[Unicode]

အစာအဆိပ်သင့်ခြင်းဆိုရာမှာ အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့ အစာအဆိပ်သင့်ခြင်းရှိသလို လူကို မအီမသာဖြစ်ရုံ အော့အန်စေရုံလောက်သာ ဒုက္ခပေးတဲ့ အစာအဆိပ်သင့်ခြင်းမျိုးလည်းရှိပါတယ်။ မတည့်တဲ့အစာတွေကို စားသုံးမိတာမျိုး၊ ရက်လွန်ပြီး မှိုတက်နေတဲ့ အစားအစာများကို စားသုံးမိတဲ့အခါ အစာအဆိပ်သင့်ခြင်းဝေဒနာကို ခံစားရတတ်ပါတယ်။

ဒီဝေဒနာရဲ့ အန္တရာယ်မှ ကင်းလွတ်နိုင်ဖို့ရန်အတွက် အခုဖော်ပြပေးမယ့်အရာတွေကို သေချာလိုက်နာဖို့ လိုအပ်ပါလိမ့်မယ်။

ရေခဲသေတ္တာထဲမှာ ဘယ်လိုအစားအစာတွေကို ထည့်သိမ်းထားရမလဲ

အစားအသောက်အချို့ကို လတ်လတ်ဆတ်ဆတ်နဲ့ ကြာရှည်အထားခံဖို့အတွက်ဆိုပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားတတ်ပါတယ်။ ဘယ်လိုအစားအသောက်မျိုးလဲဆိုရင် “ရေခဲသေတ္တာထဲ ထည့်ထားရန် (Keep Refrigerated)” ဆိုတဲ့ အညွှန်းပါတဲ့အစားအစာမျိုး၊ ကုန်ဆုံးမယ့်ရက် ပါရှိတဲ့ အစားအစာမျိုးကို ထည့်ထားသင့်ပါတယ်။

မကုန်သေးလို့ ကျန်ရှိနေသေးတဲ့အစားအစာတွေကို စားပြီးပြီးချင်း ၂ နာရီအတွင်း ရေခဲသေတ္တာထဲ ပြန်ထည့်ထားရပါမယ်။ ဒါ့အပြင် ၂ ရက်အတွင်း ကုန်အောင် စားရပါမယ်။

အဖုံးဖွင့်ထားပြီးသား စည်သွပ်ဘူးတွေကိုတော့ ရေခဲသေတ္တာထဲ ပြန်မထည့်သင့်ပါဘူး။ သတ္တုဓာတ်တွေ ဓာတ်ပြုသွားနိုင်လို့ပါပဲ။

ရေခဲသေတ္တာကို မပျက်စီးအောင် ဘယ်လိုထိန်းသိမ်းရမလဲ

Source: realsimple.com

သင့်ရေခဲသေတ္တာရဲ့ အပူချိန်ကို ၅ ဒီဂရီစင်တီဂရိတ်နှင့် သူ့ထက်နည်းတဲ့ အပူချိန်မှာပဲ ထားရပါမယ်။ ဒါ့အပြင် ရေခဲသေတ္တာက ညစ်ပတ်ပေရေနေတယ်ဆိုရင်လည်း သန့်ရှင်းရေးမှန်မှန်လုပ်ပေးဖို့ လိုအပ်ပါတယ်။

ရေခဲသေတ္တာထဲ ထည့်သိမ်းထားရမယ့် အစားအစာများ

ဒိန်ချဉ်၊ ချိစ်၊ နွားနို့၊ အသားနှင့် ငါး၊ ကြက်ဥ၊ ဘဲဥ (ပြုတ်ပြီးသား ကြက်ဥများကိုလည်း ထည့်သိမ်းထားနိုင်ပါတယ်)၊ ငှက်ပျောသီး၊ ပေါင်မုန့် စတဲ့ အစားအစာများကို ထည့်သိမ်းထားပေးပါ။

