ကလေးလူကြီး အရွယ်မရွေးသောက်သုံးသင့်တဲ့ ပန်းသီးဖျော်ရည်ကို အိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။ ပန်းသီးဖျော်ရည်က ဖျော်ရတာ အရမ်းလွယ်ကူပြီး ကြာချိန်ကလည်း ၁၀ မိနစ် လောက်ဘဲ ကြာတာမလို့ အချိန်ကုန်လည်းသက်သာပါတယ်။

ပါဝင်ပစ္စည်းများ-

– ပန်းသီး ၁၀ ပေါင် (ပန်းသီး ၄၀ လုံးခန့်)

– Citric Acid သို့မဟုတ် သံပုရာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပန်းသီးကို ရေဆေးပါ။

ပန်းသီးကို အခွံနွှာထားပါ။ အူတိုင်နဲ့ အခွံများကို ဖယ်ထားပေးပါ။

ပန်းသီးတွေကို Blender နဲ့ ကျိတ်ပေးပါ။

ဖျော်ထားတဲ့ ပန်းသီးနဲ့အရည်တွေကို ဇကာနဲ့ နှစ်ကြိမ် သို့မဟုတ် သုံးလေးကြိမ်လောက် စစ်ပေးပါ။ စစ်ထားတဲ့ဖျော်ရည်တွေကို အိုးထဲ ထည့်လိုက်ပါ။

ဖျော်ရည်တွေ မညိုသွားအောင်လို့ Citric Acid သို့မဟုတ် သံပုရာရည်ကို ရောမွှေပေးပါ။