(၁) ရေယုန် ပေါက်နေသလား? ပျားရည် အသုံးပြုပါ။
ရေယုန် ဖြစ်နေရင် အနာပေါ်ကို ပျားရည်နဲ့တစ်နေ့လေးကြိမ်တို့ပေးပါက အနာကျက်တာဟာ ဆေးဝါးအသုံးပြုတာထက် ၄၃%မြန်ဆန်နိုင်ပါတယ်။ ပျားရည်မှာပါဝင်တဲ့ အင်ဇိုင်းတွေဟာရောင်ရမ်းမှုကို လျော့ကျစေပြီး ရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ် ပိုးကို ဖျက်ဆီးနိုင်လို့ပါလို့ လေ့လာမှု ပြုသူတွေကဆိုပါတယ်။
(၂) ကြွက်သားတွေ တောင့်တင်း ညောင်းညာ နေပါသလား? ခရမ်းချဉ်သီး ဖျော်ရည်သောက်ပါ။
အမျိုးသမီး ငါးယောက်မှာ တစ်ယောက်နှုန်းဟာ ခြေထောက် ကြွက်တက်တတ်ပါတယ်။ ညောင်းညာကိုက်ခဲနေရင် ခရမ်းချဉ်သီးဖျော်ရည် တစ်ခွက်ကို နေ့စဉ် သောက်ပေးပါ။ ခရမ်းချဉ်သီး ဖျော်ရည်မှာ ပါဝင်တဲ့ များစွာသော ပိုတက်စီယမ်တွေကြောင့် ၁၀-ရက် အတွင်း ကြွက်သားတောင့်တင်းတာ သက်သာသွားနိုင်ပါတယ်လို့သုတေသနအရ တွေ့ရှိထားခဲ့ပါတယ်။
(၃) ရေနွေးပူ လောင်နေပါသလား? လက်ဖက်ခြောက်အိတ် (tea bag)ကိုအသုံးပြုပါ။
လက်ဖက်ခြောက်မှာ ပါဝင်တဲ့ tannins တွေဟာ ရောင်ရမ်းမှုကို လျှော့ချနိုင်ပြီး အပူလောင်တာကြောင့်ဖြစ်တဲ့ နာကျင်မှုဝေဒနာကို ငါးမိနစ်အတွင်း သက်သာသွားနိုင်ပါတယ်လို့UCLAက ပြုလုပ်တဲ့ သုတေသနအရ သိရပါတယ်။ အပူလောင်တဲ့နေရာကို အရင်ဆုံး ဘုံပိုင်ရေနဲ့ နှစ်မိနစ်ခန့်စိမ်ထားပါ။ ပြီးရင်စွတ်စိုပြီး အေးနေတဲ့ tea bag နဲ့ပူစပ်ပူလောင် ဖြစ်နေတာ ပျောက်ကင်းတဲ့အထိ ကပ်ထားပေးပါ။
(၄) လေပွပြီး အစာမကြေ ဖြစ်နေသလား? နာနတ်သီးစားပါ။
နာနတ်သီးဟာ သဘာဝဆီးရွှင်ဆေးဖြစ်တဲ့အပြင် သူ့မှာပါဝင်တဲ့ အစာခြေအင်ဇိုင်းတွေက ပရိုတင်းခေါ်တဲ့ အသားဓာတ်တွေ အချဉ်မဖောက်နိုင်ခင်မှာပဲ ချေဖျက်ပေးနိုင်ပါတယ်။ နာနတ်သီးဖျော်ရည် တစ်ခွက်သောက်တာဟာ ၇၂-နာရီအတွင်း လေပွတာနဲ့လေထိုးတာ သက်သာစေနိုင်တယ်လို့Stanford တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။
(၅)ခါးကိုက်ခါးနာ ဖြစ်နေသလား? စပျစ်သီးစားပါ။
အနီရောင်စပျစ်သီး တစ်ခွက်စားတာကြောင့် သွေးကြောတွေ relax ရရှိစေပြီး ခါးနောက်ကျော တစ်သျှူးတွေထံ သွေးရောက်ရှိမှု များစေနိုင်တဲ့အတွက် စားအပြီး သုံးနာရီအတွင်း ပျက်စီးနေတဲ့ တစ်သျှူးတွေ ပြန်လည်ကောင်းမွန်လာကာ နာကျင်မှုဝေဒနာ သက်သာနိုင်ပါတယ်။
(၆)ရင်ပူနေသလား? ရှာလကာရည်(Cider Vinegar) သောက်ပါ။
အစာမစားခင်မှာ ထမင်းစားဇွန်းတစ်ဇွန်းစာ ရှာလကာရည်ကို ရေတစ်ဖန်ခွက်နဲ့ရောစပ်ပြီး သောက်ပေးပါက ရင်ပူဝေဒနာ ပျောက်ကင်းသွားနိုင်ပါတယ်။ ရှာလကာရည်မှာ ပါဝင်တဲ့ အစာခြေအက်စစ်တွေက အစာအိမ်မှအစာတွေ အစာမျိုပြွန်ကို ဆန်မတက်ခင်မှာပဲ အစာအိမ်မှ ထွက်သွားစေနိုင်လို့ပါလို့ Restoring your digestive health စာအုပ်ကို ရေးသားသူ Joseph, M.D က ဆိုပါတယ်။
(၇)ဒူးနာနေပါသလား? ချင်းစားပေးပါ။
ချင်းမှုန့်ထမင်းစားဇွန်း နှစ်ဇွန်း ဒါမှမဟုတ် ချင်းအနှစ် ဇွန်းတစ်ဝက်စာကို နေ့စဉ် စားသုံးပေးရင် ခြောက်ပတ်အတွင်း ဒူးနာဝေဒနာ သက်သာနိုင်တယ်လို့ Miami တက္ကသိုလ်မှ လေ့လာမှုအရ အကြံပြုထားပါတယ်။
** အရေးကြီးဆုးံကတော့…ရေသောက်ဖို့မမေ့ပါနှင့်
နေ့စဉ် ဖန်ခွက် ရှစ်ခွက်စာ ရေသောက်တာကြောင့် တစ်ပတ်အတွင်း နာကျင်မှု ဝေဒနာ အများစု သက်သာသွားနိုင်ပါတယ်။ရေဟာ ဒဏ်ရာ ရရှိနေတဲ့ တစ်သျှူးတွေမှ ထွက်ရှိလာတဲ့ နာကျင်မှု ဝေဒနာကို လှုံ့ဆော်တဲ့ ဓာတ်ပေါင်း histamine ကို အားပျော့ စေနိုင်ပြီး ခန္ဓာကိုယ်မှ ထွက်ရှိသွားအောင် ပြုလုပ် နိုင်လို့ပါ။
Credit: Dr. Khin MoeMoe