အိတ်တစ်မျိုးတည်းကိုပဲ ပြန်လည်အသုံးပြုတဲ့အခါ

Source: chefsteps.com

သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ ပလပ်စတစ်အိတ်တွေကို လျော့သုံးလာကြပြီး သုံးပြီးသားအိတ်တွေကိုပဲ ထပ်တလဲလဲ ပြန်လည်အသုံးပြုလေ့ရှိပါတယ်။ သို့သော် အသားငါး ထည့်ပြီးတဲ့ပလပ်စတစ်အိတ်တွေကိုတော့ ပြန်လည်အသုံးမပြုသင့်ဘဲ လွှင့်ပစ်တဲ့အခါမှာလည်း ယင်ကောင်လာမနားအောင် သေချာထုပ်ပိုးပြီးမှသာ လွှင့်ပစ်သင့်ပါတယ်။

ချည်ထည်အိတ်များကို အသုံးပြုတဲ့အခါမှာလည်း အသားငါး ထည့်တဲ့အိတ်သပ်သပ်၊ ဟင်းသီးဟင်းရွက်အိတ်သပ်သပ် အသုံးပြုသင့်ပါတယ်။ ချည်ထည်အိတ်များ၊ ဂုန်နီအိတ်များက ပလပ်စတစ်အိတ်ထက် ပိုအသုံးဝင်တဲ့အတွက်ကြောင့် ပတ်ဝန်းကျင်ကို တစ်ထောင့်တစ်နေရာက ထိန်းသိမ်းတဲ့အနေနဲ့ ပလပ်စတစ်အိတ်အစားထိုး အသုံးပြုသင့်ပါတယ်။

Source: Nhs.uk

[Zawgyi]

အစာအဆိပ္သင့္ျခင္းဆိုရာမွာ အသက္အႏၱရာယ္ထိခိုက္ေစႏိုင္တဲ့ အစာအဆိပ္သင့္ျခင္း႐ွိသလို လူကို မအီမသာျဖစ္႐ံု ေအာ့အန္ေစ႐ံုေလာက္သာ ဒုကၡေပးတဲ့ အစာအဆိပ္သင့္ျခင္းမ်ိဳးလည္း႐ွိပါတယ္။ မတည့္တဲ့အစာေတြကို စားသံုးမိတာမ်ိဳး၊ ရက္လြန္ၿပီး မႈိတက္ေနတဲ့ အစားအစာမ်ားကို စားသံုးမိတဲ့အခါ အစာအဆိပ္သင့္ျခင္းေဝဒနာကို ခံစားရတတ္ပါတယ္။

ဒီေဝဒနာရဲ႕ အႏၱရာယ္မွ ကင္းလြတ္ႏိုင္ဖို႔ရန္အတြက္ အခုေဖာ္ျပေပးမယ့္အရာေတြကို ေသခ်ာလိုက္နာဖို႔ လိုအပ္ပါလိမ့္မယ္။

ေရခဲေသတၱာထဲမွာ ဘယ္လိုအစားအစာေတြကို ထည့္သိမ္းထားရမလဲ

အစားအေသာက္အခ်ိဳ႕ကို လတ္လတ္ဆတ္ဆတ္နဲ႔ ၾကာ႐ွည္အထားခံဖို႔အတြက္ဆိုၿပီး ေရခဲေသတၱာထဲမွာ ထည့္ထားတတ္ပါတယ္။ ဘယ္လိုအစားအေသာက္မ်ိဳးလဲဆိုရင္ “ေရခဲေသတၱာထဲ ထည့္ထားရန္ (Keep Refrigerated)” ဆိုတဲ့ အညႊန္းပါတဲ့အစားအစာမ်ိဳး၊ ကုန္ဆံုးမယ့္ရက္ ပါ႐ွိတဲ့ အစားအစာမ်ိဳးကို ထည့္ထားသင့္ပါတယ္။

