ဆန်အတုဆိုရင်တော့ အကောင်းပကတိအတိုင်းရှိနေမှာဖြစ်ပါတယ်။

တကယ်လို့ ဆန်အတု လား အစစ်လား သံသယဖြစ်နေရင်တော့ အခုပြောပြခဲ့တဲ့နည်းလမ်းလေးတွေနဲ့ စမ်းသပ် စစ်ဆေး နိုင်ကြပါတယ်။