သံပုယိုသီးဟာ ကျန်းမာရေးအတွက်ရော အလှအပအတွက်ရော တကယ်ကိုအသုံးဝင်တဲ့ သဘာဝကပေးတဲ့ဆေးတစ်လက်ပါပဲ။ သံပုယိုသီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်ပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတာကြောင့် အအေးမိဖျားနာတာတွေကို သက်သာစေပါတယ်။ ဒါ့အပြင် အရိုးအဆစ် ရောင်ရမ်းတာတွေကိုလည်း သက်သာစေပါတယ်။

1

ကိုယ်အလေးချိန်လျှော့ချရာမှာလည်း သံပုယိုသီးကိုအသုံးပြုကြသလို ဝက်ခြံအတွက်လည်း တကယ်ကိုကောင်းမွန်တဲ့ ဆေးစွမ်းတစ်လက်ပါပဲ။

ဒီလောက်အကျိုးကျေးဇူးတွေများတဲ့ သံပုယိုသီးကို အိမ်မှာစိုက်လိုက်ရအောင်ပါ။

လိုအပ်သောပစ္စည်းများ

lemon-011

သံပုယိုသီး ၁ လုံး

compost-dirt-by-normanack-via-wikipedia-attribution

မြေ (မြေသြဇာကောင်းသောမြေ)

air-pots

မြေအိုး (သို့) သင့်တော်တဲ့အိုးတစ်လုံး (အပေါက်ဖောက်ပေးပါ)

tinius-olsen-5st-470x300

အပင်ရှင်သန်နိုင်တဲ့ ပလပ်စတစ်အိတ် (အပင်စိုက်တဲ့နေရာမှာအသုံးပြုတဲ့ ပလပ်စတစ်အိတ်)

colorful-outdoor-seating-area-serves-sunny-city-oasis

နေရောင်ချည်ရသောနေရာ

ဘယ်လိုစိုက်မလဲ။

about-1-month-2

အိုးထဲကို မြေကြီးထည့်ပြီး ရေအနည်းငယ်လောင်းထည်ကာ မြေကို ဖိပေးပါ။ မြေကြီးကိုထည့်ပြီး ဖိရာမှာ အိုးနှုတ်ခမ်းနဲ့ တစ်လက်မလောက်အကွာထိရောက်အောင် ထည့်ပေးဖိပေးပါ။

သံပုယိုသီးကိုခွဲပြီး ကောင်းတဲ့ပုံသဏ္ဍန်ရှိ အစေ့တစ်စေ့ကိုယူပါ။ (အပင်မပေါက်မှာစိုးရင် ၂ စေ့(သို့) ၃ စေ့လောက်ယူပါ။ အစေ့ကို ခြောက်အောင်မထားသင့်ပါဘူး။ လတ်လတ်ဆတ်ဆတ်ပဲ မြေကြီးကို လက်မဝက်လောက်တူးပြီး အစေ့ကိုထည့်ပါ။

မြေကြီးပြန်ဖုံးလိုက်ပြီး ရေပန်း(သို့) ခရား နဲ့ ရေဖျန်းပါ။

အိုးကို ပလပ်စတစ်အိတ် ဖုံးအုပ်လိုက်ပြီး နေရောင်ချည်ရတဲ့နေရာမှာ ထားပါ။ (ပလပ်စတစ်ကို အပေါက်သေးသေးလေးတွေဖောက်ပေးပါ။)

ရေကိုမကြာခဏ လောင်းမပေးသင့်ပါဘူး ရေမကြာခဏလောင်းတာဟာ အစေ့ပုပ်သွားနိုင်ပါတယ်။ ၁ပတ် ၂ပတ်လောက်ကြာတဲ့အခါ အညှောင့်ထွက်လာမှာဖြစ်ပြီး အဲဒီအခါ ပလတ်စတစ်ကို ဖယ်ပေးပါ။

ပြီရင်အိုးကို နေရောင်ချည်နဲ့ တိုက်ရိုက်ထိတွေ့နိုင်တဲ့နေရာမှာထားပေးပါ။

သံပုယိုပင်ကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်မလဲ။

lemon-tree-container-550x364

အပင်ကအရမ်းကိုနုနေချိန်မှာ ပုံမှန်ရေလောင်းပေးရပါမယ်။ အိုးကိုလည်းရေထွက်ပေါက်တွေဖောက်ပေးထားဖို့လိုပါတယ်။ နေရောင်ချည်ရတဲ့နေရာမှာ ထားပါ။ သံပုယိုပင်ဟာ တနေ့ကို အနည်းဆုံး ၈ နာရီလောက် နေရောင်ချည်လိုအပ်ပါတယ်။

လိုအပ်တယ်ဆိုရင်တော့ ဓါတ်မြေသြဇာသုံးပါ။ အပင်ကြီးလာပြီဆိုရင် အိုးကြီးကြီးတစ်လုံးထဲကို ပြောင်းထည့်ပေးဖို့လိုပါတယ်။ အပင်က အရမ်းကို ကြီးလာပြီဆိုရင်တော့ အိမ်နောက်ဖေးမှာ ဒါမှမဟုတ် လသာဆောင်ဘေးမှာ စိုက်ထားလိုက်ပါ။

Featured Image Source: White on Rice Couple