[Unicode]
ဘာ့ကြောင့်သောက်သုံးသင့်သလဲ
ပြောင်းဖူးမွေးဟာ ဆီးချိုကျစေသလို သွေးခဲတာကိုလည်းသက်သာစေပြီး ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ အများအပြားရှိနေပါတယ်။
ဒါ့ကြောင့် ပြောင်းဖူးပေါ်ချိန်မှာ ပြောင်းဖူး ရေနွေးကြမ်းကို ပြုလုပ်သောက်သုံးသင့်ပါတယ်။
ပြောင်းဖူးမွေးမှာ ပိုတက်ဆီယမ်ဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့ကြောင့် ဆီးသွားတဲ့စနစ်ကိုကောင်းမွန်စေပြီး ဆီးကျောက်တည်တာကို ကာကွယ်ပေးနိုင်ပါတယ်။
ဘယ်လိုလုပ်မလဲ
ပြောင်းဖူးမွေးထဲက မည်းနေတဲ့ အမွေးတွေကို ဖယ်လိုက်ပါ။
ပြီးရင်အခွံနွာပြီး အထဲက နုတဲ့ အမွေးကိုပဲယူပါ။
ပြီးရင် ရေဆေးပြီး သဘက်တစ်ခုခု ပုဝါတစ်ခုခုပေါ်တင်လိုက်ပါ။ စာရွက် သတင်းစာတစ်ခုခုကို အသုံးပြုလို့လည်းရပါတယ်။
ပြီးရင် အခြောက်ခံပါ။ တစ်ပတ် (သို့) ၂ ပတ်လောက်ကြာနိုင်ပါတယ်။
ပြီးရင်အညိုရောင်လေးဖြစ်လာပါလိမ့်မယ်။
အဲဒီအမွေးကို ခွက်တစ်လုံးထဲထည့်လိုက်ပြီး ရေနွေးထည့်ပါ။
ပြီးရင်တစ်ခေါက်လောက် ရေသွန်လိုက်ပြီး နောက်ထပ် ခွက်တစ်လုံးထဲကိုထည့်ကာ ရေနွေးလောင်းထည့်ပါ။
ပြီးရင် သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်လောက်ထည့်ပေးပါ။ (သို့) ပျားရည်ကိုအသုံးပြုလည်းရပါတယ်။
ပြီးရင် သံပုယိုသီးခွံ (သို့) ပူစီနံရွက်အနည်းငယ်ထည့်ပါ။
ပြီးရင် ၂ မိနစ်လောက်ထားပြီး ပြောင်းဖူးမွေးကို ဆယ်ပြီးသောက်နိုင်သလို မဆယ်ဘဲနဲ့ ဒီအတိုင်းလည်းသောက်နိုင်ပါတယ်။
Featured Image Source: Purchase Medicine Online | Noida | Delhi | Ghaziabad | Faridabad
[Zawgyi]
ဘာ့ေၾကာင့္ေသာက္သံုးသင့္သလဲ
ေျပာင္းဖူးေမြးဟာ ဆီးခ်ိဳက်ေစသလို ေသြးခဲတာကိုလည္းသက္သာေစၿပီး က်န္းမာေရးဆိုင္ရာ အက်ိဳးေက်းဇူးေတြ အမ်ားအျပားရွိေနပါတယ္။
ဒါ့ေၾကာင့္ ေျပာင္းဖူးေပၚခ်ိန္မွာ ေျပာင္းဖူး ေရေႏြးၾကမ္းကို ျပဳလုပ္ေသာက္သံုးသင့္ပါတယ္။
ေျပာင္းဖူးေမြးမွာ ပိုတက္ဆီယမ္ဓါတ္ေတြၾကြယ္၀စြာပါ၀င္ပါတယ္။ ဒါ့ေၾကာင့္ ဆီးသြားတဲ့စနစ္ကိုေကာင္းမြန္ေစၿပီး ဆီးေက်ာက္တည္တာကို ကာကြယ္ေပးႏိုင္ပါတယ္။
ဘယ္လိုလုပ္မလဲ
ေျပာင္းဖူးေမြးထဲက မည္းေနတဲ့ အေမြးေတြကို ဖယ္လုိက္ပါ။
ၿပီးရင္အခြံႏြာၿပီး အထဲက ႏုတဲ့ အေမြးကိုပဲယူပါ။
ၿပီးရင္ ေရေဆးၿပီး သဘက္တစ္ခုခု ပု၀ါတစ္ခုခုေပၚတင္လိုက္ပါ။ စာရြက္ သတင္းစာတစ္ခုခုကို အသံုးျပဳလုိ႔လညး္ရပါတယ္။
ၿပီးရင္ အေျခာက္ခံပါ။ တစ္ပတ္ (သို႔) ၂ ပတ္ေလာက္ၾကာႏိုင္ပါတယ္။
ၿပီးရင္အညိဳေရာင္ေလးျဖစ္လာပါလိမ့္မယ္။
အဲဒီအေမြးကို ခြက္တစ္လံုးထဲထည့္လိုက္ၿပီး ေရေႏြးထည့္ပါ။
ၿပီးရင္တစ္ေခါက္ေလာက္ ေရသြန္လိုက္ၿပီး ေနာက္ထပ္ ခြက္တစ္လံုးထဲကိုထည့္ကာ ေရေႏြးေလာင္းထည့္ပါ။
ၿပီးရင္ သၾကား လက္ဖက္ရည္ဇြန္း တစ္၀က္ေလာက္ထည့္ေပးပါ။ (သို႔) ပ်ားရည္ကိုအသံုးျပဳလည္းရပါတယ္။
ၿပီးရင္ သံပုယိုသီးခြံ (သို႔) ပူစီနံရြက္အနည္းငယ္ထည့္ပါ။
ၿပီးရင္ ၂ မိနစ္ေလာက္ထားၿပီး ေျပာင္းဖူးေမြးကို ဆယ္ၿပီးေသာက္ႏိုင္သလို မဆယ္ဘဲနဲ႔ ဒီအတိုင္းလည္းေသာက္ႏိုင္ပါတယ္။
Featured Image Source: READit
Featured Image Source: Purchase Medicine Online | Noida | Delhi | Ghaziabad | Faridabad