အသည်းဟာ ကျွန်မတို့ ခန္ဓာကိုယ်တစ်ခုလုံးမှာ အရေးကြီးဆုံး အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အသည်းဟာ ဗီတာမင် K ရဲ့ အကူအညီကိုယူပြီး ပရိုတင်းဓါတ်ကို ထုတ်ပေးပါတယ်။ ဒီပရိုတင်းဓါတ်က သွေးခဲမှုမဖြစ်စေဖို့ သိပ်ကိုရေးကြီးပါတယ်။

ဒီကနေ့ခေတ်မှာ ကျွန်မတို့ စားသုံးနေတဲ့ အမြန်စားအစားအစာတွေ အသင့်စားအစားအစာတွေကြောင့် အသည်းကို ပိုလို့ထိခိုက်ပျက်စီးစေပြီး အသည်းအဆီဖုံးတာ အသည်းခြောက်တာ စတဲ့ အသည်းနဲ့ပတ်သတ်တဲ့ ပြဿနာတွေဖြစ်ပေါ်စေပါတယ်။

ဒါ့ကြောင့် အသည်း ကျန်းမာစေပြီး ရှိရင်းအသက်ထက် နှစ်ပေါင်း ၂၀ကျော်လောက် အသည်းကို နုပျိုပြီး ကျန်းမာနေစေဖို့ မန်ကျည်းရွက် လက်ဖက်ရည်ကို ပြုုလုပ်လိုက်ပါတယ်။

ပါဝင်ပစ္စည်း

  • မန်ကျည်းရွက် ၂၅ ရွက်
  • ရေ ၁ လီတာ

ပြုလုပ်နည်း

5

မန်ကျည်းရွက် ၂၅ ရွက်ကို ရေသေချာဆေးပြီး အိုးတစ်လုံးထဲထည့်ပါ။ ပြီးရင် ရေ တစ်လီတာထည့်ပြီး ဆူအောင်သည်ပါ။ ဆူလာပြီဆိုရင် မီးဖိုပေါ်ကချပြီးအအေးခံထားပါ။

ဒါဆိုရင် သောက်သုံးလို့ရပါပြီ။ အရသာပိုရှိစေဖို့အတွက် ပျားရည် (သို့) သကြားအညိုကို ထည့်သွင်းစားသုံးနိုင်ပါတယ်။

အသည်းကျန်းမာရေးအတွက် မနက်တစ်ကြိမ် ညနေတစ်ကြိမ် တစ်နေ့ နှစ်ကြိမ် သောက်ပါ။