၁။ ချောင်းဆိုးခြင်းအတွက် ပျားရည်

ချောင်းဆိုးတဲ့ အခါ ပျားရည် တစ်ဇွန်းစားပေးပါက သက်သာစေနိုင်ပါတယ်။ ရေနွေးထဲ ပျားရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီးစားပေးပါက ပိုကောင်းစေနိုင်ပါတယ်။ အားကိုဖြစ်စေပြီး မကောင်းတဲ့ပိုးတွေကို သေစေနိုင်ပါတယ်။

၂။ ဂျင်း

Ginger
အိမ်တွင်းဆေးဝါးအဖြစ် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အသုံးပြုလာတာ ဖြစ်ပါတယ်။ အအေးမိခြင်းနဲ့ အစာအိမ် ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။ အစာကြေစေပြီး နာကျင်မှုတွေကို သက်သာစေပါတယ်။

၃။ နှလုံးကျန်းမာရေး အတွက် ပဲအမျိုးမျိုး

Beans
ပရိုတင်းဓာတ်ကို လုံလောက်စွာ ပေးနိုင်ပြီး အမျှင်ဓာတ် လုံလောက်စွာ ရစေတဲ့ ပဲတွေဟာ နှလုံးကျန်းမာရေး အတွက် ကောင်းမွန်စေပါတယ်။

၎။ ဖြူဖွေးတဲ့ သွားတွေ ရစေဖို့ စတော်ဘယ်ရီ

Strawberries
စတော်ဘယ်ရီ၊ မုန့်ဖုတ်ပေါင်ဒါနဲ့ ရေတို့ဟာ သွားတွေ ဖြူဖွေးစေဖို့ အကောင်းဆုံး နည်းလမ်းပါ။ သွားကို ပုံမှန် တိုက်ပေးပြီး ဂျီးတွေကို ခွာလို့ရပါတယ်။ တစ်နေ့ကို ၂ကြိမ် ၃မိနစ်လောက် တိုက်ပေးရင် အကောင်းဆုံးပါပဲ။ သွားတွေ သဘာဝအတိုင်း ဖြူလာတာကို သတိထားမိစေမှာပါ။

၅။ ကြို့ထိုးခြင်းအတွက် သကြား

Sugar
ကြို့ထိုးတဲ့အခါ သကြားကို ရေဖျော်သောက်တာဖြစ်ဖြစ် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ပါးစပ်ထဲ ပစ်ထည့်ပြီး ၀ါးစားတာ ဖြစ်ဖြစ် လုပ်လိုက်ပါ။ ခဏအတွင်း သက်သာသွားပါလိမ့်မယ်။

၆။ နနွင်း

turmeric
နနွင်းဟာ အိမ်တိုင်းမှာ ရှိနေပြီး ဆေးဖက်ဝင် ဟင်းခတ် အမျိုးအစားပါ။ ဒီနနွင်းကနေ ဆေးပေါင်းများစွာ ထုတ်လုပ်နေတာတွေ ရှိပါတယ်။ အသားအရေအတွက်၊ ကိုယ်တွင်းကလီစာတွေ အတွက်ကတော့ နနွင်းဟာ ဘက်စုံသုံးလို့ရပါတယ်။

၇။ အိမ်သုံးဆား

Sea-Salt
ဆားကို ရေခပ်နွေးနွေးနဲ့ ရောပြီး ခြေတွေ လက်တွေကို စိမ်ပေးရင် ကြမ်းတမ်းနေတာတွေ သက်သာသွားစေပြီး အသားတွေ ချောမွေ့လာစေပါတယ်။ အနံ့ဆိုးတွေ ပျောက်ကင်းပြီး အသားမာတက်တာတွေ
ကို သက်သာပါတယ်။

Ref: healthypanda