အစားအသောက်တွေကို ဒီတိုင်းထားနေကျအတိုင်း ထားတာထက်စာရင် ကြာရှည်ခံအောင်လုပ်ထားတော့ အကုန်အကျလည်းသက်သာတာပေါ့။ ဒါကြောင့် အိမ်ရှင်မတိုင်းအတွက် အကျိုးရှိစေမယ့် အစားအသောက်တွေကြာရှည်ခံအောင် လုပ်နိုင်မယ့်နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

ပန်းဂေါ်ဖီကို ဒီတိုင်းထားတာထက်စာရင် ခဲပတ်နဲ့ပတ်ပြီးထားတာက ပိုပြီးကြာရှည်ခံစေပါတယ်။

သံပုရာသီးတို့၊ သံပယိုသီးတို့ကို ခွဲပြီးရင် ဒီတိုင်းမထားပါနဲ့။ အောက်ခြေနားကဖြတ်ထုတ်ထားတဲ့ သူ့အခွံလေးနဲ့ ပြန်ပိတ်ထားပါ။ ဒါဆို ရိရွဲတာလည်းမဖြစ်ပဲ အထားခံပါတယ်။

ထောပတ်သီးကို အခွံတွေခွာ၊ လှီးပြီးရင် ဒီတိုင်းမထားပါနဲ့။ ပုပ်သွားပါလိမ့်မယ်။ ဗူးထဲထည့်ပြီး ကြက်သွန်နီကို တစ်ခြမ်းခြမ်းထည့်ထားပါ။ ပြီးရင် အဖုံးပိတ်ပြီး ထားပါ။ ကြာကြာအထားခံပါတယ်။

ကြက်ဥတွေကို ကြာကြာအထားခံချင်ရင် ပုံးတစ်ပုံးထဲကို ဆားထည့်ပြီး ကြက်ဥတွေထည့်ပါ။ ပြီးရင် အပါ်ကနေ ဆားတွေကို ကြက်ဥမြုပ်သွားတဲ့အထိ ထပ်ထည့်ထားပါ။ ဒါဆိုရင် ကြက်ဥက ကြာကြာအထားခံပါတယ်။

နာနတ်သီးကို ဒီတိုင်းအလုံးလိုက်ထားရင် ပုပ်သွားနိုင်ပါတယ်။ ကြာကြာအထားခံချင်ရင်တော့ နာနတ်သီးထိပ်ကို ဖြတ်ပြီး ပန်းကန်ထဲမှောက်ထားပါ။

Source: www.5minutecrafts