သရက်သီးကတော့ လူတော်တော်များများ ကြိုက်နှစ်သက်ကြတဲ့ အသီးမျိုးပါ။ သရက်သီးကို မြန်မြန်ဆန်ဆန်ခွာနိုင်ဖို့ ဓားအသေးတစ်ချောင်းနဲ့ အကြီးတစ်ချောင်းပဲ လိုအပ်ပါတယ်။

အဆင့် (၁) သရက်သီးရဲ့ ဘက် ၂ ဖက်လုံးကို လှီးလိုက်ပါ

သရက်သီးရဲ့ ဒေါင်လိုက်တင်လိုက်ပြီး ဘက် ၂ ဖက်လုံးကို လှီးလိုက်ပါ။ အရင်းကနေ လက်မဝက်လောက်ခြားပြီး လှီးလိုက်ပါ။ ဒါမှ အစေ့ကို မလှီးမိမှာဖြစ်ပါတယ်။

အဆင့် (၂) ခုနက လှီးထားတဲ့သရက်သီးကို ကျားကွက်ပုံစံ လှီးလိုက်ပါ

လှီးထားတဲ့ သရက်သီးကို ယူပြီး ဒေါင်လိုက်၊ အလျားလိုက် ကျားကွက်ပုံစံဖြစ်အောင် လှီးလိုက်ပါ။

အခွံအထိ ပြတ်သွားအောင် မလှီးပါနဲ့။

အဆင့် (၃) သရက်သီးအခွံကို ကိုင်ပြီး ကြုံ့ချီ၊ ဆန့်ချီလုပ်ရင် အတုံးလေးတွေကို တွေ့လာရမှာပါ။

သရက်သီးကို လှလှပပနဲ့ မြန်မြန်ဆန်ဆန် ဘယ်လို ခွာမလဲ

အဆင့် (၄) အတုံးတွေကို လှီးထုတ်လိုက်ပါ။

ဓားကိုသုံးပြီးတော့ အတုံးလေးတွေကို သေချာ လှီးထုတ်လိုက်ပါ။ အခွံနားကနေ ကပ်လှီးလိုက်ပါ။ ဒါမှ အသားတွေအများကြီး ရမှာဖြစ်ပါတယ်။

အဆင့် (၅) ဒါဆိုရင် အရွယ်ညီညီ လှလှပပ သရက်သီးအတုံးလေးတွေ ရပါပြီနော်။