မကုန္ေသးလို႔ က်န္႐ွိေနေသးတဲ့အစားအစာေတြကို စားၿပီးၿပီးခ်င္း ၂ နာရီအတြင္း ေရခဲေသတၱာထဲ ျပန္ထည့္ထားရပါမယ္။ ဒါ့အျပင္ ၂ ရက္အတြင္း ကုန္ေအာင္ စားရပါမယ္။

အဖံုးဖြင့္ထားၿပီးသား စည္သြပ္ဘူးေတြကိုေတာ့ ေရခဲေသတၱာထဲ ျပန္မထည့္သင့္ပါဘူး။ သတၱဳဓာတ္ေတြ ဓာတ္ျပဳသြားနိုင္လို႔ပါပဲ။

ေရခဲေသတၱာကို မပ်က္စီးေအာင္ ဘယ္လိုထိန္းသိမ္းရမလဲ

Source: realsimple.com

သင့္ေရခဲေသတၱာရဲ႕ အပူခ်ိန္ကို ၅ ဒီဂရီစင္တီဂရိတ္ႏွင့္ သူ႔ထက္နည္းတဲ့ အပူခ်ိန္မွာပဲ ထားရပါမယ္။ ဒါ့အျပင္ ေရခဲေသတၱာက ညစ္ပတ္ေပေရေနတယ္ဆိုရင္လည္း သန္႔႐ွင္းေရးမွန္မွန္လုပ္ေပးဖို႔ လိုအပ္ပါတယ္။

ေရခဲေသတၱာထဲ ထည့္သိမ္းထားရမယ့္ အစားအစာမ်ား

ဒိန္ခ်ဥ္၊ ခ်ိစ္၊ ႏြားႏို႔၊ အသားႏွင့္ ငါး၊ ၾကက္ဥ၊ ဘဲဥ (ျပဳတ္ၿပီးသား ၾကက္ဥမ်ားကိုလည္း ထည့္သိမ္းထားႏိုင္ပါတယ္)၊ ငွက္ေပ်ာသီး၊ ေပါင္မုန္႔ စတဲ့ အစားအစာမ်ားကို ထည့္သိမ္းထားေပးပါ။

အိတ္တစ္မ်ိဳးတည္းကိုပဲ ျပန္လည္အသံုးျပဳတဲ့အခါ

Source: chefsteps.com

သဘာဝပတ္ဝန္းက်င္ကို ထိန္းသိမ္းေစာင့္ေ႐ွာက္တဲ့အေနနဲ႔ ပလပ္စတစ္အိတ္ေတြကို ေလ်ာ့သံုးလာၾကၿပီး သံုးၿပီးသားအိတ္ေတြကိုပဲ ထပ္တလဲလဲ ျပန္လည္အသံုးျပဳေလ့႐ွိပါတယ္။ သို႔ေသာ္ အသားငါး ထည့္ၿပီးတဲ့ပလပ္စတစ္အိတ္ေတြကိုေတာ့ ျပန္လည္အသံုးမျပဳသင့္ဘဲ လႊင့္ပစ္တဲ့အခါမွာလည္း ယင္ေကာင္လာမနားေအာင္ ေသခ်ာထုပ္ပိုးၿပီးမွသာ လႊင့္ပစ္သင့္ပါတယ္။

ခ်ည္ထည္အိတ္မ်ားကို အသံုးျပဳတဲ့အခါမွာလည္း အသားငါး ထည့္တဲ့အိတ္သပ္သပ္၊ ဟင္းသီးဟင္းရြက္အိတ္သပ္သပ္ အသံုးျပဳသင့္ပါတယ္။ ခ်ည္ထည္အိတ္မ်ား၊ ဂုန္နီအိတ္မ်ားက ပလပ္စတစ္အိတ္ထက္ ပိုအသံုးဝင္တဲ့အတြက္ေၾကာင့္ ပတ္ဝန္းက်င္ကို တစ္ေထာင့္တစ္ေနရာက ထိန္းသိမ္းတဲ့အေနနဲ႔ ပလပ္စတစ္အိတ္အစားထိုး အသံုးျပဳသင့္ပါတယ္။

Source: Nhs.uk