ချွေးပေါက်ကျဉ်းစေဖို့ ခေတ်မီတဲ့ အလှပြင်ပစ္စည်းတွေ ဘာလို့အသုံးပြုနေတော့မှာလဲ။ သဘာဝပစ္စည်းလေးတွေနဲ့ ချွေးပေါက်ကျဉ်းစေမယ့် နည်းလမ်းတွေအများကြီးပါပဲ။

cang-da-co-1

ဒီနည်းလမ်းတွေက မိမိအိမ်မှာ အလွယ်တကူပြုလုပ်နိုင်တာမို့ စာဖတ်သူတို့ သဘောကျနှစ်ခြိုက်ကြမှာပါ။

ရေနဲ့ မုန့်ဖုတ်ဆိုဒါ

baking-soda-for-acne

ရေနဲ့ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်းဆီကို ရောပြီး သမအောင်မွှေပေးပါ။ ပြီးရင်မျက်နှာပေါ်လိမ်းပေးပြီး ၁၅ မိနစ်လောက်ထားပါ။ မုန့်ဖုတ်ဆိုဒါခြောက်သွေ့ပြီး အရေပြားတင်းလာပြီဆိုရင် ရေအေးနဲ့ ဆေးချပါ။

ကြက်ဥအကာနဲ့ သံပုယိုသီး

mascara-facial-para-espinha

သံပုယိုသီး ၁ လုံးကို အရည်ညစ်ပြီး ကြက်ဥအကာနှစ်လုံးနဲ့ရောပါ။ ပြီးရင် မျက်နှာပေါ်မှာလိမ်းပေးပြီး ခြောက်အောင်ထားပါ။ ရေအေးနဲ့ မျက်နှာသစ်ချပါ။ ချွေးပေါက်ကျည်းစေနိုင်ပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးသလို အဆီပြန်တာကို သက်သာစေပါတယ်။

ခရမ်းချည်သီးနဲ့ သံပုရာသီး

tomato-honey-lime-face-pack-to-remove-tan-61

သံပုယိုသီး ၄ စက်လောက်ကို ခရမ်းချဉ်သီးအနှစ်နဲ့ရောပြီး မျက်နှာပေါ်မှာ ၁၅ မိနစ်လောက် လိမ်းပေးထားပါ။ ပြီးရင်ရေအေးနဲ့ မျက်နှာသစ်ချပါ။

ချွေးပေါက်ကျဉ်းစေပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

သံပုယိုသီးနဲ့ နာနတ်သီး

Pine-Lime-Lemon-420

သံပုယိုသီး တစ်ဝက်ကို အရည်ညှစ်ပြီး နာနတ်သီးအရည် ခွက်တစ်ဝက်လောက်နဲ့ ရောပြီးပါ။ ပြီးရင် မျက်နှာပေါ်မှာလမ်းပေးပြီး ၅ မိနစ်လောက်ထားကာ ရေအေးနဲ့မျက်နှာသစ်ပါ။