[Unicode]

အမျှင်ဓာတ်များက အပင်တွေမှ ရရှိတဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပြီး ကျန်းမာစွာ အသက်ရှင်နေထိုင်ဖို့ရန်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။ အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာများကို နေ့စဉ်စားသုံးဖို့ လိုအပ်ရဲ့လား။ မဖြစ်မနေ စားသုံးသင့်ပါတယ်။

လူတိုင်းက တစ်နေ့တာအတွက် လိုအပ်တဲ့အမျှင်ဓာတ်ကို ရရှိကြရဲ့လား။

အရွယ်ရောက်ပြီးသားလူကြီးနဲ့ ကလေးငယ် ၉၅ ရာခိုင်နှုန်းခန့်က တစ်နေ့တာအတွက်လိုအပ်တဲ့ အမျှင်ဓာတ်ကို မရရှိကြပါဘူး။

တစ်နေ့ကို အမျှင်ဓာတ်ဘယ်လောက် များများ စားသုံးသင့်သလဲ။

Source: care2.com

အသက် ၅၀ နှင့် ၅၀ အောက်ငယ်သော အမျိုးသမီးများအနေနဲ့ တစ်နေ့ကို အမျှင်ဓာတ် ၂၅ ဂရမ် လိုအပ်ပါတယ်။ အသက် ၅၀ နှင့် ၅၀ အောက်ငယ်သော အမျိုးသားတွေကတော့ တစ်နေ့ကို ၃၈ ဂရမ် လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်နဲ့ နို့တိုက်မိခင်များကတော့ တစ်နေ့ကို ၂၈ ဂရမ် စားသုံးပေးသင့်ပါတယ်။ အသက် ၅၀ နှင့်အထက် အမျိုးသမီးများကတော့ အမျှင်ဓာတ် ၂၈ ဂရမ် လိုအပ်ပြီး ၅၀ နှင့်အထက် အမျိုးသားများကတော့ ၃၀ ဂရမ်ခန့် လိုအပ်ပါတယ်။

သင့် ခန္ဓာကိုယ်က အမျှင်ဓာတ်ကို ဘာ့ကြောင့်လိုအပ်တာလဲ

Source: foodrenegade.com

တကယ်တော့ အမျှင်ဓာတ်က ချေဖျက်လို့ရတဲ့ အစားအစာတွေထဲမှာ မပါဝင်ပါဘူး။ ကြေညက်သွားပြီး စုပ်ယူခံလိုက်ရမယ့်အစား သူ့အတိုင်းမပြိုမကွဲဘဲတည်ရှိနေပြီး ခန္ဓာကိုယ်ထဲ ဝင်ပြီး ပြန်ထွက်သွားတဲ့ အရာတစ်မျိုးပဲဖြစ်ပါတယ်။ သို့ပေမယ့် အစာချေစနစ်ကောင်းမွန်အောင် လုပ်ဆောင်ပေးတဲ့ အဓိကသော့ချက်ကတော့ အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေပဲဖြစ်ပါတယ်။

ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းမှ ကင်းဝေးဖို့ရန်အတွက် အမျှင်ဓာတ်က ကာကွယ်ပေးပြီး အူမကြီးကင်ဆာ မခံစားရအောင်လည်း ကာကွယ်ပေးပါသေးတယ်။ ကိုယ်အလေးချိန် ညီညွှတ်မျှတနေအောင် ကူညီပေးခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်းနဲ့ ခန္ဓာကိုယ်ထဲက LDL လို့ခေါ်တဲ့ မကောင်းတဲ့ ကိုလက်စတောကိုလည်း လျော့ချပေးနိုင်ပါသေးတယ်။

အမျှင်ဓာတ် ဘယ်နှမျိုးရှိသလဲ။

Source: oceanlifecare.com

ရေထဲမှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်နဲ့ မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ဆိုပြီး နှစ်မျိုးနှစ်စားခွဲခြားထားပါတယ်။ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်က ရေထဲတွင်ပျော်ဝင်သွားပြီးနောက် ဂျယ်လီပုံသဏ္ဍာန်ဖြစ်သွားကာ ကိုလက်စတောနဲ့ သွေးတွင်းသကြားဓာတ်များကို လျော့ချပေးပါတယ်။ ရေတွင်မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်များက နဂိုမူလပုံစံအတိုင်းတည်ရှိကာ အစာချေလမ်းကြောင်းထဲသို့ ဖြတ်သန်းသွားပြီးနောက် ဝမ်းချုပ်ခြင်းမှ ကင်းဝေးအောင် ကူညီပေးပါတယ်။

