တစ်နေ့တာလုံး လန်းဆန်းတက်ကြွစွာ သွားလာလှုပ်ရှားဖို့အတွက် ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ စွမ်းအင်ပမာဏနဲ့ ရေဓာတ်တို့လိုအပ်ပါတယ်။ တစ်ချို့ နေ့တွေမှာ ပုံမှန်အတိုင်းသွားလာလှုပ်ရှားနေပေမယ့်လည်း ဘာကြောင့် ပင်ပန်းမှန်းမသိ ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရပါသလား။ ဒါဆိုရင်တော့ သင့်မှာ ရေဓာတ်ဆုံးရှုံးသွားလို့ပါပဲ။ ရေဓာတ်ဆုံးရှုံးခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ လူက ခြေမသယ်ချင် လက်မသယ်ချင်အောင် ပင်ပန်းနွမ်းနယ်တတ်ပါတယ်။

ဒီလိုမျိုး ပင်ပန်းနွမ်းနယ်ရခြင်းရဲ့ အကြောင်းအရင်းတွေက ဘာများဖြစ်မလဲ။

မနက်စာ မစားခြင်း

အလုပ် အရမ်းရှုပ်တဲ့ နေ့မျိုးတွေဆို မနက်စာ စားဖို့ မေ့သွားတတ်ပါတယ်။ မနက်စာ မစားခြင်းက စွမ်းအင်ပမာဏ လျော့နည်းသွားရခြင်းရဲ့ အဓိက အကြောင်းအရင်းပါပဲ။

အထိုင်များခြင်း

အထိုင်များခြင်းက ကျန်းမာရေးအတွက်လည်း မကောင်းသလို စွမ်းအင်ထိန်းချုပ်ရာမှာလည်း အရေးပါ ပါတယ်။ ထိုင်နေရာမှ မိနစ်အနည်းငယ်လောက် လမ်းလျှောက်ပေးခြင်းက သင့်ခန္ဓာကိုယ်အတွင်းရှိ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး သွေးထဲရှိ အောက်ဆီဂျင်ဓာတ်ကိုလည်း တိုးမြှင့်ပေးပါတယ်။ ဒါ့အပြင် ဦးနှောက်ဆီသို့ အောက်ဆီဂျင်များများ ပို့ပေးနိုင်ခြင်းကြောင့် လန်းဆန်းတက်ကြွမှု စွမ်းအင်ကို ပြန်လည်ရရှိနိုင်ပါတယ်။

ခန္ဓာကိုယ် အနေအထား မမှန်ခြင်း

လေ့လာတွေ့ရှိချက်အရ ပုခုံးကိုင်းကိုင်းလမ်းလျှောက်ခြင်း ပျော့တိပျော့ခွေလမ်းလျှောက်ခြင်းက စွမ်းအင်ပမာဏကို လျော့ကျစေပြီး စိတ်ကျရောဂါခံစားရအောင်လို့ ဆွပေးနေပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ခန္ဓာကိုယ်ကို မတ်မတ်ထားပြီး လမ်းလျှောက်ခြင်း၊ ထိုင်ခြင်း စတာတွေက စိတ်ခံစားချက်ကောင်းမွန်အောင် စွမ်းအင်ပြည့်ဝအောင် လှုံ့ဆော်ပေးပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်အနေအထား မှန်မှန်နဲ့ နေထိုင်ဖို့ မိမိကိုယ်ကို သတိပေးပါ။

ကာဖိန်းဓာတ် မြောက်မြားစွာ မှီဝဲခြင်း

ကာဖိန်းဓာတ် အလွန်အကျွံ ပါဝင်တဲ့ ကော်ဖီသောက်ခြင်း၊ ဆိုဒါသံဘူးများ အလွန်အကျွံသောက်သုံးခြင်းကလည်း သင့်ကို အလွယ်တကူပင်ပန်းနွမ်းနယ်စေပါတယ်။ ဒါ့အပြင် ညဘက်မှာ သင့်ရဲ့ အိပ်စက်ခြင်းကိုလည်း အနှောင့်အယှက်ပေးပါတယ်။

ကာဖိန်းဓာတ် အမြောက်အမြားပါဝင်တဲ့ ကော်ဖီ၊ ဆိုဒါသံဘူးတွေ သောက်မယ့်အစား ရေသောက်ပါ။ ရေများများသောက်လေ့မရှိရင်တော့ သဘာဝသစ်သီးစစ်စစ်နဲ့ ပြုလုပ်ထားပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ Fruitmax အချိုရည်လေးကို အစားထိုးသောက်သုံးကြည့်ပါ။

ဘာစားစား အရသာမရှိဘဲ ခံတွင်းပျက်နေတယ်ဆိုရင်လည်း Fruitmax အချိုရည်လေးကိုပဲ သောက်သုံးလိုက်ပါ။ Fruitmax မှာ လိမ္မော်၊ လိုင်ချီးနဲ့ မန်ကျည်းအရသာ သုံးမျိုးတောင်ရှိလို့ ခံတွင်းပျက်နေတာကို ကူညီဖယ်ရှားပေးပြီး ခံတွင်းအရသာပြန်လည်ကောင်းမွန်စေပါတယ်။ ကျန်းမာရေးအတွက်လည်း ဘေးထွက်ဆိုးကျိုးမရှိတာကြောင့် Fruitmax အချိုရည်လေးကို သောက်လိုက်မယ်ဆိုရင် လန်းဆန်းတက်ကြွသွားပြီး စွမ်းအင်ပြည့်ဝသွားစေမှာ အမှန်ပါပဲ။ သစ်သီးအရသာအတိုင်း ထုတ်လုပ်ထားတာဆိုတော့ သားသားမီးမီးလေးတွေကစလို့ လူငယ်လူကြီးတွေပါမကျန် အကြိုက်တွေ့စေမှာပါ။