ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်များ ပြင်ဆင်ချက်ပြုတ်နိုင်ဖို့အတွက် ချက်ပြုတ်ပြင်ဆင်မယ့် အိမ်ရှင်မတစ်ယောက်တည်းမှာ တာဝန်ရှိတာမဟုတ်ပါဘူး။ အိမ်သူအိမ်သားတိုင်းမှာ တာဝန်ရှိပါတယ်။

အိမ်သားတိုင်းမှာ ကျန်းမာရေးအသိရှိမှ ဆောင်ရန်၊ ရှောင်ရန်များကို လိုက်နာကျင့်သုံးနိုင်မှာဖြစ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာများကို စားသုံးနိုင်မှာပဲဖြစ်ပါတယ်။

ဒါဆိုရင် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအသောက်များ ပြင်ဆင်ချက်ပြုတ်နိုင်ဖို့အတွက် ဘယ်အချက်တွေကို သိထားသင့်သလဲ။

လက်ဆေးပါ

Source: Eatthis.com

ဟင်းမချက်ခင်နဲ့ အသားစိမ်း၊ ငါးစိမ်းများ ကိုက်ပြီးချိန်၊ ဟင်းချက်ပြီးချိန်တိုင်းမှာ အနည်းဆုံး စက္ကန့် ၂၀ ခန့် လက်ဆေးပေးရပါမယ်။ ဒါမှ ဘက်တီးရီးယားပိုးမွှားများက သင် စားသောက်မယ့် အစားအစာထဲ ဝင်ရောက်မသွားမှာပဲဖြစ်ပါတယ်။

ရေခဲသေတ္တာထဲမှာ အစားအစာတွေ သိမ်းဆည်းတဲ့အခါ

Source: Popsugar.com

အသားစိမ်း၊ ငါးစိမ်းနှင့် ပင်လယ်စာအစိမ်းများကို ရေခဲသေတ္တာ အောက်ဆုံးထပ်မှာ ထားထားပါ။ အသားစိမ်း၊ ငါးစိမ်းများကို သေချာထုပ်ပိုးပြီး အခြားသောအစားအစာများနှင့် ထိတွေ့ခြင်းမရှိအောင် တတ်နိုင်သမျှ ဂရုစိုက်ပါ။

အသားစိမ်း၊ ငါးစိမ်းထဲမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားများက အခြားအစားအစာတွေထဲ ကူးစက်သွားနိုင်ပြီး ထိုအစားအစာများကို စားသုံးမိပါက အစာအဆိပ်သင့်စေမှာဖြစ်ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ဒါ့အပြင် ရေခဲသေတ္တာကိုလည်း တစ်ပတ် တစ်ကြိမ်ခန့် သန့်ရှင်းရေး ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

အသားစိမ်း၊ ငါးစိမ်းများကို မဆေးကြောပါနှင့်

Source: Thedailymeal.com

အသား၊ ငါးများကို မီးအပူနဲ့ ချက်ပြုတ်လိုက်တဲ့အခါ သူတို့မှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားများက သေသွားပါပြီ။ ဒီလိုမှမဟုတ်ပါပဲနဲ့။ ဟင်းမချက်ခင် ဆေးကြောလိုက်ပါက ဘက်တီးရီးယားများ ပျံ့နှံ့မှုကို အားပေးရာ ရောက်ပါတယ်။

အသားစိမ်း၊ ငါးစိမ်းနှင့် ထိတွေ့ပြီးသော မီးဖိုချောင်သုံးပစ္စည်းများကို တစ်ခါတည်း စင်ကြယ်အောင် ဆေးကြောပါ

Source: Tasteofhome.com

စောစောက ပြောခဲ့သလိုပဲ အသားစိမ်း၊ ငါးစိမ်းထဲမှာ မျက်စိနဲ့ မမြင်နိုင်တဲ့ ဘက်တီးရီးယားများ ကပ်ငြိနေပါတယ်။ သင်က အသား၊ ငါး ခုတ်ထစ်ဖို့ စဉ်းနီတုံးနဲ့ ဓားတစ်ချောင်း အသုံးပြုမယ်ဆိုပါစို့။ ထိုဓားကို ရေဖြင့် အပေါ်ယံပဲ ဆေးကြောပြီး ပေါင်မုန့်ထောပတ်သုတ် လုပ်စားတဲ့အခါမှာလည်း ထိုဓားကိုပဲ ပြန်လည်အသုံးပြုမယ်ဆိုရင် သင့်ခန္ဓာကိုယ်ထဲကို ဘက်တီးရီးယားများ ချဉ်းနင်းဝင်ရောင်သွားပြီပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ဖြစ်နိုင်မယ်ဆိုရင်တော့ အသားစိမ်၊ ငါးစိမ်များအတွက် အသုံးပြုရသော မီးဖိုချောင်သုံးပစ္စည်းများကို သပ်သပ်စီခွဲထားပါ။ အသုံးပြုပြီးပါကလည်း တစ်ခါတည်း ဆေးကြောသန့်စင်ပါ။

စာဖတ်သူတို့အနေနဲ့လည်း မိမိ သိထားပြီးသားဖြစ်တဲ့ မီးဖိုချောင်နှင့် ပတ်သက်သော ကျန်းမာရေးဗဟုသုတများကို အခြားသူများသိသွားအောင် ဝေမျှပေးခဲ့ဦးနော်။

Source: Nbcnews.com