ခြံထွက်သီးနှံလောက် လတ်ဆတ်ပြီး အရသာရှိတာ ဘယ်မှာရှာလို့ရနိုင်မှာလဲ။ ကိုယ်တိုင်စိုက် ကိုယ်တိုင်ခူး ကိုယ်တိုင်စားရတဲ့ ခံစားချက်ကိုလည်း ဘာနဲ့မှ မလဲနိုင်တဲ့ အရာတစ်ခုပါ။
နာနတ်သီးကို စားပြီးရင်လည်း လွှင့်ပစ်စရာမလိုဘဲ အိမ်မှာ အလွယ်တကူစိုက်ပျိုးလို့ရပါတယ်။ ဒီတော့ ဘာလို့ လွှင့်ပစ်နေဦးမှာလဲ။
နာနတ်သီးတစ်လုံးကိုဝယ်ပါ။
၁။ သဘာဝနာနတ်သီးတစ်လုံးကို ဝယ်ယူပါ။
၂။ ထိတ်ပိုင်းကို ဖြတ်လိုက်ပါ။
နာနတ်သီးရဲ့ ထိတ်ပိုင်းကို အနေတော်လေးဖြတ်လိုက်ပါ။ (အသီးရဲ့အပေါ် အရွက်စိမ်းတွေရဲ့အောက်ခြေနားထိဖြတ်ပေးပါ။) ကိုယ်ဖြတ်ယူထားတဲ့ နာနတ်သီးထိတ်ပိုင်းက အဝါရောင် အရွက်တွေ၊ မှိုတက်နေတာတွေကို ဖယ်လိုက်ပါ။
မစိုက်ခင်မှာဖန်ခွက်တစ်လုံးထဲကို ရေထည့်ပြီး ဖြတ်ယူထားတဲ့ နာနတ်သီးထိတ်ပိုင်းကို ထည့်ထားပါ။ အမြစ်ထွက်လာတဲ့ထိထားရမှာဖြစ်ပါတယ်။
၃။ စိုက်ပျိုးခြင်း
မြေဆီလွှာ ၃ ဂါလံကနေ ၇ ဂါလံထိထည့်လို့ရတဲ့ အိုးတစ်လုံးကိုယူပြီး မြေကြီးထည့်ကာ နာနတ်သီးထိတ်ပိုင်းကို စိုက်ပါ။ အမြစ်ကို မြေကြီးနဲ့ သေချာဖုံးပြီးရေလောင်းပေးပါ။ ပိုကြီးတဲ့အိုးကိုအသုံးပြုရင် ပိုကြီးတဲ့အသီးကို ရရှိမှာဖြစ်ပါတယ်။
အိုးကို နေရောင်ချည်ရတဲ့နေရာမှာထားပါ။
၄။ စောင့်ပါ။
နာနတ်သီးဟာ ကြီးထွားမှုနှုန်းနှေးပါတယ်။ နာနတ်သီးက ရေကြိုက်တဲ့အသီးမဟုတ်ပါဘူး။ နာနတ်သီးရဲ့ အရွက်တွေမှာ ရေသိုလောင်ထားပြီးသားဖြစ်ပါတယ်။ ဒါ့ကြောင့် ရေအများကြီးလောင်းမပေးပါနဲ့။ ခုဏကပြောခဲ့သလိုပဲ နေရောင်ချည်ရတဲ့နေရာမှာထားပါ။
နာနတ်သီးသီးဖို့ ၂ နှစ်လောက်ကြာနိုင်ပါတယ်။
၅။ ခူးဆွတ်ခြင်း
အပင်ကြီးလာတဲ့အခါ အသီးရဲ့အရောင်က ပြောင်းသွားနိုင်ပါတယ်။ နာနတ်သီးအရောင်မှန်ကိုရပြီဆိုရင် ခူးဆွတ်လို့ရပါပြီ။ ပြီးရင် စောစောကလိုပဲ ထိတ်ပိုင်းကိုဖြတ်ပြီး နောက်တစ်ခါ ပြန်စိုက်နိုင်ပါတယ်။