အချို့ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများက ထိုအမျှင်ဓာတ်နှစ်မျိုးစလုံးပါဝင်ပြီး အချို့ဟင်းသီးဟင်းရွက်များကတော့ အမျှင်ဓာတ်တစ်မျိုးတည်းပဲ ပါဝင်ပါတယ်။ သင့် ခန္ဓာကိုယ်က ဘယ်အမျှင်ဓာတ်ကိုပဲ ရရှိနေပါစေ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတာကြောင့် မိမိအသက်အရွယ်အပိုင်းအခြားပေါ် မူတည်ပြီး တစ်နေ့တာအတွက် လိုအပ်တဲ့ အမျှင်ဓာတ်များကို စားသုံးပေးသင့်ပါတယ်။

Source: draxe.com

[Zawgyi]

အမွ်င္ဓာတ္မ်ားက အပင္ေတြမွ ရ႐ွိတဲ့ အာဟာရဓာတ္တစ္မ်ိဳးျဖစ္ၿပီး က်န္းမာစြာ အသက္႐ွင္ေနထိုင္ဖို႔ရန္အတြက္ မ႐ွိမျဖစ္လိုအပ္တဲ့ အာဟာရဓာတ္တစ္မ်ိဳးပဲျဖစ္ပါတယ္။ အမွ်င္ဓာတ္ပါဝင္တဲ့ အစားအစာမ်ားကို ေန႔စဥ္စားသံုးဖို႔ လိုအပ္ရဲ႕လား။ မျဖစ္မေန စားသံုးသင့္ပါတယ္။

လူတိုင္းက တစ္ေန႔တာအတြက္ လိုအပ္တဲ့အမွ်င္ဓာတ္ကို ရ႐ွိၾကရဲ႕လား။

အရြယ္ေရာက္ၿပီးသားလူႀကီးနဲ႔ ကေလးငယ္ ၉၅ ရာခိုင္ႏႈန္းခန္႔က တစ္ေန႔တာအတြက္လိုအပ္တဲ့ အမွ်င္ဓာတ္ကို မရ႐ွိၾကပါဘူး။

တစ္ေန႔ကို အမွ်င္ဓာတ္ဘယ္ေလာက္ မ်ားမ်ား စားသံုးသင့္သလဲ။

Source: care2.com

အသက္ ၅၀ ႏွင့္ ၅၀ ေအာက္ငယ္ေသာ အမ်ိဳးသမီးမ်ားအေနနဲ႔ တစ္ေန႔ကို အမွ်င္ဓာတ္ ၂၅ ဂရမ္ လိုအပ္ပါတယ္။ အသက္ ၅၀ ႏွင့္ ၅၀ ေအာက္ငယ္ေသာ အမ်ိဳးသားေတြကေတာ့ တစ္ေန႔ကို ၃၈ ဂရမ္ လိုအပ္ပါတယ္။ ကိုယ္ဝန္ေဆာင္မိခင္နဲ႔ ႏို႔တိုက္မိခင္မ်ားကေတာ့ တစ္ေန႔ကို ၂၈ ဂရမ္ စားသံုးေပးသင့္ပါတယ္။ အသက္ ၅၀ ႏွင့္အထက္ အမ်ိဳးသမီးမ်ားကေတာ့ အမွ်င္ဓာတ္ ၂၈ ဂရမ္ လိုအပ္ၿပီး ၅၀ ႏွင့္အထက္ အမ်ိဳးသားမ်ားကေတာ့ ၃၀ ဂရမ္ခန္႔ လိုအပ္ပါတယ္။

