အိမ်တွေမှာ ဆန်တွေ ဝယ်ထားတာ ကြာလာရင် ပိုးကောင်တွေ တက်တာ၊ ဆန်တွေ မည်းလာတာမျိုးတွေ ကြုံဖူးကြမှာပါ။

ဒီရန်တွေကနေ ဘယ်လို ကာကွယ်မလဲဆိုတဲ့ အချက်က ၅ချက်ပဲ ရှိပါတယ်။ ရိုးရှင်းပြီး လွယ်ကူပါတယ်။

၁။ နေရောင်ခံပေးပါ။

သင့်ဆန်တွေမှာ အဖြူ ဒါမှမဟုတ် အနက်ရောင် ပိုးလေးတွေ အများကြီး တက်နေပြီဆိုရင်တော့ နေရောင်ထဲမှာ ၃-၄နာရီလောက် ထားပေးပါ။ အပူက ပိုးတွေကို သေစေနိုင်ပါတယ်။ ဒါမှမဟုတ် ဆန်ထဲကနေ ထွက်သွားတတ်ကြပါတယ်။ တချို့ကတော့ ချက်ခါနီးမှ လင်ဗန်းထဲ ထည့်ပြီး နေပြ တတ်ကြပါတယ်။ ပိုးကောင် အနည်းအများပေါ်မူတည်ပြီး နေပြမယ့် အချိန်ကို အတိုးလျော့ လုပ်လို့ ရပါတယ်။

၂။ ငရုတ်သီးခြောက် ထည့်ထားပါ

လေလုံတဲ့ ဘုံးတွေထဲ ထည့်ထားမယ်ဆိုရင်တော့ ငရုတ်သီး အနီခြောက် တချို့ကိုပါ ရောပြီး ထည့်ထားပေးပါ။ ငရုတ်သီးရဲ့ အနံ့ကို ပိုးမွှားတွေက မကြိုက်ပါဘူး။ ငရုတ်သီးလိုပဲ ငရုတ်ကောင်းစေ့ (သို့) လေးညှင်းပွင့်လေးတွေ ထည့်ထားလို့ရပါတယ်။

၃။ တမာရွက် ထည့်ပေးပါ

ဒါ့အပြင် တမာရွက်လေး အုပ်ထားပေးလို့လည်း ရပါတယ်။ ပိုးမွှားတွေက တမာရွက်ရှိတဲ့ နေရာ မလာတတ်ပါဘူး။ တချို့ဆိုရင် အင်္ကျီတွေသိမ်းတဲ့ နေရာတွေမှာတောင် ထားတတ်ကြပပါတယ်။

၄။ သိမ်းတဲ့နေရာ မှန်ပါစေ

ဆန်အိတ် ဒါမှမဟုတ် ဆန်ဘုံးတွေကို ထားမယ်ဆိုရင် နေရောင် တိုက်ရိုက်ရမယ့်နေရာတွေကို ရှောင်ပါ။ မှောင်ပြီး ခြောက်သွေ့တဲ့ နေရာမှာ ထားပါ။ စိုစွတ်နေတဲ့ နေရာမျိုးတွေ ရှောင်ပါ။ စိုစွတ်တဲ့နေရာတွေဟာ ဆန်တွေကို ပျက်စီးစေသလို ပိုးမွှားတွေကိုလည်း ရှင်သန်စေပါတယ်။

၅။ ဆန်ထည့်မယ့် ပစ္စည်း

ဆန်ထည့်တဲ့ အခါ အရည်အသွေးကောင်းတဲ့ ပလပ်စတစ်ဘုံးတွေဟာ အသင့်တော်ဆုံးပါပဲ။ လုံအောင် ပိတ်ထားလို့ ရသလို လေလဲ လုံစေပါတယ်။

Credit: asianinspirations.com.au