ခေါင်းအုံးပေါ်မှာ ခေါင်းချလိုက်တာနဲ့ ကံကောင်းတဲ့သူတွေလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ လူတိုင်းကတော့ ကံမကောင်းနိုင်ကြပါဘူး။ လူအချို့ကျပြန်တော့ တစ်နေ့တာလုံး ဘယ်လောက်ပဲ ပင်ပန်းနေပါစေ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ညဘက်ကျ တော်တော်နဲ့ အိပ်မပျော်ကြပါဘူး။

ညစဉ်ရက်ဆက် အိပ်မပျော်ဖြစ်လာပြီဆိုရင်တော့ ကျန်းမာရေးအတွက် ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ညဘက်အိပ်စက်တဲ့အခါ အချိန်တိုအတွင်းမှာ အိပ်မောကျသွားပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်အနားယူနိုင်ဖို့အတွက် အခုဖော်ပြပေးမယ့် ငှက်ပျောသီးလက်ဖက်ရည်ကို သောက်သုံးကြည့်လိုက်ပါ။

ပါဝင်ပစ္စည်းများ

  • အော်ဂဲနစ် ငှက်ပျောသီး ၁ လုံး
  • သစ်ကြမ်းပိုးခေါက် အမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့်
  • ရေ တစ်ကရားခန့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး ရေကို အိုးထဲထည့်ပြီး ကျိုချက်ရပါမယ်။

၂။ ငှက်ပျောသီးကို အလုံးလိုက် အခွံခွာပြီးနောက် အိုးထဲထည့်ကာ ၁၀ မိနစ်ခန့် ပြုတ်လိုက်ပါ။ ၁၀ မိနစ်ပြည့်ပါက မီးဖိုပေါ်က ချလိုက်ပါ။

၃။ သစ်ကြမ်းပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့်ကို အိုးထဲထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၄။ ထို့နောက် ဇကာကို ဖန်ခွက်တစ်လုံးပေါ် တင်ပြီးနောက် အိုးထဲက အရည်များကို ဖန်ခွက်ပေါ်သို့ လောင်းချလိုက်ပါ။

၅။ ရရှိလာတဲ့ ငှက်ပျောသီးလက်ဖက်ရည်ကို အအေးခံပြီးတဲ့နောက်မှာ ညအိပ်ယာဝင်ခါနီးတိုင်း သောက်သုံးပေးလိုက်ပါ။

အိုးထဲမှာ ကျန်ရှိနေတဲ့ ငှက်ပျောသီးကို အလဟဿမလွှင့်ပစ်ချင်ဘူးဆိုရင်တော့ အလုံပိတ်အိတ်ထဲထည့်ပြီးနောက် ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါ။ မနက်ရောက်တဲ့အခါ ငှက်ပျောသီးပေါင်မုန့် လုပ်စားလို့ရပါတယ်။

Source: onegoodthingbyjillee.com