သင့္ ခႏၶာကိုယ္က အမွ်င္ဓာတ္ကို ဘာ့ေၾကာင့္လိုအပ္တာလဲ

Source: foodrenegade.com

တကယ္ေတာ့ အမွ်င္ဓာတ္က ေခ်ဖ်က္လို႔ရတဲ့ အစားအစာေတြထဲမွာ မပါဝင္ပါဘူး။ ေၾကညက္သြားၿပီး စုပ္ယူခံလိုက္ရမယ့္အစား သူ႔အတိုင္းမၿပိဳမကြဲဘဲတည္႐ွိေနၿပီး ခႏၶာကိုယ္ထဲ ဝင္ၿပီး ျပန္ထြက္သြားတဲ့ အရာတစ္မ်ိဳးပဲျဖစ္ပါတယ္။ သို႔ေပမယ့္ အစာေခ်စနစ္ေကာင္းမြန္ေအာင္ လုပ္ေဆာင္ေပးတဲ့ အဓိကေသာ့ခ်က္ကေတာ့ အမွ်င္ဓာတ္ၾကြယ္ဝတဲ့အစားအစာေတြပဲျဖစ္ပါတယ္။

ဝမ္းခ်ဳပ္ျခင္း၊ ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္ျခင္းမွ ကင္းေဝးဖို႔ရန္အတြက္ အမွ်င္ဓာတ္က ကာကြယ္ေပးၿပီး အူမႀကီးကင္ဆာ မခံစားရေအာင္လည္း ကာကြယ္ေပးပါေသးတယ္။ ကိုယ္အေလးခ်ိန္ ညီညႊတ္မွ်တေနေအာင္ ကူညီေပးျခင္း၊ ေသြးတြင္းသၾကားဓာတ္ကို ထိန္းညွိေပးျခင္းနဲ႔ ခႏၶာကိုယ္ထဲက LDL လို႔ေခၚတဲ့ မေကာင္းတဲ့ ကိုလက္စေတာကိုလည္း ေလ်ာ့ခ်ေပးႏိုင္ပါေသးတယ္။

အမွ်င္ဓာတ္ ဘယ္ႏွမ်ိဳး႐ွိသလဲ။

Source: oceanlifecare.com

ေရထဲမွာ ေပ်ာ္ဝင္ႏိုင္တဲ့ အမွ်င္ဓာတ္နဲ႔ မေပ်ာ္ဝင္ႏိုင္တဲ့ အမွ်င္ဓာတ္ဆိုၿပီး ႏွစ္မ်ိဳးႏွစ္စားခြဲျခားထားပါတယ္။ ေပ်ာ္ဝင္ႏိုင္တဲ့ အမွ်င္ဓာတ္က ေရထဲတြင္ေပ်ာ္ဝင္သြားၿပီးေနာက္ ဂ်ယ္လီပံုသ႑ာန္ျဖစ္သြားကာ ကိုလက္စေတာနဲ႔ ေသြးတြင္းသၾကားဓာတ္မ်ားကို ေလ်ာ့ခ်ေပးပါတယ္။ ေရတြင္မေပ်ာ္ဝင္ႏိုင္တဲ့ အမွ်င္ဓာတ္မ်ားက နဂိုမူလပံုစံအတိုင္းတည္႐ွိကာ အစာေခ်လမ္းေၾကာင္းထဲသို႔ ျဖတ္သန္းသြားၿပီးေနာက္ ဝမ္းခ်ဳပ္ျခင္းမွ ကင္းေဝးေအာင္ ကူညီေပးပါတယ္။

အခ်ိဳ႕ဟင္းသီးဟင္းရြက္နဲ႔ သစ္သီးဝလံမ်ားက ထိုအမွ်င္ဓာတ္ႏွစ္မ်ိဳးစလံုးပါဝင္ၿပီး အခ်ိဳ႕ဟင္းသီးဟင္းရြက္မ်ားကေတာ့ အမွ်င္ဓာတ္တစ္မ်ိဳးတည္းပဲ ပါဝင္ပါတယ္။ သင့္ ခႏၶာကိုယ္က ဘယ္အမွ်င္ဓာတ္ကိုပဲ ရ႐ွိေနပါေစ က်န္းမာေရးအတြက္ အေထာက္အကူျဖစ္ေစတာေၾကာင့္ မိမိအသက္အရြယ္အပိုင္းအျခားေပၚ မူတည္ၿပီး တစ္ေန႔တာအတြက္ လိုအပ္တဲ့ အမွ်င္ဓာတ္မ်ားကို စားသံုးေပးသင့္ပါတယ္။

Source: draxe.com