ဂျင်းရည်ကိုသောက်သုံးခြင်းရဲ့ အကျိုးကျေးဇူးတွေကိုဖော်ပြရရင်တော့

ကင်ဆာရောဂါကို ကာကွယ်ပေးခြင်း

protects-against-cancer

လေ့လာချက်တွေအရ ဂျင်းဟာ ကင်ဆာဆဲလ်တိုးပွားလာခြင်းနဲ့ ကင်ဆာဆဲလ် ရှင်သန်တာကို တားဆီးပေးနိုင်ပါတယ်။ သရက်ရွက်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ ၊ အရေပြားကင်ဆာ၊ အဆုတ်နဲ့ အသည်းကင်ဆာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ဦးနှောက်လုပ်ဆောင်ချက်ကို တိုးတက်လာခြင်း

smart-girl-book-fb

ဂျင်းကို ပုံမှန်စားသုံးပေးမယ်ဆိုရင် ဦးနှောက်လုပ်ဆောင်ချက်ကို တိုးတက်လာစေမှာဖြစ်ပါတယ်။ စိတ်ဖိစီးမှုကြောင့် မကြာခဏမေ့တတ်တာကိုလည်း သက်သာစေမှာဖြစ်ပါတယ်။အထူးသဖြင့် သက်လတ်ပိုင်း အမျိုးသမီးတွေသောက်သုံးပေးသင့်ပါတယ်။

သွေးလည်ပတ်မှု

how-to-improve-blood-circulation-naturaly-800x416

ဂျင်းရည်ဟာ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် သွေးတိုးရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါ နဲ့ ကိုလက်စထရောမြင့်မားမှုကို လျှော့ချပေးပါတယ်။ နှလုံးရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

အစာချေစနစ်

happy-digestive-system

ဂျင်းမှာ အစာချေစနစ်ကိုကောင်းမွန်စေတဲ့ အမျှင်ဓါတ်နဲ့ တခြားအဟာရ ဓါတ်တွေပါဝင်ပါတယ်။ ဒါ့ကြောင့် ပျို့အန်တာ၊ ဝမ်းချုပ်တာ၊ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာပြဿနာတွေ အပါအဝင် ဝမ်းလျှောတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ဂျင်းရည်ပြုလုပ်နည်း

1-80

ပါဝင်ပစ္စည်း

ရေတစ်ခွက်

အတုံးလိုက်လှီးထားတဲ့ ဂျင်းအနည်းငယ် (၄ တုံး (သို့) ၆တုံး)

အိုးတစ်လုံး

ပျားရည်

ပြင်ဆင်ခြင်း

ရေကို အိုးထဲထည့်ပြီး မီးဖိုပေါ် ဆူအောင်သည်ထားပါ။ ပြီးရင် လှီးထားတဲ့ ဂျင်းတွေကို ထည့်ပါ။ ပြီးရင် အပူချိန်လျှော့လိုက်ပြီး မီးအေးအေးနဲ့ ၁၅ မိနစ်လောက် သည်ထားပါ။ ပြီးရင် ခွက်တစ်လုံးထဲပြောင်းထည့်ပြီး ပျားရည်အနည်းငယ်ထည့်ကာ သောက်သုံးနိုင်ပါပြီ။

Featured Image Source: WellMe