အခုနောက်ပိုင်း ခေတ်စားလာတဲ့ Trend တစ်ခုက အစားအသောက်ဆိုင်ကောင်းကောင်းတွေမှာ သွားစားပြီဆိုရင် ဟင်းပွဲတွေရောက်လာတာနဲ့ အရင်ဆုံး ဓါတ်ပုံလှလှလေးရိုက်ပြီး Facebook ပေါ်မှာ Check In တင်ပြီး သူငယ်ချင်းတွေကို ကြွားတာပဲဖြစ်ပါတယ်။

အဲ့ဒီလိုမျိုး အစားအသောက်တွေကို လှလှလေးဓါတ်ပုံရိုက်ဖို့အတွက်က ကင်မရာကောင်းကောင်းဖုန်းတစ်လုံးလိုအပ်သလို Camera ပိုင်း Features တွေအစုံပါဝင်ဖို့လည်းလိုအပ်မယ်နော်။

အခုလိုမျိုး အစားအသောက်တွေကို လှလှလေးဖြစ်အောင် ဓါတ်ပုံရိုက်ကူးရမယ့်နည်းလမ်းလေးတွေကို ကင်မရာ (၄) လုံးပါဝင်တဲ့ HUAWEI nova 2i ဖုန်းကို အသုံးပြုပြီးတော့ ပြောပြပေးသွားမှာဆိုတော့ လိုက်မှတ်ထားကြနော်။

Pro Photo Mode ကို အသုံးပြုပြီး White Balance ချိန်ညှိပါ

 

အစားအသောက်ဓါတ်ပုံတွေကို ရိုက်ကူးမယ်ဆိုရင် အရေးအကြီးဆုံးက အရောင်တွေဖြစ်ပြီး များသောအားဖြင့် စားသောက်ဆိုင်တွေရဲ့ မီးရောင်တွေက သဘာဝအရောင်မဟုတ်တာမျိုးများပါတယ်။ အဲ့ဒီအချိန်မှာ HUAWEI nova 2i ဖုန်းမှာပါဝင်တဲ့ Pro Photo Mode ရဲ့ White Balance ကို စိတ်ကြိုက်ကစားပြီး ဟင်းပွဲတွေကို စားချင်ဖွယ်ဖြစ်တဲ့အထိ အရောင်ပြောင်းလို့ရပါတယ်။ အရောင်တောက်တောက်ပပနဲ့ အစားအစာပုံတွေရိုက်မယ်ဆိုရင် White Balance ကို 6500k လောက်ထားတာက အဆင်ပြေမှာပါ။

Wide Aperture Effect နဲ့ နောက်ခံတွေကို ဖယ်ရှားလိုက်ပါ

အစားအသောက်ဟင်းပွဲတွေကို ဓါတ်ပုံရိုက်ကူးမယ်ဆိုရင် ဟင်းပွဲကိုရိုက်နေရင်းနဲ့ တဖက်က စားနေတဲ့သူတွေရဲ့ မျက်နှာကိုပါ ရိုက်မိတာမျိုး ကြုံဖူးမှာပါ။ အဲ့ဒီအချိန်မှာ HUAWEI nova 2i ရဲ့ Wide Aperture Effect ကအလွန်အသုံးဝင်မှာဖြစ်ပြီးတော့ ကိုယ်ရိုက်ကူးနေတဲ့အစားအသောက်ကလွဲပြီးတော့ ကျန်တဲ့နောက်ခံကို သဘာဝကျကျဝါးအောင် ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

HDR Effect နဲ့ပဲရိုက်ပါ။

HDR ဆိုတာက High Dynamic Range ကို ပြောတာဖြစ်ပြီးတော့ HUAWEI nova 2i စမတ်ဖုန်းမှာ အစားအသောက်တွေကို HDR Mode နဲ့ ရိုက်မယ်ဆိုရင် အစားအသောက်ရဲ့ အရောင်တွေက သာမန်ရိုက်တာထက်ပိုပြီးတောက်ပနေမှာဖြစ်ပြီးတော့ အရာအကုန်လုံးက စားချင်စရာဖြစ်နေပါလိမ့်မယ်။

Flash မသုံးပါနဲ့

ဒါက အစားအသောက်တွေကို ဓါတ်ပုံရိုက်ကူးတဲ့အချိန်မှာ အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပြီး တခါတလေ ညဘက်တွေမှာ အစားအသောက်တွေပုံကို ရိုက်ချင်တယ်ဆိုရင် Flash မဖွင့်ပဲ HUAWEI nova 2i မှာပါဝင်တဲ့ Night Shot Mode နဲ့ပဲ ရိုက်ကြည့်ပါ။ ဘာဖြစ်လို့လဲဆိုရင် Flash ဖွင့်ပြီးရိုက်လိုက်တာက အလင်းပြန်ပြီး ပိုပြီးမလှမပဖြစ်သွားမှာဖြစ်လို့ပါ။ Flash ကြောင့် အစားအသောက်တွေကို ဖြူဖွေးသွားအောင် အဖြစ်မခံပါနဲ့။

Grid Line တွေကို အမြဲ On ထားပါ

အစားအသောက်ဓါတ်ပုံရိုက်တဲ့အချိန်မှာ အရေးအကြီးဆုံးအချက်က ကိုယ်ရိုက်လိုက်တဲ့ဟင်းပွဲက ဓါတ်ပုံမှာ အလယ်တည့်တည့်မှာ ရှိနေဖို့လိုအပ်မှာဖြစ်ပြီးတော့ အဲ့ဒီလိုမျိုး ရှိနေစေဖို့အတွက် Grid Line တွေက ကူညီပေးပါလိမ့်မယ်။

Shot On HUAWEI nova 2i Watermark ကို ထည့်ဖို့မမေ့ပါနဲ့

အခုနည်းတွေကို အသုံးပြုပြီး ဓါတ်ပုံရိုက်မယ်ဆိုရင် ညစာစားပွဲတွေတိုင်းမှာ ကိုယ်က အကောင်းဆုံး စားချင်ဖွယ်ဖြစ်နေတဲ့ဟင်းပွဲဓါတ်ပုံတွေကိုပဲ တင်ဖြစ်နေတော့မှာပါ။ အဲ့ဒီအတွက် HUAWEI nova 2i ကိုသုံးပြီး ရိုက်ထားတယ်ဆိုတာကို ပြသတဲ့ Watermark လေးလည်း ထည့်ဖို့မမေ့ကြနဲ့ဦးနော်။