ကျွဲကောသီးဟာ အချဉ်မျိုးနွယ်ဝင် အသီးတစ်မျိုးပါ။ အချဉ်မျိုးနွယ်ဝင်ဆိုတာကတော့ သံပုသီး၊ သံပုယိုသီး၊  ရှောက်သီးတို့နဲ့ မျိုးနွယ်တူတယ်လို့ ဆိုလိုချင်တာပါ။
ကျွဲကောသီးကို အရှေ့တောင် အာရှ၊ တရုတ်၊ အိန္ဒိယ နိုင်ငံတွေမှာ ပေါက်ရောက်ပြီး အမေရိကနဲ့ ဂျပန်တို့မှာလည်း တွေ့ရပါတယ်။ ကျွဲကောသီးမှာ ပန်းရောင်နဲ့ အဖြူဆိုပြီး ၂မျိုး အတွေ့များပါတယ်။ အနီရောင်ကတော့ မြန်မာမှာ မရှိပါဘူး။ အခုလို မိုးရာသီမှာ လှိုင်လှိုင်ပေါပြီး မော်လမြိုင်၊ ထားဝယ်တို့က ကျွဲကောသီးဟာ မြန်မာမှာ အကောင်းဆုံးပါပဲ။

ကျွဲကောသီးမှာ ဗီတာမင်စီ အများဆုံး ပါဝင်ပြီး ပိုတက်စီယမ်နဲ့ အမျှင်ဓာတ်လည်း ပါဝင်ပါတယ်။ ဗီတာမင်စီ ပါဝင်တဲ့ အတွက် ကိုယ်ခံအားကို ကောင်းမွန်စေနိုင်တာကတော့ မထူးဆန်းပါဘူး။
အစာကို ကောင်းကောင်း ချေဖျက်ပေးနိုင်ပါတယ်။ နှလုံးကို ကျန်းမာစေပါသည်။ ထို့ပြင် ကျွဲကောသီးကို မှန်မှန်စားပေးခြင်းဖြင့် ကိုလက်စထရော ကျစေနိုင်သောကြောင့် နှလုံးရောဂါ ဖြစ်ပေါ်မှု အလားအလာကို ဟန့်တားပေးနိုင်ပါသည်။
ခန္ဓာကိုယ် အလေးချိန် ကျလိုသူများအတွက် ကျွဲကောသီးကို စားပေးသင့်ပါတယ်။

pomelo
ကွဲျကောသီးသည် ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များကို ဖယ်ထုတ်ပေးကာ၊ သွေးကိုလဲသန့်စင်စေပါ သည်။ ကိုယ်ဝန်ဆောင်မိခင်များ ခန္ဓာကိုယ်ဖောရောင် ခြင်းအတွက် ကျွဲကောသီး စားပေးသင့်ပါသည်။
အနာကို မြန်မြန်ကျက်စေပါတယ်။ သွားနှင့် ခံတွင်းကို ကျန်းမာစေပါတယ်။  သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။  သွေးဖိအားကို ထိန်းချုပ်ပေးပြီး အရိုးပါးရောဂါ မဖြစ်အောင်
ကာကွယ်ပေးနိုင်ပါတယ်။ ခြေထောက်ကြွက်တက်တာတွေ ဖြစ်နေရင် ကျွဲကောသီးကို စားပေးသင့်ပါတယ်။

pomelostep
ကျွဲကောသီးကို ဝယ်ယူတဲ့ အခါမှာ မ ကြည့်ပါ။ လေးရင် ပိုပြီး အရည်ရွှမ်းပါတယ်။ အဖြူရောင် အသီးက ပိုချိုပြီး အာဟာရလည်း ပိုပါတယ်။ ကျွဲကောသီးဟာ သံပုရာသီးနဲ့ တွဲမစားသင့်ပါဘူး။ မတည့်တဲ့ အစားအစာ တစ်ခုပါ။ ကျွဲကောသီးကို အစိမ်းစားကြသလို အသုပ်လုပ်ပြီးလည်း စားကြပါတယ်။ ဖျော်ရည်အဖြစ်လည်း ဖျော်သောက်ကြပါတယ်။ အခုလို မိုးရာသီမှာ ကျွဲကောသီး စားခြင်းဟာ ရာသီတွင်း ဖြစ်တတ်တဲ့ တုပ်ကွေးကို ကာကွယ်နိုင်ပါတယ်။

Credit: orginalfacts