ခရမ်းသီးကိုတော့ မြန်မာတို့တွေ ကြိုက်နှစ်သက်စွာစွာသုံးကြပါတယ်။ ခရမ်းသီးကို မီးဖုတ်စားတာ ချက်စားတာ ကင်စားတာ စသဖြင့် အမျိုးမျိုးလုပ်စားကြပါတယ်။ ဒီတစ်ခါ MyFood Myanmar ကနေ မျှဝေပေမဲ့ ခရမ်းသီးမီးကင်ကတော့ ကင်တာဆိုပေမဲ့ အရသာပိုရှိပြီး ပြုလုပ်ရတာလွယ်ကူပါတယ်။ ဒါ့ကြောင့်အခုပဲ ခရမ်းသီးမီးကင်မွှေးမွှေးလေးကို လုပ်စားရအောင်လားရှင့်။

ပြုလုပ်နည်း

aid2158314-900px-Cook-Eggplant-Step-18

ပထမဆုံး ခရမ်းသီးကိုရေဆေးပြီး ၁ လက်မအထူ အခုလိုအရှည်လိုက်လှီးပါ။

aid2158314-900px-Cook-Eggplant-Step-19

ခရမ်းသီးရဲ့ တစ်ဖက်တစ်ချက်ဆီကို ဆားအနည်းငယ်ဖြူးပါ။ ဆားနဲ့ နယ်လိုက်လည်းရပါတယ်။

aid2158314-900px-Cook-Eggplant-Step-20

ဆီအနည်းငယ် သုတ်ပေးပါ။

aid2158314-900px-Cook-Eggplant-Step-21

ပြီးရင် ကိုယ်ထည့်ချင်တဲ့ ဟင်းခတ်မှုန့်တွေ ထည့်ပေးလို့ရပါတယ်။

aid2158314-900px-Cook-Eggplant-Step-22

မီးသွေးနဲ့ အခုလိုကင်ပေးရမှာဖြစ်ပါတယ်။ မီးအပူချိန်ကို အနေတော်လောက်ပဲကောင်းပါတယ်။

aid2158314-900px-Cook-Eggplant-Step-22Bullet1aid2158314-900px-Cook-Eggplant-Step-23

တစ်ဖက်တစ်ချက်ဆီကို ၃ မိနစ်လောက်ကင်ပေးပါ။ ပြီးရင် အသင့်သုံးဆောင်လို့ရပါပြီ။