ဗိုင်းရပ်တစ်မျိုးမျိုးဝင်ရောက်ခြင်းကြောင့် အသက်ရှုလမ်းကြောင်းမှာ ဖြစ်ပေါ်လာတဲ့ ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲ။
ချွဲ သလိပ် ဖြစ်နိုင်တဲ့အကြောင်းရင်း
Allergic ကြောင့်
အသံအရမ်းသုံးလိုက်တဲ့အခါ
အအေးမိဖျားနာခြင်းကြောင့်
ချောင်းဆိုးခြင်း
ဆေးလိပ်သောက်ခြင်းကြောင့်
စသဖြင့်အမျိုးမျိုးပါပဲ။
ကြက်သွန်ဖြူနဲ့ ကုသမယ်
ကြက်သွန်ဖြူအစိမ်းကို အိပ်ယာမဝင်ခင် ၂ စိတ်လောက်စားပါ။ ကြက်သွန်ဖြူတာ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ပေးပါလိမ့်မယ်။
ဆားရည်နဲ့ ပလုတ်ကျင်းမယ်
ဆားရည်နဲ့ ပလုတ်ကျင်းကလည်း သက်သာစေပါတယ်။ ရေနွေးအပြည့်ထည့်ထားတဲ့ ခွက်ထဲမှာ ဆားလက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး ပလုတ်ကျင်းပါ။ တစ်နေ့ ၂ ခါလောက်လုပ်ပေးပါ။
ငရုတ်ကောင်းနဲ့ ပျားရည်
ပျားရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်း နဲ့ ငရုတ်ကောင်းမှုန့်အနည်းငယ်ကိုရောပြီး တစ်နေ့ ၂ ခါ စားပါ။ ငရုတ်ကောင်းဟာ လည်ချောင်းနာကိုပါ သက်သာစေပါတယ်။